Saturday, July 7, 2012
၈၈ ညသန်းခေါင် သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)
တရက်ပဲဖြစ်ဖြစ် တနာရီပဲဖြစ်ဖြစ် ဖမ်းတာက ဖမ်းတာပါပဲ။ ကျနော်တို့လည်း ခဏဆိုပြီး ထောင်ထဲမှာ ၁၆ နှစ်ကြာခဲ့ရတယ်။
မနက်ဖြန်အခမ်းအနားကိုဖျက်ဖို့ ဒီလိုလုပ်တာဆိုရင်တော့ မဖြစ်ဖြစ်အောင် လုပ်ပါမယ်။ (မင်းကိုနိုင်)
မနက်ဖြန်အခမ်းအနားကိုဖျက်ဖို့ ဒီလိုလုပ်တာဆိုရင်တော့ မဖြစ်ဖြစ်အောင် လုပ်ပါမယ်။ (မင်းကိုနိုင်)
ဗကသ ခေါင်းဆောင်တချို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ခေါ်ဆောင်သွား
ဇူလိုင်လ ၇ ရက် စနေနေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင်နေ့
အခမ်းအနားတွေ မကျင်းပဖို့ အာဏာပိုင်တွေရဲ့ တားမြစ်ခံရပြီးတဲ့နောက်
သောကြာနေ့ ညမှာ ရန်ကုန် မန္တလေးနဲ့ နယ်တချို့က ဗကသများ အဖွဲ့ချုပ်
ဖြစ်ထွန်းရေးကော်မတီ ခေါင်းဆောင်တချို့ကို သက်ဆိုင်ရာ တိုင်း၊ မြို့နယ်
ရဲအထူး သတင်းတပ်ဖွဲ့ဝင်က လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။













