Sunday, March 24, 2013
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှ တည်ငြိမ်မှုမရှိဖြစ်နေသော နောင်ရှီရာ ဒေသရှိ ဒုက္ခသည် စခန်းတစ်ခု အနီးတွင် ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၁၂ ဦး သေဆုံးပြီး ၃ဝ ခန့် ဒဏ်ရာရရှိကြောင်း မတ် ၂၁ ရက် သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဒုက္ခသည် စခန်းတွင် မကြာမီကာလက ပါကစ္စတန် အနောက်မြောက်ပိုင်း၌ တိုက်ခိုက်မှုများ ဖြစ်ပွားမှုကြောင့် အိုးအိမ်များပစ်၍ ထွက်ပြေးခဲ့ကြရသူများနှင့် အာဖဂန်ဒုက္ခသည်များ နေထိုင်ကြောင်း၊ ယင်းနေရာအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။ ကယ်ဆယ်ရေး အဖွဲ့များက ရိက္ခာများဝေငှရန် ရောက်ရှိလာသဖြင့် လူအုပ်ကြီး စုရုံးရောက်ရှိနေချိန်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုပြင်းထန်သဖြင့် ကီလိုမီတာ အနည်းငယ် အကွာအဝေးမှပင် ပေါက်ကွဲသံကို ကြားရကြောင်း၊ ဒဏ်ရာရရှိသွားသူများအား နီးစပ်ရာဆေးရုံများသို့ တင်ပို့ပေးလိုက်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း သတင်းတွင် ဖော်ပြသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment