အမေရိကန်သမ္မတရွေးပွဲ မဲဆွယ်မှု အရှိန်ပြန်ရ

Denver လေဆိပ်တွင် ကြိုဆိုသူများကို အမေရိကန်သမ္မတ အိုဘားမား နူတ်ဆက်နေစဉ် (နိုဝင်ဘာ ၁၊၂၀၁၂)

မုန်တိုင်းအလွန် နယူးယောက်နဲ့ သွားလာရေး

မြို့တော်အတွင်း ပြေးနေတဲ့ ရထားလိုင်း ၂၃လိုင်းထဲက ၁၄လိုင်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်။

တရုတ်ကွန်မြူနစ်ပါတီ ထိပ်သီး အစည်းအဝေးကျင်းပ

စည်းဝေးဆွေးနွေးနေတဲ့ နေရာတ၀ိုက်ကို လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားပါတယ်။

ခရီးသည်တင် လေယာဉ်ပေါ်၌ အနံ့ဆိုးထွက်မှုကြောင့် ပြန်လည်ဆင်းသက်ရ

 သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လေဆိပ်မှ အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်က ပျံသန်းထွက်ခွာလာသော ကင်းတက်စ်လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဥပေါ်၌ ထူးခြားသော အနံ့တစ်မျိုး ဆိုးရွားစွာ ထွက်ပေါ်လာသဖြင့် ဆစ်ဒနီလေဆိပ်သို့ ပြန်လည်ဆင်းသက်လာခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁ ရက်တွင် ဖော်ပြသည်။ ကင်းတက်စ်လေကြောင်းလိုင်းမှ အဲဘတ်စ်အေ ၃၈၀ လေယာဉ်သည် ဆစ်ဒနီလေဆိပ်မှ ပျံတက်ပြီး မိနစ် ၃၀ ခန့်အကြာတွင် ဆိုးရွားသော အနံ့တစ်မျိုး ထွက်ပေါ်လာသဖြင့် လေယာဉ်မှူးက ဆစ်ဒနီလေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာသ်သည် ယင်းနေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၁၀ မိနစ်ခန့်က ပြန်လည်ဆိုကရောက်လာခဲ့ပြီးနောက် လေဆိပ်၌ အင်ဂျင်နီယာများက အနံ့ထွက်ရှိရာနေရာကို လိုက်လံရှာဖွေ စစ်ဆေးလျက်ရှိကြောင်း ကင်းတက်စ်လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ယင်းလေယာဉ်ပေါ်မှ ခရီးသည် ၂၇၁ ဦးအား လေဆိပ်အနီး ဟိုတယ်တစ်ခုသို့ ပို့ဆောင်ကာ ယင်းည၌ အနားယူအိပ်စက်စေခဲ့ပြီး နိုဝင်ဘာ ၁ ရက် နံနက်၌ အခြားလေယာဉ်တစ်စင်းဖြင့် အစားထိုး ပျံသန်းစေခဲ့ကြောင်း၊ ခရီးသည်များ ဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိကြောင်း ၄င်းတို့က ပြောကြားသည်။
khitlunge

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်

အင်္ဂါနေ့ကတရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံးအကြိမ်အဖြစ်
 အပစ်အခတ်ရပ်ရေး တရားဝင် ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ

ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခကြောင့် ဒုက္ခရောက်သူပေါင်း ၅သောင်း ၈ထောင်ကျော်ရှိပါတယ်။