နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ
ချုပ်ငြိမ်းသွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Dipu Moni က ဒီကနေ့
ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
Saturday, June 16, 2012
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အခြေအနေငြိမ်သက်နေ၊ ကယ်ဆယ်ရေးစခန်းများ၌ လူဦးရေ သောင်းချီခိုလှုံလျက်ရှိပြီး အချို့နေရာများ၌ စားနပ်ရိက္ခာခက်အခဲဖြစ်ပေါ်
ရခိုင်ပြည်နယ်တွင်း အခြေအနေမငြိမ်သက်မှုများ ဖြစ်ပွားနေသော
စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့၌
မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အခြေအနေငြိမ်သက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
ရခိုင်ဒေသ ဒုက္ခသည်တွေကိုကူညီကြဖို့ အောက်လွှတ်တော်အမတ် Joseph Crowley တိုက်တွန်း
မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့
အဓိကရုဏ်းတွေကြောင့် ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေကို လက်မခံတဲ့
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ကို တုံ့ပြန်တဲ့ ကြေညာချက်
တစ်ရပ်ကို အမေရိကန်ကွန်ဂရက်အောက် လွှတ်တော်က မြန်မာ့အရေး ဆောင်ရွက်တာမှာ
ထင်ရှားသူ တစ်ဦးဖြစ်တဲ့ နယူးယောက် ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်အမတ်
ဂျိုးဇက် ခရော်လီ (Joseph Crowley) က ဇွန်လ (၁၅) ရက်နေ့က
ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလ ကူညီမည်
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့်
အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု များကြောင့် အိုးအိမ်မဲ့ ဖြစ်သွားရသည့်
ဒုက္ခသည် ထောင်ပေါင်းများစွားအား ကုလသမဂ္ဂမှ ကူညီထောက်ပံ့ပေးသွား မည်ဟု
ဆိုသည်။
ဇွန်လ နောက်ဆုံးပတ်တွင် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်
၂၀၁၂ခုနှစ် ဇွန်လ နောက်ဆုံး ပတ်အတွင်း ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Debit
ကတ်ဝန်ဆောင်မှု စတင်ပေးမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများ၏
ပြောကြားချက်များအရ သိရပါသည်။
မသီတာထွေးအမှု ဇွန် ၁၈ ရက်တွင် စီရင်ချက် ချဖွယ်ရှိ
ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာမှ
မသီတာထွေး အား အဓမ္မပြုကျင့်၍ ပစ္စည်းလုယက် သတ်ဖြတ်ခံခဲ့ရသည့် အမှုအား
ရက်ရွှေ့ဆိုင်းခြင်းမရှိဘဲ ဆက်တိုက် စစ်ဆေးနေခဲ့ရာ တနင်္လာနေ့တွင် စီရင်ချက်
ချနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
Euro 2012 (6/15/2012) ပွဲစဉ်ရလဒ်များ
Group D
Sweden 2 : 3 England
Ukraine 0 : 2 France
Ref; Livescore com








.2.jpg)
.1.jpg)

.2.jpg)




