ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင်
တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင် ရန် လိုလားကြောင်းကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု
ကြည်က ပြောကြားခဲ့သည်။
ထိုသို့ပြောဆိုမှုကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသောဒီလှိုင်းစာစောင် အတွဲ(၁)၊
အမှတ်(၂) ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ်စာစောင်တွင် ဖော်ပြခဲ့သည့်အင်တာဗျူး၌
ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Tuesday, January 31, 2012
မန္တလး - မြစ်ကြီးနား မီးရထား လမ်းပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲ
![]() |
မန္တလေး-မြစ်ကြီးနားရထား ဓါတ်ပုံ(ဖေ့စ်ဘုတ်) |
စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်
ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု
ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ
နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က
စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ဒီကနေ့ ကျင်းပတဲ့ နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကေ ရှန်မူဂမ်တို့က
လက်မှတ် ရေးထိုးခဲ့ပါတယ်။
AFP PHOTO/ROSLAN RAHMAN
သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ
ဝန်ကြီးချုပ် လီရှန်လုံး (၀ဲ)တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က
စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။
မြန်မာ့စီးပွားရေး ခေတ်မီရန် စင်ကာပူက ကူညီမည်
မြန်မာ့စီး
ပွားရေးကို ခေတ်မီအောင်လုပ်ရေး စင်ကာပူက အကူအညီပေးဖို့ စင်ကာပူကို
ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ စင်ကာပူဝန်ကြီးချုပ်
လီရှန်လွန်းတို့ သဘောတူခဲ့ကြပါတယ်။
ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)
စင်ကာပူနိုင်ငံကို
မနေ့က ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းနဲ့ စင်ကာပူ ဝန်ကြီးချုပ်
လီရှန်လွန်းတို့ ဒီကနေ့ သဘောတူတဲ့အထဲမှာ စင်ကာပူက မြန်မာပြည်ကို
တရားရေးစနစ်၊ ဘဏ်စနစ်နှင့်၊ ဘဏ္ဍာရေးကဏ္ဍမှာ သင်တန်းတွေ ပေးဖို့၊
စင်ကာပူရဲ့ အကောင်းဆုံး ကုန်သွယ်ရေးစနစ်၊ ခရီးသွားလုပ်ငန်းနဲ့
မြို့ပြစီမံကိန်းကို မျှဝေပေးဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။
Subscribe to:
Posts (Atom)