ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက
ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊
Tuesday, February 7, 2012
ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ငြိမ်းချမ်းရေး ပဏာမသဘောတူညီချက်ရရှိ
လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ
အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ
လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့်
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ
အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု
လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့
လစာတိုးမြှင့်ပေးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့
ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်၊
မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ
ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က
ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့
မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့
ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့
ဒီအရေးယူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံအတွက် ဘာတွေများ
အကျိုးရှိစေနိုင်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
ပြည်သူများကို ဆက်ပြီးဖိနှိပ်နေပါက အပစ်ရပ်ရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို
အစိုးရအနေနဲ့
ပြည်သူတွေကို ဆက်ပြီးဖိနှိပ်ချုပ်ချယ်တာတွေ ပြုလုပ်နေမယ်ဆိုရင် နှစ်ဖက်
သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘာမှအဓိပ္ပာယ် ရှိမှာမဟုတ်ဘူးလို့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) က
ပြောကြားလိုက်ပါတယ်။
မှန်နေရင်လည်း လက်ခုပ်တီးပြီး လက်ခံရမှာပေါ့
လာမယ့် ဧပြီ
၁ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်
မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့်
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း
ဒေါက်တာ စိုးမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာစိုး
မင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ်ဆိုတော့ အားလုံး
စိတ်ဝင်စားကြတယ်။ ပြည်တွင်းရော ပြည်ပပါ။ ဆရာ့အကြောင်းလေးလည်း
အရင်မိတ်ဆက်ပေးပါလား။
ဒေါက်တာစိုး မင်း
“ကျနော်က
တော့ ၁၉၆၂ ခုက ကန်ဘဲ့ စမ်းရွာ ကျေးရွာမှာ မွေးဖွားခဲ့တယ်။
မိဘတွေက ရန်ကုန်တက်ပြီး အလုပ်လုပ်တဲ့အခါ ၅ နှစ် သားလောက်မှာ
ရန်ကုန်တက်လာပြီးတော့ အထက (၁) လမ်းမတော် စိန်ဂျွန်းမှာ
ကျောင်းစနေတယ်။ ၉ တန်း၊ ၁၀ တန်းကို အထက (၁) လမ်းမတော်မှာ
ပြန်တက်တယ်။
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက်
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (၂၀၁၂၊ မန္တလေး)
ဖေဖော်ဝါရီ ၆ ရက်နေ့ မြင်ကွင်း
မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။
ပြည်ပရောက် နိုင်ငံရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မတီ အမြင်ဖလှယ်
ထိုင်း
-မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး
ကိုယ်စားလှယ်နဲ့ ပြည်ပရောက် နိုင်ငံရေးအဖွဲ့တွေ ဒီကနေ့
တွေ့ဆုံခဲ့ပါတယ်။
လက်ရှိ
နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေ အပြင်
ပြင်ပရောက် နိုင်ငံရေး အဖွဲ့အစည်းများအပေါ် သဘောထားတွေကို
မေးမြန်းခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်းက ပြောပါတယ်။
ငြိမ်းချမ်း
ရေးအဖွဲ့က ဝန်ကြီး ဦးအောင်မင်းက တိုင်းပြည်အတွက် အလုပ်
လုပ်ချင်သူများ ပြန်လာပြီး အလုပ်လာလုပ်ဖို့ ပြောဆိုခဲ့တယ်လို့
ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့ (အက်ဖ်ဒီဘီ)
အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချိ
ဒေါ်
အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့
ပြင်ဆင်နေချိန်မှာပဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတယ်ဆိုတဲ့
စာအုပ်တအုပ်ကို ဖေဖော်ဝါရီ လဆန်းမှာ ဖြန့်ချိလိုက်ပါတယ်။
ရွှေတိဂုံစေတီနှစ်ပေါင်း ၂၆၀၀ ပြည့်ပွဲ ကျင်းပမည်
ကမ္ဘာအံ့
ဖွယ်တပါးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့်
အထိမ်းအမှတ်ပွဲတော်ကို အစီအစဉ်မျိုးစုံနဲ့
ထူးထူးခြားခြားကျင်းပဖို့ပြင်ဆင်နေတယ်လို့ ရွှေတိဂုံဘုရား
ဂေါပကအဖွဲ့ဝင် တဦးက ပြောပါတယ်။
ပွဲ
တော်ရက်ကို လာမယ့် ဖေဖော်ဝါရီ ၂၂ ရက် တပေါင်းလဆန်း ၁ ရက်နေ့ကစပြီး
မတ်လ ၇ ရက် တပေါင်းလပြည့်နေ့ အထိ ၁၅ ရက်ကြာ ကျင်းပမှာပါ။
ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး
၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး
ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ
အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား
ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့
ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Subscribe to:
Posts (Atom)