ရန်ကုန်တိုင်း
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာအုပ်စုမှာ
အကောင်အထည်ဖော်နေတဲ့ ဇေကမ္ဘာစက်မှုဇုန် အပိုင်း ၄ ကို
ရပ်ဆိုင်းထားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ဦးခင် ရွှေ
ဦးခင်
ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုမှာ
လွန်ခဲ့တဲ့ ၂၀၁၀ ဧပြီလက လယ်သမားတွေလုပ်နေတဲ့ လယ်မြေ ၈၁၅ ဧကကို တဧက
ကျပ် ၃ သိန်းနှုန်းနဲ့ ကရုဏာကြေးအဖြစ် ပေးပြီး စက်မှုဇုန်
အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ဒီစက်မှုဇုန်
စီမံကိန်းနဲ့ ပတ်သက်လို့ လယ်သိမ်းခံရတဲ့ လယ်သမားတွေက
တိုင်ကြားခဲ့ပြီးတဲ့နောက် အဲဒီစီမံကိန်းကို ရပ်နားထားဖို့
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကို ဇေကမ္ဘာကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃
ရက်နေ့မှာ ဖတ်ပြပါတယ်။
ရန်ကုန်တိုင်း
ဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်မှာ စက်မှုဇုန်ဖော်ဆောင်ခွင့်
ပြသဖို့ လယ်မြေပေါ်မှာ စက်မှုဇုန် လုပ်ခွင့် မရှိတာကြောင့်
သီးစားချထားပေးတာကို ပြန်လည်ရုပ်သိမ်းမှာ ဖြစ်တဲ့အကြောင်း
ပါရှိပါတယ်။
တကယ်လို့ မလိုက်နာရင် အရေးယူခံရမယ် ဆိုတဲ့စာသားကို စာလက်ဝယ်ရထားသူ လယ်သိမ်းခံရတဲ့ ဆရာမ ဒေါ်အုန်းမြင့်က ခုလို ဖတ်ပြပါတယ်။
“ခွင့်
ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော်
ဆောင်ရွက်နေပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍
အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်တဲ့။”
ရန်ကုန်တိုင်း
ဒေသကြီးအစိုးရက ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာကို မခေါ်ခင်မှာ ဇေကမ္ဘာဥက္ကဋ္ဌ
ဦးခင်ရွှေနဲ့ ဒုတိယဥက္ကဋ္ဌ ဦးရွှေသီဟတို့ကို ဆင့်ခေါ်ပေမယ့် မွန်ပြည်နယ်
ဘီးလင်းမြို့ ကျိုက်ထီးဆောင်းစေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၇ အထိ
ပဉ္စင်းဝတ်နေတာကြောင့် မလာရောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်းနဲ့
ပတ်သက်လို့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။
လွန်ခဲ့တဲ့ရက်ပိုင်းအထိ လယ်သမားတွေရဲ့ လယ်ကန်သင်းတွေကို ဘူဒိုဇာနဲ့
ထိုးဖျက်နေရာကနေ အခုရက်ပိုင်းမှာတော့ ရပ်နားထားတယ်လို့ လယ်ဧက ၅၀
ပါသွားတဲ့ ဦးကျော်စိန်က ပြောပါတယ်၊။
“သူတို့
နှစ်တိုင်း တာဝန်ကျေစပါးတွေ၊ ကျနော်တို့ သီးထပ်တင်တဲ့အချိန်
သီးထပ်တင်တယ်။ စိုက်ဘဏ်တို့ ရိတ်ဘဏ်တို့ အကုန်လုံးထုတ်နေကြ။
နှစ်တိုင်းထုတ်နေကြ။ အခု သူဝင်လာနှောင့်ယှက်မှ ဦးတို့ လယ်သမားတွေ
ဘာမှ မဖြစ်တော့ဘူး။ တကယ့်လယ်သမားအစစ်ဆိုတာ ဦးတို့ လယ်သမားပါ။”
အဲဒီအချိန်က
စစ်ကောင်စီခေတ်ဖြစ်ပြီး လယ်မြေတွေကို နိုင်ငံတော်ပိုင်မြေအဖြစ်
သိမ်းမယ်လို့ သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်တာကြောင့် လယ်သမားတွေက
ဆုံးမယ့်အတူတူ ကျပ် ငွေ ၃ သိန်း ရတာကိုပဲ ကျေးဇူးတင်ခဲ့ကြတယ်လို့
ဆိုပါတယ်။
ဒါ့အပြင်
ဦးခင်ရွှေကိုယ်တိုင် စင်ပေါ်တက်ပြီး ဒီမြေတွေမှာ
ဆက်လက်လုပ်ကိုင်ခွင့် ရှိတယ်လို့ လယ်သမားတွေကို ကတိပြုပြီး မကြာခင်မှာ
လုပ်ခွင့်မပေးတော့ဘူးလို့ ၁၄ ဧက ဆုံးရှုံးခဲ့တဲ့ ဆရာမ
ဒေါ်အုန်းမြင့်က ပြောပါတယ်။
“ပိုက်ဆံပေး
တာက ကရုဏာကြေးပေးတာတဲ့၊ လယ်ဝယ်တာမဟုတ်ဘူးတဲ့။ ဦးခင်ရွှေကိုယ်တိုင်
ပြောသွားတာပဲ။ လယ်သမားတွေ ဘာမှ စိတ်မပျက်နဲ့ ဒီတိုင်းပဲလုပ်စားတဲ့။
ကျမတို့လည်း ဝမ်းသာအားရပေါ့။ ယူပြီး တနှစ်တောင် မရှိသေးခင်
တခါတည်း တံစဉ်းတွေ အကုန်ဖျက်ပြီး လယ်မလုပ်ခိုင်းဘူးလေ။”
သူတို့လယ်
မြေတွေဟာ တဧကကို ကျပ်ငွေ သိန်း ၃၀ ကနေ သိန်း ၅၀ အထိ
ပေါက်နေတာကြောင့် အစိုးရသစ်လက်ထက်မှာ သူတို့လယ်တွေမှာ
ပြန်လုပ်ခွင့်ပေးဖို့ အကြိမ်ကြိမ်တိုင်တန်းခဲ့တယ်လို့ ဦးကျော်စိန်က
ပြောပါတယ်။
တား
မြစ်ခံရတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ စက်မှုဇုန်ဟာ ဒေသခံလယ်သမားတွေ နှစ် ၂၀
ခန့် လုပ်ကိုင်စားသောက်တဲ့ မြေဖြစ်တယ်လို့ လယ်ဆုံးရှုံးခံရတဲ့
လယ်သမားတွေက ပြောပါတယ်။
DVB