Wednesday, November 28, 2012
ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြားသေ
Ever November | 11/28/2012 08:30:00 PM |
နိုင်ငံတကာသတင်း

ကချင်ပြည်နယ်အတွင်း တာလီဘန်တွေကို အသက်သွင်းနေသော ကေအိုင်အေ
Ever November | 11/28/2012 08:27:00 PM |
မြန်မာ့သတင်း

အီဂျစ်သမ္မတ အာဏာချုပ်ကိုင်မှုအပေါ် ဆန္ဒပြမှု ပိုပြင်းထန်
Ever November | 11/28/2012 08:18:00 PM |
နိုင်ငံတကာသတင်း

အကြွင်းမဲ့အာဏာကို
ကိုယ်တိုင်ပြန်လည်အပ်နှင်းတဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီကို
ဆန့်ကျင်ကန့်ကွက်သည့် တာဟီရာရင်ပြင်က ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၂၇၊ ၂၀၁၂။)
Yasser Arafat ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်
Ever November | 11/28/2012 08:15:00 PM |
နိုင်ငံတကာသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု
Ever November | 11/28/2012 08:13:00 PM |
မြန်မာ့သတင်း

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့် ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စုလွှတ် တော်မှခွင့်ပြုထားကြောင်းလွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြား
သည်။
“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီး တွေအတွက် ၁၆၉ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
၂၀၁၂-၂၀၁၃ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင်အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့်ဥယျာဉ်လုပ်သား၄၁၇ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကအိမ်လုပ်သားတစ်ဦးလျှင်ကျပ်သုံးသောင်းခံစားခွင့်ပြုထားသဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ငွေရရှိသူများမှာ နိုင်ငံတော်အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေ ပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံ သော စာရင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက်ငါးဦး၊ အိမ်အကူ ငါး ဦး နှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးအိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ် နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။
နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်းမပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံး ဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ်တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင် အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။
နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါ အ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုး သာ၊ ဒေါက်တာ ကျော်မြင့်၊ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။
အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့်ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ် ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)များဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ်အေဘယ်၊ ၀န်ထမ်းရွေး ချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စောထွန်း၊ ဗိုလ်ချုပ်စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင်န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင် မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ်လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။
၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန် အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။
“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆သန်းနဲ့ တိုင်းရင်း သားလူမျိုးရေးရာ ၀န်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်းလည်းပါ, ပါတယ်”ဟု ဦးမင်းသူက ဆိုသည်။
ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင်သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈အခြေခံ ဥပဒေအရသီးခြားခံစားပိုင်ခွင့်ရပိုင်ခွင့်များရရှိထားသောကြောင့်ဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး
က ပြောသည်။
အငြိမ်းစား ၀န်ထမ်းများကို အငြိမ်းစားပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေ ကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုးရယူနေတဲ့ အခြေ အနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ် ဆောင်ရွက် တဲ့ အပေါ်မှာ အကျိုးခံစားခွင့်ယူတယ်၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ် တွေ ရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်ဘတ်ဂျက်ကျွမ်းကျင်မှုနည်းပါးခြင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက်ရှိသောကြောင့် စွက်ဖက်၍မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကိုစိစစ်ရမည်ဟုဆုံးဖြတ်ခြင်း၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လို သောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူကပြောသည်။
“တစ်ခါတလေကိုယ်မလုပ် လိုက်နိုင်တဲ့အပေါ်မှာ ပြည်သူ့အပေါ်တာဝန်မကျေသလိုခံစားရတယ်” ဟု ၎င်းကဆို သည်။
အငြိမ်းစားပုဂ္ဂိုလ်များကိုပင်စင်လစာငွေ၊အပိုထောက်ပံ့ကြေးများ ပေးရာတွင်အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည် ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့်အရာရှိတစ်ဦးကပြောသည်။
“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ် သတ်ပါတယ်၊ အဲဒီလိုအငြိမ်းစားတွေကိုပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိ အောင်ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဆိုးမွေတွေလေ” ဟု အမည်မဖော်လို သော ၎င်းအစိုးရအရာရှိက ဆိုသည်။
ထက်နိုင်ဇော်
Venus News Weekly
လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုမှု အခြေအနေတင်းမာနေဆဲ
Ever November | 11/28/2012 08:05:00 PM |
မြန်မာ့သတင်း

ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စွမ်းအင်သုံးစွဲရန် လိုအပ်
Ever November | 11/28/2012 08:01:00 PM |
မြန်မာ့သတင်း

မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် ၆ နိုင်ငံ ၀န်ကြီးများနှင့် ADB အာရှ
ဖွံ့ဖြိုးရေးဘဏ်၏ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ
မစ္စတာ Stephen Groff တို့ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးသည့် သတင်းကို
ဖော်ပြထားသော ADB ၏ အင်တာနက် စာမျက်နှာတစိတ်တပိုင်းပုံ ဖြစ်ပါသည်။
လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်
Ever November | 11/28/2012 07:56:00 PM |
မြန်မာ့သတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ကုလ စိုးရိမ်
Ever November | 11/28/2012 07:53:00 PM |
မြန်မာ့သတင်း

Subscribe to:
Posts (Atom)