ထိုင်း-မြန်မာ
နယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေ
အပါအ၀င် တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဦး ညိုအုန်း မြင့်
ဝန်ကြီး
ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ
ဒီကနေ့မှာ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပအိုဝ်
အမျိုးသားအစည်းအရုံးတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဦးအောင်မိုးဇော်
ခေါင်းဆောင်တဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တနာရီခွဲကျော်လောက်
တွေ့ဆုံခဲ့ပြီးတော့ ပါတီရဲ့ တောင်းဆိုချက်တွေကို ငြိမ်းချမ်းရေး
အကျိုးဆောင် ဦးညိုအုန်းမြင့်က အခုလို ရှင်းပြပါတယ်။