လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။
ပုသိမ်တက္ကသိုလ်
ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။