Thursday, February 9, 2012

ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား ၀င်ရောက်လာခြင်းကြောင့် ၀န်ဆောင်မှုပိုင်းတွင် အားနည်းချက်များ ကြုံတွေ့လာ

Anonymous | 2/09/2012 09:19:00 AM | Best Blogger Tips
ပုဂံဒေသသို့ ယခုနှစ်ခရီးသွားရာသီအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် အမြောက်အမြား ၀င်ရောက်လာရာ ခရီးသွားလုပ်ငန်း၏ ၀န်ဆောင်မှုကဏ္ဍအသီးသီးတွင် အားနည်းချက်များဖြင့် ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရှိရပါသည်။

''ပုဂံတစ်ခုတည်း မဟုတ်ပါဘူး။ ဒီနှစ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အားနည်းချက်တွေက နေရာတိုင်းပဲ။ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်လက်မှတ်ကစလို့ ဟိုတယ်၊ ကား၊ ဂိုက်ဖြစ်သလို စီစဉ်ပေးလိုက်ရတာ အများကြီး။ Last minute  မှ စီစဉ်ရတဲ့ ခရီးသွားတွေ ပိုဆိုးတယ်''ဟု ရန်ကုန်မှ လာသော ကုမ္ပဏီဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။
Print Friendly and PDF

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

Anonymous | 2/09/2012 09:15:00 AM | Best Blogger Tips
ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။
Print Friendly and PDF

Wednesday, February 8, 2012

ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်

Anonymous | 2/08/2012 08:24:00 PM | Best Blogger Tips
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်နိုင်မဲ့ အခြေအနေတွေကို လေ့လာဖို့ အာဆီယံ စီးပွားရေးဆိုင်ရာအသင်း အကြံပေးပုဂ္ဂိလ်တချို့  မြန်မာနိုင်ငံကို လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲစည်းထားတဲ့ အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိချင်တာတွေကို မေးသွားခဲ့ကြပါတယ်။
Print Friendly and PDF

 မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို မတ်လကုန် ဧပြီလဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ်

Anonymous | 2/08/2012 08:15:00 PM | Best Blogger Tips
4453


၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းက ညောင်ဦးလေဆိပ်သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ၂၀၁၂ ခုနှစ် မတ်လကုန် ဧပြီလ ဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
ယင်း E-Visa စနစ်ကိုဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်နှင့် ပတ်သက်၍ လွယ်ကူမှုရှိစေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
Print Friendly and PDF

CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်

Anonymous | 2/08/2012 08:06:00 PM | Best Blogger Tips
 အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင်များထံသို့ ယခုနှစ်ထဲတွင် လာရောက်လည်ပတ်ရန် စီစဉ်နေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။
Print Friendly and PDF

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second Mobile Operator အဖြစ် လုပ်ကိုင်ရန်လျှောက်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းရာနှင့်ချီရှိ

Anonymous | 2/08/2012 08:04:00 PM | Best Blogger Tips
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second  Mobile  Operator အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း သိရသည်။
''Second  Mobile  Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ပြည်ပကဆို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ ပြည်ပကဆို ရုရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အမေရိကန်၊ ယူကေ စသဖြင့် အများကြီးပါ။ တချို့က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံချင်တယ်လို့ တင်ပြလာပြီး Business Plan တွေလည်း တင်ပြလာပါတယ်။ တချို့ကုမ္ပဏီတွေဆို Sim Card အလကားပေးမှာတောင် ရှိပါတယ်။
Print Friendly and PDF

 နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ

Anonymous | 2/08/2012 07:51:00 PM | Best Blogger Tips
နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
Print Friendly and PDF

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား

Anonymous | 2/08/2012 07:45:00 PM | Best Blogger Tips
 မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။
Print Friendly and PDF

ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ခြင်း

Anonymous | 2/08/2012 02:01:00 PM | Best Blogger Tips
ပယ်ဖျက်ခံရတဲ့ ပါတီနှစ်ခုကတော့ ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ ဖြစ်ပါတယ်။ 

မာယာများတဲ့ အကယ်ဒမီ

Anonymous | 2/08/2012 01:54:00 PM | Best Blogger Tips
၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။
Print Friendly and PDF

ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ကိုးသိန်းအားကစားကွင်း၌ လူထုအားပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

Anonymous | 2/08/2012 01:22:00 PM | Best Blogger Tips
အခုအချိန်ဟာ ကျွန်မတို့ ပါတီတည်ဆောက်နေတဲ့ အချိန်မို့လို့ ပါတီတည်ဆောက်ရေး အနေနဲ့လည်း ကျွန်မတို့လာတာဖြစ်ပါတယ်။ ဒီအပြင်မှာလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်မတို့ ပါတီရွေးကောက်ပွဲတွက်လည်း စည်းရုံးဖို့ လာခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မသိပ်ပြီးတော့ စီကာပတ်ကုံး မပြောချင်ဘူး၊ ရိုးရိုးပဲပြောချင်တာက ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ကိုထောက်ခံအားပေး မဲပေးကြပါလို့ပဲပြောချင်ပါတယ်။ (ဟေး ဟေး ဟေး လက်ခုပ်သံများ)
Print Friendly and PDF

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

Anonymous | 2/08/2012 09:47:00 AM | Best Blogger Tips
 နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုသည်။
Print Friendly and PDF

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော

Anonymous | 2/08/2012 09:36:00 AM | Best Blogger Tips
ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးတို့ကိုကြိုးစားလုပ်ဆောင်  သွားမည်ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း
ဖြစ်သည်။
“လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။
Print Friendly and PDF

Tuesday, February 7, 2012

ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို

Anonymous | 2/07/2012 09:54:00 PM | Best Blogger Tips
ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊
Print Friendly and PDF

ဗိုလ်ချုပ်​စော​ဌေး​မောင်အဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ပဏာမသ​ဘောတူညီချက်ရရှိ

Anonymous | 2/07/2012 09:50:00 PM | Best Blogger Tips
ဗိုလ်ချုပ် ​စော​ဌေး​မောင် ဦး​ဆောင်တဲ့​ ​ကေအန်ယူ/ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီနဲ့​ ကရင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပဏာမ သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ သိရပါတယ်။
Print Friendly and PDF

 လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား

Anonymous | 2/07/2012 09:48:00 PM | Best Blogger Tips
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Print Friendly and PDF

၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

Anonymous | 2/07/2012 09:45:00 PM | Best Blogger Tips
လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်၊ 
Print Friendly and PDF

မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း

Anonymous | 2/07/2012 09:41:00 PM | Best Blogger Tips
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီအရေးယူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံအတွက် ဘာတွေများ အကျိုးရှိစေနိုင်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
Print Friendly and PDF

ပြည်သူများကို ဆက်ပြီးဖိနှိပ်နေပါက အပစ်ရပ်ရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို

Anonymous | 2/07/2012 09:35:00 PM | Best Blogger Tips
အစိုးရအနေနဲ့ ပြည်သူတွေကို ဆက်ပြီးဖိနှိပ်ချုပ်ချယ်တာတွေ ပြုလုပ်နေမယ်ဆိုရင် နှစ်ဖက် သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘာမှအဓိပ္ပာယ် ရှိမှာမဟုတ်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) က ပြောကြားလိုက်ပါတယ်။
Print Friendly and PDF

မှန်​နေရင်လည်း​ လက်ခုပ်တီး​ပြီး​ လက်ခံရမှာ​ပေါ့

Anonymous | 2/07/2012 09:30:00 PM | Best Blogger Tips
လာမယ့်​ ဧပြီ ၁ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (NLD)ပါတီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ့်​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ ကိုယ်စား​လှယ်​လောင်း​ ​ဒေါက်တာ စိုး​မင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ဒေါက်တာစိုး ​မင်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ်ဆို​တော့​ အား​လုံး​ စိတ်ဝင်စား​ကြတယ်။ ပြည်တွင်း​ရော ပြည်ပပါ။ ဆရာ့​အ​ကြောင်း​လေး​လည်း​ အရင်မိတ်ဆက်​ပေး​ပါလား​။

ဒေါက်တာစိုး မင်း
“ကျ​နော်က​ တော့​ ၁၉၆၂ ခုက ကန်ဘဲ့​ စမ်း​ရွာ ​ကျေး​ရွာမှာ ​မွေး​ဖွား​ခဲ့​တယ်။ မိဘ​တွေက ရန်ကုန်တက်ပြီး​ အလုပ်လုပ်တဲ့​အခါ ၅ နှစ် သား​လောက်မှာ ရန်ကုန်တက်လာပြီး​တော့​ အထက (၁) လမ်း​မ​တော် စိန်ဂျွန်း​မှာ ​ကျောင်း​စ​နေတယ်။ ၉ တန်း​၊​ ၁၀ တန်း​ကို အထက (၁) လမ်း​မ​တော်မှာ ပြန်တက်တယ်။
Print Friendly and PDF

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက်

Anonymous | 2/07/2012 09:32:00 AM | Best Blogger Tips

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (၂၀၁၂၊ မန္တလေး) ဖေဖော်ဝါရီ ၆ ရက်နေ့ မြင်ကွင်း


မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။
Print Friendly and PDF

ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​များ​နှင့်​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီ အမြင်ဖလှယ်

Anonymous | 2/07/2012 08:53:00 AM | Best Blogger Tips
ထိုင်း ​-မြန်မာနယ်စပ်မှာ ​ရောက်ရှိ​နေတဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်နဲ့​ ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​တွေ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ သ​ဘောထား​တွေ အပြင် ပြင်ပ​ရောက် နိုင်ငံ​ရေး​ အဖွဲ့​အစည်း​များ​အ​ပေါ် သ​ဘောထား​တွေကို ​မေး​မြန်း​ခဲ့​တယ်လို့​ ​တွေ့​ဆုံခဲ့​တဲ့​ အဖွဲ့​အစည်း​က ​ပြောပါတယ်။
ငြိမ်း​ချမ်း​ ရေး​အဖွဲ့​က ဝန်ကြီး​ ဦး​အောင်မင်း​က တိုင်း​ပြည်အတွက် အလုပ် လုပ်ချင်သူများ​ ပြန်လာပြီး​ အလုပ်လာလုပ်ဖို့​ ​ပြောဆိုခဲ့​တယ်လို့​ ထိုင်း​အ​ခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အား​စုအဖွဲ့​ (အက်ဖ်ဒီဘီ) အတွင်း​ရေး​မှူး​ချုပ် ​ဒေါက်တာနိုင်​အောင်က ​ပြောပါတယ်။
Print Friendly and PDF

ဒေါ်​အောင်ဆန်း​စုကြည်ကို ပုဂ္ဂိုလ်​ရေး​အရ ထိခိုက်​စေသည့်​ စာအုပ်ဖြန့်​ချိ

Anonymous | 2/07/2012 08:48:00 AM | Best Blogger Tips
ဒေါ် ​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေချိန်မှာပဲ သူ့​ကို ပုဂ္ဂိုလ်​ရေး​အရ ​ဝေဖန်ထား​တယ်ဆိုတဲ့​ စာအုပ်တအုပ်ကို ​ဖေ​ဖော်ဝါရီ လဆန်း​မှာ ဖြန့်​ချိလိုက်ပါတယ်။
စာ ​ရေး​သူ ​အောင်မြတ်ဦး​က ​အောင်ဆန်း​စုကြည် သို့​မဟုတ် ဒီမိုက​ရေစီ လင်း​လက်ကြယ်စင် အမည်​ပေး​ထား​တဲ့​ စာအုပ်မှာ မျက်နှာဖုံး​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံ​တွေကို အသား​ပေး​ဖော်ပြထား​ပေမယ့်​ အတွင်း​ပိုင်း​ စာသား​တွေမှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ပါတယ်လို့​ အဲဒီစာအုပ်ကို ဖတ်ခဲ့​ရသူ​တွေက ​ပြောပါတယ်။
Print Friendly and PDF

ရွှေတိဂုံ​စေတီနှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ပွဲ ကျင်း​ပမည်

Anonymous | 2/07/2012 08:31:00 AM | Best Blogger Tips
ကမ္ဘာအံ့​ ဖွယ်တပါး​ဖြစ်တဲ့​ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ရဲ့​ နှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ အထိမ်း​အမှတ်ပွဲ​တော်ကို အစီအစဉ်မျိုး​စုံနဲ့​ ထူး​ထူး​ခြား​ခြား​ကျင်း​ပဖို့​ပြင်ဆင်​နေတယ်လို့​ ​ရွှေတိဂုံဘုရား​ ​ဂေါပကအဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။
“ဒီနှစ်က ​တော့​ ထူး​ထူး​ခြား​ခြား​ ​တော်​တော်များ​တယ်။ အထက်ပစ္စယံ​ရော၊​ အလယ်ပစ္စယံ​ရော၊​ ​အောက်ပစ္စယံ​ရော အကုန်လုံး​အပြည့်​ပေါ့​။ အရင်နှစ်​တွေထက် အ​တော် ထူး​ထူး​ခြား​ခြား​ လုပ်မယ်လို့​ အကြမ်း​ဖျင်း​ သိထား​ပါတယ်။ ဇာတ်​တော်ကြီး​တွေ ပြဇာတ်​လေး​တွေဝင်မယ်။”
ပွဲ​ တော်ရက်ကို လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၂ ရက် တ​ပေါင်း​လဆန်း​ ၁ ရက်​နေ့​ကစပြီး​ မတ်လ ၇ ရက် တ​ပေါင်း​လပြည့်​နေ့​ အထိ ၁၅ ရက်ကြာ ကျင်း​ပမှာပါ။
Print Friendly and PDF

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

Anonymous | 2/07/2012 08:27:00 AM | Best Blogger Tips
၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Print Friendly and PDF

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1