အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော်လွတ်တော်ပြင်ပ
နိုင်ငံရေးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးခဲ့ပြီး အခုတော့
လွတ်တော်နိုင်ငံရေးနဲ့ ပြည်သူ့တာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးအဖြစ် ဒီကနေ့ ကချင်ပြည်နယ်ကို
ရောက်နေတာလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကချင်ပြည်နယ်
ခရီးစဉ်အကြောင်းနဲ့အတူ လူထုအပေါ် တိုက်တွန်းချက်တွေကိုတော့ မသင်းသီရိက
တင်ပြထားပါတယ်။
Friday, February 24, 2012
ဒေါ်စုကို ကချင်ပြည်နယ် လူထုကြိုဆို
Anonymous | 2/24/2012 09:44:00 AM |
မြန်မာ့သတင်း
Thursday, February 23, 2012
ပင်လုံစိတ်ဓာတ် လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Anonymous | 2/23/2012 08:26:00 PM |
မြန်မာ့သတင်း
စစ်မက်ဖြစ်ပွား
နေတဲ့ ကချင်ပြည်နယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမဲဆွယ်ပြီး သူ့ကို ဒေသခံ
တိုင်းရင်းသားပြည်သူတွေက တခဲနက် ကြိုဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ-ရိုက်တာ
ဒေါ်အောင်ဆန်း
စုကြည်က ကချင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်ကို ဒီနေ့မှ
စတင်တာဖြစ်ပြီး မြစ်ကြီးနားလေဆိပ်ကနေ နမ္မတီးနဲ့
မိုးကောင်းမြို့တွေကို သွားရောက် မဲဆွယ်စည်းရုံးပါတယ်။
အသံမဲ့ (သို့) ပုန်းကွယ်နေသော အရိပ်များ
Anonymous | 2/23/2012 08:16:00 PM |
မြန်မာ့သတင်း
တရုတ်-မြန်မာနယ်စပ်က
ရွှေလီမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီး
အလုပ်သမားတွေကို တရုတ်လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်
အမြတ်ထုတ်ခံနေရတယ် ဆိုပြီး မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တစောင်
ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။
တင်တင်ညို
“အသံမဲ့
(သို့) ပုန်းကွယ်နေသောအရိပ်များ” လို့ အမည်ပေးထားတဲ့
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးသမဂ္ဂရဲ့
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်တင်တင်ညိုကို ဆက်သွယ်
မေးမြန်းထားပါတယ်။
နိုင်ငံခြားသားအလုပ်သမားများ ၀င်ရောက်မှုကို စင်ကာပူက ထပ်မံတင်းကျပ်သွားမည်
Anonymous | 2/23/2012 08:09:00 PM |
နိုင်ငံတကာသတင်း
|
စင်ကာပူ၏ အခြေခံအဆောက်အအုံမှာ ပိုမိုအကန့်အသတ်ရှိလာနေပြီး နိုင်ငံ၏
အမျိုးသားအမှတ်လက္ခဏာများမှာ ထိပါးခံနေရသဖြင့်
နိုင်ငံခြားသားအလုပ်သမားများဝင်ရောက် မှုကို ထပ်မံတင်းကျပ်သွားမည်ဖြစ်
ကြောင်း အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။
|
ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက်က နှင်းများ ထူထပ်စွာကျရောက်ခဲ့မှုကြောင့်ဟုဆိုကာ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်ချိန်များ ရွှေ့ဆိုင်းခဲ့ရ
Anonymous | 2/23/2012 08:04:00 PM |
မြန်မာ့သတင်း
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက်က ရန်ကုန်မြို့တွင်
နှင်းများထူထပ်စွာ ကျရောက်ခဲ့မှုကြောင့်ဟုဆိုကာ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့်
လေယာဉ်ချိန်များ ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့ ကိုရောက်ရှိ လူထု တခဲနက်ကြိုဆို
Anonymous | 2/23/2012 08:01:00 PM |
မြန်မာ့သတင်း
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိုးကောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မိုးကောင်းသို့ ခရီးစဉ် တစ်လျှောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်များမှ လုံခြုံရေး လိုက်ပါဆောင်ရွက် ပေးခဲ့ကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွား
Anonymous | 2/23/2012 07:59:00 PM |
မြန်မာ့သတင်း
မကြာသေးခင်က
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော်
တောင်ပိုင်းလို့ လူသိများတဲ့ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တပ်တွေနဲ့အစိုးရတပ်တွေအကြား
တိုက်ပွဲသစ်တွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-အံ့ဘုန်းမြတ်)
တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်းဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ပါဝင်သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ မြေနေရာများကို လျော်ကြေးပေးရန် သတ်မှတ်
Anonymous | 2/23/2012 07:52:00 PM |
မြန်မာ့သတင်း
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ဓာတ်ငွေ့နှင့်
ရေနံပိုက်လိုင်းများ သွယ်တန်းရန် အမ်းမြို့ နယ်အတွင်းရှိ မြေနေရာများအား
လျော်ကြေးပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင်ဇန်န၀ါရီလက ညှိနှိုင်း
ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်တက်ရောက်
Anonymous | 2/23/2012 07:47:00 PM |
မြန်မာ့သတင်း
![]() |
| မြစ်ကြီးနားလေဆိပ် (ဓါတ်ပုံ-Kyaw Swar Shayne) |
အုန်းဖျန် ဒုက္ခသည်စခန်း အိမ်ခြေ ရာချီ မီးလောင်ကျွမ်း
Anonymous | 2/23/2012 07:43:00 PM |
မြန်မာ့သတင်း
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးရက်ကို ဇွန်လ ၁၄ ရက်နေ့ထိ ပြင်ဆင်တိုးမြှင့် သတ်မှတ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးကြမည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိ
Anonymous | 2/23/2012 07:39:00 PM |
မြန်မာ့သတင်း
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားအချို့ ကို
ဇန်န၀ါရီလ အတွင်းက တွေ့ရစဉ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့်
သက်တမ်းကုန်ဆုံးကြမည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော
ရွှေ့ပြောင်း အလုပ်သမားများ ၏ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များ
ပြီးပြတ်အောင် ဆောင်ရွက်နိုင်စေရန် အတွက် အလုပ်လုပ်ကိုင်ခွင့် (Work
Permit) သက်တမ်း ကုန်ဆုံးရက်ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၄ ရက်နေ့သို့
တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း ယခုလ ၁၃ ရက်နေ့က ထုတ်ပြန် သော
ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သိရှိရသည်။
ရင်ဘတ်တူ နှလုံးသားချင်း နီးစပ်သူများရဲ့ (နှလုံးသားတွေ လှူတဲ့နေ့...)
Anonymous | 2/23/2012 10:04:00 AM |
မြန်မာ့သတင်း
နှလုံးသားခြင်းနီးစပ် ရင်ဘတ်တူ အများအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ပြည်တွင်းမှ ကြယ်တွေစုံနေပြီး ပြိုင်တူလင်းနေတဲ့နေ့တနေ့ အမှတ်တရပုံလေး
သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်
Anonymous | 2/23/2012 09:41:00 AM |
မြန်မာ့သတင်း
တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ
ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ သူရ ဦးရွှေမန်းဟာ
မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်
သွားရောက်တာဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း
Anonymous | 2/23/2012 09:32:00 AM |
မြန်မာ့သတင်း
![]() |
| DKBA |
ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘယ်မောင်းအမျိုးအစား Bus ကားနှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု
Anonymous | 2/23/2012 09:27:00 AM |
မြန်မာ့သတင်း
ဘယ်မောင်းအမျိုးအစား Bus နှင့် Truck ကားများကို လွတ်လပ်စွာ
တင်သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက
ပြောကြားခဲ့ပါသည်။
စီးပွားရေး ပိတ်ဆို့မှုသည် အဓိက ပြဿနာဟု အာဆီယံကို လုပ်ငန်းရှင်များပြော
Anonymous | 2/23/2012 09:25:00 AM |
မြန်မာ့သတင်း
စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် နိုင်ငံတကာမှ ပိတ်ဆို့မှုမှာ အဓိကပြဿနာရပ် ဖြစ်နေ
ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ပြောကြားလိုက်သည်။
အင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းစုချုပ် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ပြောကြားလိုက်သည်။
အင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းစုချုပ် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ”ဟု ဦးရွှေမန်း ပြော
Anonymous | 2/23/2012 09:22:00 AM |
မြန်မာ့သတင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော်
ကိုယ်စားလှယ်များအနေနှင့်အဂတိ ရှောင်ရှားကာ သတ္တိရှိစွာဖြင့်
ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ၌ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ၌ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)


