မော်လမြိုင်မြို့သို့ ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ
ငြိမ်းချမ်းရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင်
မော်လမြိုင်ကမ်းနားဟိုတယ်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း
ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် ငါးချက်ကို
လက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်းရရှိပါသည်။


