Tuesday, February 7, 2012

ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို

Anonymous | 2/07/2012 09:54:00 PM | Best Blogger Tips
ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊
Print Friendly and PDF

ဗိုလ်ချုပ်​စော​ဌေး​မောင်အဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ပဏာမသ​ဘောတူညီချက်ရရှိ

Anonymous | 2/07/2012 09:50:00 PM | Best Blogger Tips
ဗိုလ်ချုပ် ​စော​ဌေး​မောင် ဦး​ဆောင်တဲ့​ ​ကေအန်ယူ/ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီနဲ့​ ကရင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပဏာမ သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ သိရပါတယ်။
Print Friendly and PDF

 လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား

Anonymous | 2/07/2012 09:48:00 PM | Best Blogger Tips
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Print Friendly and PDF

၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

Anonymous | 2/07/2012 09:45:00 PM | Best Blogger Tips
လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်၊ 
Print Friendly and PDF

မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း

Anonymous | 2/07/2012 09:41:00 PM | Best Blogger Tips
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီအရေးယူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံအတွက် ဘာတွေများ အကျိုးရှိစေနိုင်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
Print Friendly and PDF

ပြည်သူများကို ဆက်ပြီးဖိနှိပ်နေပါက အပစ်ရပ်ရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို

Anonymous | 2/07/2012 09:35:00 PM | Best Blogger Tips
အစိုးရအနေနဲ့ ပြည်သူတွေကို ဆက်ပြီးဖိနှိပ်ချုပ်ချယ်တာတွေ ပြုလုပ်နေမယ်ဆိုရင် နှစ်ဖက် သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘာမှအဓိပ္ပာယ် ရှိမှာမဟုတ်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) က ပြောကြားလိုက်ပါတယ်။
Print Friendly and PDF

မှန်​နေရင်လည်း​ လက်ခုပ်တီး​ပြီး​ လက်ခံရမှာ​ပေါ့

Anonymous | 2/07/2012 09:30:00 PM | Best Blogger Tips
လာမယ့်​ ဧပြီ ၁ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (NLD)ပါတီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ့်​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ ကိုယ်စား​လှယ်​လောင်း​ ​ဒေါက်တာ စိုး​မင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ဒေါက်တာစိုး ​မင်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ်ဆို​တော့​ အား​လုံး​ စိတ်ဝင်စား​ကြတယ်။ ပြည်တွင်း​ရော ပြည်ပပါ။ ဆရာ့​အ​ကြောင်း​လေး​လည်း​ အရင်မိတ်ဆက်​ပေး​ပါလား​။

ဒေါက်တာစိုး မင်း
“ကျ​နော်က​ တော့​ ၁၉၆၂ ခုက ကန်ဘဲ့​ စမ်း​ရွာ ​ကျေး​ရွာမှာ ​မွေး​ဖွား​ခဲ့​တယ်။ မိဘ​တွေက ရန်ကုန်တက်ပြီး​ အလုပ်လုပ်တဲ့​အခါ ၅ နှစ် သား​လောက်မှာ ရန်ကုန်တက်လာပြီး​တော့​ အထက (၁) လမ်း​မ​တော် စိန်ဂျွန်း​မှာ ​ကျောင်း​စ​နေတယ်။ ၉ တန်း​၊​ ၁၀ တန်း​ကို အထက (၁) လမ်း​မ​တော်မှာ ပြန်တက်တယ်။
Print Friendly and PDF

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက်

Anonymous | 2/07/2012 09:32:00 AM | Best Blogger Tips

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (၂၀၁၂၊ မန္တလေး) ဖေဖော်ဝါရီ ၆ ရက်နေ့ မြင်ကွင်း


မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။
Print Friendly and PDF

ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​များ​နှင့်​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီ အမြင်ဖလှယ်

Anonymous | 2/07/2012 08:53:00 AM | Best Blogger Tips
ထိုင်း ​-မြန်မာနယ်စပ်မှာ ​ရောက်ရှိ​နေတဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်နဲ့​ ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​တွေ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ သ​ဘောထား​တွေ အပြင် ပြင်ပ​ရောက် နိုင်ငံ​ရေး​ အဖွဲ့​အစည်း​များ​အ​ပေါ် သ​ဘောထား​တွေကို ​မေး​မြန်း​ခဲ့​တယ်လို့​ ​တွေ့​ဆုံခဲ့​တဲ့​ အဖွဲ့​အစည်း​က ​ပြောပါတယ်။
ငြိမ်း​ချမ်း​ ရေး​အဖွဲ့​က ဝန်ကြီး​ ဦး​အောင်မင်း​က တိုင်း​ပြည်အတွက် အလုပ် လုပ်ချင်သူများ​ ပြန်လာပြီး​ အလုပ်လာလုပ်ဖို့​ ​ပြောဆိုခဲ့​တယ်လို့​ ထိုင်း​အ​ခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အား​စုအဖွဲ့​ (အက်ဖ်ဒီဘီ) အတွင်း​ရေး​မှူး​ချုပ် ​ဒေါက်တာနိုင်​အောင်က ​ပြောပါတယ်။
Print Friendly and PDF

ဒေါ်​အောင်ဆန်း​စုကြည်ကို ပုဂ္ဂိုလ်​ရေး​အရ ထိခိုက်​စေသည့်​ စာအုပ်ဖြန့်​ချိ

Anonymous | 2/07/2012 08:48:00 AM | Best Blogger Tips
ဒေါ် ​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေချိန်မှာပဲ သူ့​ကို ပုဂ္ဂိုလ်​ရေး​အရ ​ဝေဖန်ထား​တယ်ဆိုတဲ့​ စာအုပ်တအုပ်ကို ​ဖေ​ဖော်ဝါရီ လဆန်း​မှာ ဖြန့်​ချိလိုက်ပါတယ်။
စာ ​ရေး​သူ ​အောင်မြတ်ဦး​က ​အောင်ဆန်း​စုကြည် သို့​မဟုတ် ဒီမိုက​ရေစီ လင်း​လက်ကြယ်စင် အမည်​ပေး​ထား​တဲ့​ စာအုပ်မှာ မျက်နှာဖုံး​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံ​တွေကို အသား​ပေး​ဖော်ပြထား​ပေမယ့်​ အတွင်း​ပိုင်း​ စာသား​တွေမှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ပါတယ်လို့​ အဲဒီစာအုပ်ကို ဖတ်ခဲ့​ရသူ​တွေက ​ပြောပါတယ်။
Print Friendly and PDF

ရွှေတိဂုံ​စေတီနှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ပွဲ ကျင်း​ပမည်

Anonymous | 2/07/2012 08:31:00 AM | Best Blogger Tips
ကမ္ဘာအံ့​ ဖွယ်တပါး​ဖြစ်တဲ့​ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ရဲ့​ နှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ အထိမ်း​အမှတ်ပွဲ​တော်ကို အစီအစဉ်မျိုး​စုံနဲ့​ ထူး​ထူး​ခြား​ခြား​ကျင်း​ပဖို့​ပြင်ဆင်​နေတယ်လို့​ ​ရွှေတိဂုံဘုရား​ ​ဂေါပကအဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။
“ဒီနှစ်က ​တော့​ ထူး​ထူး​ခြား​ခြား​ ​တော်​တော်များ​တယ်။ အထက်ပစ္စယံ​ရော၊​ အလယ်ပစ္စယံ​ရော၊​ ​အောက်ပစ္စယံ​ရော အကုန်လုံး​အပြည့်​ပေါ့​။ အရင်နှစ်​တွေထက် အ​တော် ထူး​ထူး​ခြား​ခြား​ လုပ်မယ်လို့​ အကြမ်း​ဖျင်း​ သိထား​ပါတယ်။ ဇာတ်​တော်ကြီး​တွေ ပြဇာတ်​လေး​တွေဝင်မယ်။”
ပွဲ​ တော်ရက်ကို လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၂ ရက် တ​ပေါင်း​လဆန်း​ ၁ ရက်​နေ့​ကစပြီး​ မတ်လ ၇ ရက် တ​ပေါင်း​လပြည့်​နေ့​ အထိ ၁၅ ရက်ကြာ ကျင်း​ပမှာပါ။
Print Friendly and PDF

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

Anonymous | 2/07/2012 08:27:00 AM | Best Blogger Tips
၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Print Friendly and PDF

Monday, February 6, 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း

Anonymous | 2/06/2012 11:06:00 AM | Best Blogger Tips

ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။

Print Friendly and PDF

"နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်"

Anonymous | 2/06/2012 10:59:00 AM | Best Blogger Tips
ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ)
 နိုင်ငံခြားဖုန်းခေါ်ဆိုခ နှုန်းထားများကို ဖေဖော်ဝါရီလကုန်တွင် လျှော့ချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ဈေးနှုန်းမည်မျှ လျှော့ချမည်ကို ညှိနှိုင်းဆဲဟု ၄င်းကပြောသည်။
''မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေနဲ့ လက်ရှိအနေအထား အရ လူတိုင်းနီးပါးအလွယ်တကူ ဖုန်းကိုင်ဆောင်နိုင်အောင် မလုပ် နိုင်သေးပေမယ့် ဖုန်းအလွယ်တကူ ကိုင်ဆောင်နိုင်ဖို့နဲ့ ခေါ်ဆိုခနှုန်းထား တွေ လျှော့ချဖို့အတွက်တော့ အဆင့်ဆင့်ဆောင်ရွက်ထားပါတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက် ပြောသည်။
Print Friendly and PDF

အစိုးရ​ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်ပ အခြေစိုက် အဖွဲ့များတွေ့

Anonymous | 2/06/2012 10:56:00 AM | Best Blogger Tips
ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း​ ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ပအခြေစိုက်​ အဖွဲ့အစည်းတွေ​ အပါအ၀င် တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဦး ညိုအုန်း မြင့်
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မှာ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပအိုဝ် အမျိုးသားအစည်းအရုံးတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တနာရီခွဲကျော်လောက်​ ​တွေ့ဆုံခဲ့ပြီးတော့ ပါတီရဲ့​ ​တောင်းဆိုချက်တွေကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က အခုလို ရှင်းပြပါတယ်။
Print Friendly and PDF

"မြန်မာသို့ ဟီလာရီ လာရောက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားခြင်းကြောင့် အမေရိကန် ဧည့်အ၀င် များလာ"

Anonymous | 2/06/2012 10:51:00 AM | Best Blogger Tips

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက် ခဲ့ခြင်းနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင် စားခြင်းကြောင့် အမေရိကန်ခရီးသွားဧည့်ဝင်ရောက်မှု ၄ဝ ရာခိုင်နှုန်း တိုးလာကြောင်း ခရီးသွား လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များထံမှ သိရသည်။
”သူတို့အတွက် ကတော့ အစိုး ရက မိဘပဲလေ။ ကလင်တန် ကိုယ်တိုင် လာတဲ့အခါကျတော့ မြန်မာပြည်လမ်းက ပွင့်သွားတယ်။
Print Friendly and PDF

 ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ချွင်းချက်မရှိ မဆိုင်းမတွ လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆို

Anonymous | 2/06/2012 10:49:00 AM | Best Blogger Tips
tomas


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီ လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

Print Friendly and PDF

၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် ပေါ်ပေါက်ရေးလှုပ်ရှားမှု (ဓါတ်ပုံ)

Anonymous | 2/06/2012 10:42:00 AM | Best Blogger Tips

ဘားကန့် မန္တလေးမှာ ကျွန်တော်တို့ ၅၀၀၀ ကျပ်တန် ဆင်းကပ် အတွက် လုပ်ခဲ့တဲ့ စတစ်ကာ ကမ်းပေ့ ရဲ့ စတစ်ကာလေးတွေ လူအတော်တော် များများရဲ့ ရင်ဘတ် နှလုံးသာပေါ်မှာရော လက်တော့ နဲ့ အိုင်ပက် အပြင် တက်ဘလက်ပေါ် အပြင် ဖုန်းနောက်ကျော မှာ ကပ်ထားတဲ့အပြင် ဆိုင်ကယ် ကား တွေမှာမြင်နေရတယ် အောက်ကိုကျလို့ တက်နင်းသွားတဲ့ စတစ်ကာ မမြင်ရတာ ဝမ်းသာလို့ မဆုံးပါဘူး ။ 

ခွန်လင်းလင်းထက်

Myanmar News Now 
 
From သစ်ထူးလွင်(MNN)


နိုင်ငံတကာ စောင့်ကြည့်ခွင့်ပြုရေး ရွေးကောက်ပွဲ ကော်မရှင်စဉ်းစား

Anonymous | 2/06/2012 10:36:00 AM | Best Blogger Tips
မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိနေတဲ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တောမတ်စ်အိုဟေးကင်တားနား (Tomas Ojae Quintana) က ပြောလိုက်ပါတယ်။
Print Friendly and PDF

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် လူများမှာကို တိုင်းဝန်ကြီးချုပ်မလိုလား

Anonymous | 2/06/2012 10:22:00 AM | Best Blogger Tips

လာမည့် ၇ ရက်နေ့ ပုသိမ်မြို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အတွက် အန်အယ်လ်ဒီမှ လက်ကမ်းကြော်ညာ
ယခုလ ၇ ရက်နေ့ တွင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပုသိမ်ခရီးစဉ်အတွင်း လူပရိတ်သတ်များပြားမည့် အဖြစ်ကို မလိုလားသည့် တိုင်းဝန်ကြီးချုပ်က ကျောင်းသားနှင့် မြို့ခံလူထုအားအခြားသော ပွဲ အစီအစဉ်များ စီစဉ်ကာ ဆွဲဆောင်လျှက်ရှိသည်။ 
Print Friendly and PDF

ကိုရီးယား-မြန်မာ ငွေလွဲ ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီးထွက်ပြေးတိမ်းရှောင်

Anonymous | 2/06/2012 10:11:00 AM | Best Blogger Tips
ကိုရီးယားဝမ်ငွေ
 တောင်ကိုရီးယားနိုင်ငံတွင်မြန်
မာပြည်သို.ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော
နိုင်သားလေး(ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com)ဆိုသူ
သည် ။
Print Friendly and PDF

Sunday, February 5, 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့​အခွင့်အရေး ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ လုပ်

Anonymous | 2/05/2012 07:37:00 PM | Best Blogger Tips
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်  တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
သူ့ရဲ့ မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တဦးက​ …
မစ္စ​တာ​ကင်​တား​နား​​ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​ ​ပြု​လုပ်​နေ​စဉ်​ (ဓာတ်​ပုံ-ရိုက်တာ)
“အီလက်ထရောနစ် ဥပဒေတွေနဲ့ ပတ်သက်ပြီး သူပြောသွားတယ်။ ဒီဥပဒေတွေ​ ​ပြင်ရမယ်လို့ ပြောသွားတယ်။ အကျဉ်းသားကိစ္စတွေလည်း​ ​အများကြီးပဲ ​ ​ ​ပြောတယ်။ ​ပြန်လွတ်လာတဲ့သူတွေနောက် တကောက်ကောက်နဲ့ စောင့်ကြည့်နေ တာတွေ​ ​ထောက်ပြပြီး သူကြားနေရတယ်ပေါ့ အဲဒါ ပြောတယ်။ အသေးစိတ်ကတော့ မပါဘူး။ ဒါပေမယ့် တော်တော်များတယ်။
Print Friendly and PDF

အကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲ​ ​ကျင်း​ပ

Anonymous | 2/05/2012 07:35:00 PM | Best Blogger Tips
မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရား ကင်းဝေးရေး  စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးခမ်းမမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
Print Friendly and PDF

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ ပါ​တီစည်းရုံးရေး ခရီးထွက်မည်

Anonymous | 2/05/2012 07:31:00 PM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးကို ဖေဖော်ဝါရီ ၇ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၊ ညနေပိုင်းမှာတော့ မြောင်းမြမြို့က မီတာလေးရာ အားကစားကွင်းတို့မှာ လူထု ဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း ပုသိမ်မြို့က ကျောက်တိုင် အားကစားကွင်းမှာ ဟောပြော စည်းရုံးခွင့်ပြုဖို့ ခွင့်တောင်းရာမှာ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ပေမယ့် တိုင်း ကော်မရှင်ဘက်က မမှားပါဘူးလို့  ဦးကျော်ဟိုးက ခုလို ပြောပြပါတယ်။
Print Friendly and PDF

ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ

Anonymous | 2/05/2012 07:22:00 PM | Best Blogger Tips
အရင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဘက်မှာ အစိုးရစစ်တပ်တွေ ရုပ်သိမ်းသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အရင်နေရာတွေမှာပဲ ရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
Print Friendly and PDF

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1