Friday, February 3, 2012

The Lady ရုပ်ရှင် ထိုင်းနိုင်ငံတွင် ရုံတင်ပြီ

Anonymous | 2/03/2012 09:47:00 AM | Best Blogger Tips
မြန်မာ့ ​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ ရိုက်ကူး​တင်ပြထား​တဲ့​ The Lady ရုပ်ရှင် ထိုင်း​နိုင်ငံမှာ ရုံတင်ပြသ​နေပါတယ်။
The Lady ရုပ်ရှင်ကား​ကို ထိုင်း​နိုင်ငံအနှံ့​က Major Cineplex ရုပ်ရှင်ရုံ​တွေမှာ ​ဖေ​ဖော်ဝါရီလ ၂ ရက်ကစပြီး​ တပြိုင်တည်း​ ပြသ​နေတာပါ။ ဒီရုပ်ရှင်ကား​ကို ဘန်​ကောက်မြို့​ စယမ်ဖာဝါလိုင် ရုပ်ရှင်ရုံမှာ ဇန်နဝါရီလ ၃၁ ရက်​နေ့​က ဖွင့်​ပွဲကျင်း​ပခဲ့​တာပါ။
ဒီဖွင့်​ ပွဲကို ရုပ်ရှင်ဒါရိုက်တာ လုခ်ဘက်စန်က ​ဒေါ်​အောင်ဆန်း​စုကြည်အဖြစ် သရုပ်​ဆောင်သူ မင်း​သမီး​ မစ်ချယ်ယိုတို့​နဲ့​အတူ ထိုင်း​ဝန်ကြီး​ချုပ် မစ္စရင်လတ်ရှင်နာဝါထရာ တက်​ရောက် ဖွင့်​လှစ်ခဲ့​ကြပါတယ်။

The Lady ရုပ်ရှင်ကား​မှာ ထိုင်း​နိုင်ငံ Siam Movie ကုမ္ပဏီရဲ့​ အစီအစဉ်နဲ့​ မြန်မာနိုင်ငံသား​တွေကိုလည်း​ သရုပ်​ဆောင်​တွေအဖြစ် ​ရွေး​ချယ်ရိုက်ကူး​ခဲ့​တာ ဖြစ်ပါတယ်။
ထုတ်လုပ်​ရေး​ ညှိနှိုင်း​စီစဉ်​ဆောင်ရွက်သူ မစ္စစ်ပက်က ရုပ်ရှင်မှာ ပါဝင် သရုပ်​ဆောင်တဲ့​ မြန်မာသရုပ်​ဆောင်​တွေ သရုပ်​ဆောင် ​ကောင်း​ကြတယ်လို့​ ဆိုပါတယ်။
အန်အယ်လ်ဒီပါတီ ​ခေါင်း​ဆောင် တဦး​ဖြစ်သူ ဦး​ကြည်​မောင်အဖြစ် သရုပ်​ဆောင်ခဲ့​သူ ဆရာဦး​သိန်း​ဝင်း​က The Lady ရုပ်ရှင်နဲ့​ ပတ်သက်ပြီး​ ခုလို​ပြောပါတယ်။
“ကျ​နော်တို့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင်​ပေါ့​နော်။ ​နောက် လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဘဝ တစိတ်တပိုင်း​က ရုပ်ရှင်အ​နေနဲ့​ ဖြစ်သွား​တဲ့​အခါမှာ။ တကမ္ဘာလုံး​က ​ဒေါ်စုရဲ့​ ဘဝ တစိတ်တပိုင်း​ကို အား​လုံး​ သိခွင့်​ရသွား​တဲ့​အတွက်။ ကျ​နော်တို့​ကြား​ရတာ ​တော်​တော် စိတ်​ကျေနပ် ပါတယ်ခင်ဗျ။ ဒီရုပ်ရှင်ကို သရုပ်​ဆောင်ရတာ ကျ​နော်အများ​ကြီး​ ဝမ်း​မြောက်ပါတယ်။”
ဒီရုပ်ရှင်ကို လာမယ့်​သီတင်း​ပတ် အလုပ်ပိတ်ရက်​တွေမှာ ကြည့်​ရှုအား​ပေး​ကြဖို့​ ထိုင်း​နိုင်ငံ​ရောက် မြန်မာအလုပ်သမား​တွေက ပြင်ဆင်​နေကြတယ်လို့​ မြန်မာအလုပ်သမား​ ကူညီ​ရေး​လုပ်​ဆောင်​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ရဲ့​ မဇာက ​ပြောပါတယ်။
“အခု ရုံတင်​နေပြီ။ ဒီမဟာချိုင်း​ Big C (ကုန်တိုက်) မှာ။ မြန်မာ​တွေက ခု လက်မှတ် ကြိုတင်သွား​ဝယ်ကြတယ်။ ကြည့်​ဖို့​။ တနင်္ဂ​နွေ​နေ့​ကျရင် လူတိုး​မှာ ​ကြောက်လို့​တဲ့​။ တနင်္ဂ​နွေ​နေ့​ကျရင် အလုပ်သမား​တွေအကုန် အလုပ်နား​ကြတယ်။ လူများ​မှာစိုး​လို့​ လက်မှတ်ကြိုတင် ဝယ်ထား​ကြတယ်။”
၂ နာရီ​ကျော်ကြာတဲ့​ The Lady ရုပ်ရှင်ကား​ကို ၂၀၁၀ ခုနှစ် ကုန်ပိုင်း​က ဘန်​ကောက်မှာ ရိုက်ကူး​ခဲ့​တာပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်အဖြစ် သရုပ်​ဆောင်တဲ့​ မစ်ချယ်ယိုဟာ တရုတ်သိုင်း​ကား​တွေ၊​ ရာဇဝင်ကား​တွေအပြင် ဂျိမ်း​စဘွန်း​ ကား​တွေနဲ့​ နာမည်ကြီး​ခဲ့​သူ ဖြစ်ပါတယ်။ သူဟာ မ​လေး​နိုင်ငံဖွား​ တရုတ်အမျိုး​သမီး​ဖြစ်ပြီး​ အင်္ဂလန်မှာ ကြီး​ပြင်း​သူဖြစ်ပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ခင်ပွန်း​ မိုက်ကယ်အဲရစ်အဖြစ် Harry Potter ရုပ်ရှင်ကား​မှာ ပါဝင် သရုပ်​ဆောင်ခဲ့​သူ ​ဒေး​ဗစ်သျူး​လစ်စ်က သရုပ်​ဆောင်ထား​ပါတယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1