ဤကာလအတွင်း သင့်အတွက် ထူးခြားမှု ၃ ခုဖြစ်ပေါ်မည်။ တိုးတက်မှု ၃ ခု ရှိမည်။ ပြောင်းလဲမှု ၂ ခုရှိမည်။ ထို့ကြောင့် စိတ်တည်ငြိမ်မှု ရှိရမည်။ ထူးခြားမှု ၃ ခုမှာ(၁) အကြီးအကဲ ၏ ငြိုငြင်ရာမှ အရေးပေးမြှောက်စားမှု(၂) အကောင်းမထင် အမြင်မကြည် သူများ အဆင်ပြေကြည်ဖြူလာမည်။(၃) အဆင်မပြေနေသော ချစ်သူနှင့်အဆင်ပြေချစ်ပန်းပွင့်လာပါမည်။ တိုးတက်မှု ၃ ခုမှာ (၁) ၀င်ငွေတိုးတက်မှု(၂)စီးပွားရေးလုပ်ငန်းတိုးတက်မှု (၃) ရာထူးတိုးတက်မှုတို့ဖြစ်မည်။ ပြောင်းလဲမှု ၂ ခုမှာ စက်၊မြေ၊အိမ်ပြောင်းလဲမှုနှင့်ကိုယ့်ရဲ့စိတ်ဓာတ်နှင့်ဆက်ဆံမှုတို့ကောင်းသောဘက်သို့ပြောင်းလဲလာမည်ဟု
ပင်ဖြစ်ပါသည်။ခရီးယာယီတွေများမည်။အလုပ်မဟုတ်တာတွေလည်းလုပ်ရပါမည်။လူမှုရေးတွေရှုပ်မည်။
ချစ်သူနှင့်လည်းစွဲလန်းမှုလွန်ရာမှ လက်ထပ်ဖြစ်ပါမည်။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။
အထူးဟော- မင်္ဂလာရှိသော အခါသမယ ဖြစ်ပါသည်။
ယတြာ- တနင်္ဂနွေနံဘုရား တနင်္ဂနွေနံနက် တွင် သစ္စာပန်း ဖြစ်လှူဒါန်းပြီး ဆုတောင်းပါ။ မုချပြည့်မည်။
တနင်္လာ
ဤကာလတွင် သင့်အတွက် ကံကောင်းခြင်း ၃ မျိုး နှင့် အောင်မြင်ခြင်း ၃ မျိုးပြောင်းလဲမှု ၂ ခု မုချကြုံမည်။ ပြောင်းလဲမှု့ တွေရှိမှာဖြစ်၍ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရမည်။ ကံကောင်းခြင်း ၃ မျိုးမှာ (၁) အလုပ်အကိုင် ကံကောင်းခြင်းဖြစ်၍ သင့်ဆန္ဒ တွေ သင့်လူကြီးအရာရှိက လိုက်လျောညီတူမှု့မုချရမည်။ (၂) ၀င်ငွေကံကောင်းခြင်းဖြစ်၍ မြေ ၊ စက် ၊ ကားရောင်းထွက်ခြင်း နှင့် ရစရာငွေတို့ ၀င်လာခြင်းဖြစ်မည်။ (၃) သင့်ချစ်ရသောသူနှင့် လက်ထပ်ဖြစ်ပါမည်။ အောင်မြင်ခြင်း ၃ မျိုး မှာ (၁) ဤ ကာလအတွင်း သင်ဖြေသော စာမေးပွဲတွေ မုချအောင်မြင်မည်။ (၂) သင်၏ ဆန္ဒတွေ ရည်မှန်းချက်တွေ အကောင်အထည်ဖော်အောင်မြင်မည်။ (၃) စီးပွားရေး လုပ်ငန်းတွေ မုချအောင်မြင်လာမည်။ ပြောင်းလဲမှု ၂ခုမှာ-(၁)နေရာဒေသပြောင်းလဲမှုနှင့်(၂)လုပ်ငန်းပြောင်းလဲတို့မုချဖြစ်လာမည်။ခရီးများမည်။ကိုယ့်အရေး
ထက်သားချင်ဆွေမျိုးအရေးတွေပိုလုပ်ဖြစ်မည်။ မလိုအပ်သော ငွေကုန်ကျမှုတွေ ဖြစ်မည်။ ကံကောင်းနေ၍ ထီထိုးပါ။ ပေါက်ကိန်းမြင်သည်။ ထီပေါက်လျှင် ၃ ပုံ ၁ ပုံ ကိုလှူဒါန်းပါ။
အကျိုးပေးဂဏန်း - ၂ ၊ ၅ ၊၇။
အထူးဟော - သင့်ကံကောင်းပါပြီ။
ယတြာ-တနင်္လာနံ ဘုရားကို တနင်္လာနေ့ နံနက်တွင် ကံ့ကော် ၁၀ ညွန့် ကပ်လှူပြီး ဆုတောင်းပါ။ မုချပြည့်မည်။
အင်္ဂါ
ဤကာလတွင်သင့်အတွက်စိတ်ချမ်းသာမှု၃မျိုး၊တိုးတက်မှု၂မျိုး၊ပြောင်းလဲမှု၁မျိုး မုချ ဖြစ်မည်။အောင်မြင်မှု ၊တိုးတက်မှုများ၊ပြောင်းလဲမှုများမြန်ဆန်၍စိတ်ဓာတ်ကြံ့ခိုင်မှုတော့ရှိသင့်ပါသည်။
စိတ်ချမ်းသာမှု(၃)မျိုးမှာ(၁)သင်၏အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေသွားလိမ့်မည်။(၂)သင်ဆောင်
ရွက်ထားသောသင့်အလုပ်ရှင်နှင့်ဆက်စပ်သောဆက်ဆံထားသောပုဂ္ဂိုလ်တို့၏ကောင်းချီးဆုလာဘ်
တစ်ခုရပါမည်။(၃)သင်၏ရည်မှန်းချက်တွေအောင်မြင်မှုရ၍စိတ်ချမ်းသာမှုမုချရလိမ့်မည်။တိုးတက်
မှု(၂)မျိုးမှာ(၁)အလုပ်အကိုင်ရာထူးတိုးတက်မှုဖြစ်မည်။(၂)စီးပွားရေးဝင်ငွေတိုးတက်မှုရမည်။ပြောင်း
လဲမှု(၁)မျိုးမှာအဆင့်အတန်းမြင့်မားမှုဖြင့် တာဝန်ပြောင်းလဲကိုင်တွယ်ရမှု မုချဖြစ်လာပါမည်။ သင်၏ စိတ်တွေကောင်းရာဘက်သို့ မုချပြောင်းလဲမှုဖြစ်မည်။
အကျိုးပေးဂဏန်း - ၃ ၊ ၈ ၊ ၁ ။
အထူးဟော-အောင်မြင်မှုရမည်။
ယတြာ- အင်္ဂါနံဘုရားကို အင်္ဂါနေ့နံနက်တွင် သစ္စာပန်း ၈ ခုဖြင့် လှူ၍ ဆုတောင်းပါ။ မုချပြည့်ပါမည်။
ဗုဒ္ဓဟူး
ဤကာလအတွင်း သင့်အတွက် အောင်မြင်မှု (၃) မျိုး ၊ ကံကောင်းခြင်း ၂ မျိုးပြောင်းလဲမှု ၁ မျိုး မုချဖြစ်လိမ့်မည်။ထို့ကြောင့်စိတ်မြန်ပြီးဆန္ဒမစောပါနှင့်။အားနာတတ်သူဖြစ်လို့စဉ်းစားသုံးသပ်ပြီးမှဆုံးဖြတ်
ချက် ချလျှင်ပိုကောင်းပါမည်။
အောင်မြင်မှု (၃) မျိုးမှာ (၁) သင်စာမေးပွဲအောင်မြင်မည်။ (၂) အလုပ်အကိုင် စီးပွားရေးအောင်မြင်မည်။ ရာထူးတက်လစာတိုးမည်။(၃)အချစ်ရေးအောင်မြင်၍လက်ထပ်ဖြစ်မည်။ကံကောင်းခြင်း(၂)မျိုးမှာ-(၁)ပွတ်
ကာသီကာမင်းဘေးမှလွတ်မြောက်ခြင်း၊(၂)ပွတ်ကာသီကာအန္တရာယ်ဘေးမှလွတ်မြောက်ခြင်းတို့ဖြစ်မည်။
ပြောင်းလဲမှု(၁)မျိုးမှာကောင်းသောတိုးတက်မြင့်မားမှုတို့မုချဖြစ်မည်။ခရီးဝေးယာယီတို့သွားဖြစ်မည်။သူတစ်
ပါးအထင်လွဲအပြစ်တင်ခြင်းမှကင်းလွတ်ပြီး ကံကောင်းအောင်မြင်မည်။
အကျိုးပေးဂဏန်း- ၄၊ ၈၊၉။
အထူးဟော-သင်လုံးဝကံကောင်းပြီ။
ယတြာ-ဗုဒ္ဓဟူးနေ့ နံနက်တွင် မြတ်စွာဘုရားရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။ လိုရာဆုပန်ပါ။ မုချအောင်မြင်မည်။
ကြာသပတေး
ဤ ကာလအတွင်း သင့်အတွက် ထူးခြားချက် ၃ ခုနှင့် အောင်မြင်မှု၂ ခု၊ ပြောင်းလဲမှု ၂ ခု မုချဖြစ်မည်။ အပေါင်းအသင်း ရွေးပေါင်းတတ်ပြီး ငါသိငါတတ် ငါဆရာလုပ်တတ်သော သင့်ရဲ့ စိတ်ဓာတ်ကို ဆန္ဒမစောဘဲ စိတ်အေးချမ်းစွာဖြင့် ကံစီမံပေးသော လမ်းအတိုင်းလျှောက်လှမ်းလိုက်ပါ။
ထူးခြားချက် ၃ ခုမှာ (၁) ရန်သူလို ဆက်ဆံနေသောသူတို့ မိတ်ဆွေ ဖွဲ့လာမည်။ (၂) မုန်းနေသော ချစ်သူတို့ ပြန်ချစ်လာမည်။ (၃) မအောင်မြင်တော့ဟုထင်ထားသောစာမေးပွဲတို့မုချအောင်မြင်လာမည်။မတက်ဟုထင်ထားသောရာထူးတို့မု
ချတက်လာမည်ဖြစ်ပါသည်။အောင်မြင်မှု၂ခုမှာ(၁)သင့်ဆန္ဒတွေအောင်မြင်လာပြီး(၂)သင်ဆောင်ရွက်မှု
များအောင်မြင်တိုးတက်လာမည်။
ပြောင်းလဲမှု၂ခုမှာနေရာဒေသပြောင်းလဲမှုနှင့်အလုပ်အကိုင်ပြောင်းလဲမှုတို့မုချဧကန်ဖြစ်မည်။အချစ်ရေးမှ အိမ်ထောင်ရေးသို့ပြောင်းလဲပြီးလက်ထပ်မင်္ဂလာ စည်ကားစွာပြုလုပ်ဖြစ်ပါမည်။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၃။
အထူးဟော- သင်ကံကောင်းလာပြီ။
ယတြာ-ကြာသပတေးနေ့နံနက် တွင် ကြာသပတေးနံဘုရားကို အောင်သပြေ ၁၉ ညွန့် ကပ်၍ ဆုတောင်းပါ။ မုချပြည့်မည်။
သောကြာ
ဤကာလအတွင်း သင်၏ကံဇာတာမှာကောင်းခြင်း မင်္ဂလာ ၃ မျိုး နှင့် အောင်မြင်မှု၂ မျိုးပြောင်းလဲမှု၂မျိုးမုချစံစားရပါမည်။သင်သည်စိတ်မြန်ပြီးတခါတရံတယူသန်တတ်လွန်း၍တဇွတ်ထိုးလုပ်
တတ်သောကြောင့်ဆင်ခြင်ပါ။လွတ်လပ်မှု လိုလားပြီး တခါတလေ မည်သူကိုမှ မတိုင်ပင်ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်တတ်၍ ဆင်ခြင်ပါ။ သံယောဇဉ်ကြီးပြီး တစ်ယောက်မက ချစ်တတ်၍ ဆင်ခြင်ပါ။
ကောင်းခြင်းမင်္ဂလာ (၃) ခုမှာ (၁) ကိုယ်ချစ်ရသောသူနှင့် လက်ထပ်မင်္ဂလာပြုဖြစ်မည်။ (၂) စီးပွားတက်ဝင်ငွေကောင်းလာမည်။ (၃) အလုပ်ရာထူးတက်ပြီးပြောင်းရမည်။ (သို့မဟုတ်) အလုပ်ရာထူးကြီးတစ်ခုမုချရပါမည်။ အောင်မြင်မှု၂မျိုးမှာ(၁)စာမေးပွဲအောင်မြင်ခြင်း၊အင်တာဗျူးအောင်မြင်ခြင်း၊(၂)ယခင်ကဆောင်ရွက် ထားသည့်ကိစ္စတွေအောင်မြင်လာမည်ဖြစ်ပါသည်။ပြောင်းလဲမှု၂မျိုးမှာ(၁)အလုပ်အကိုင်တိုးတက်ပြောင်း
လဲမှုနှင့်(၂) နိမ့်ရာမှမြင့်ရာသို့ ပြောင်းလဲမှုမုချဖြစ်လာပါမည်။
အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊၁။
အထူးဟော- အောင်မြင်မှုဖြစ်မည်။
ယတြာ- သောကြာနံဘုရားကို သောကြာနေ့နံနက်တွင် အုံးဆွမ်းနှင့် အကြော် ၂၁ ခုကပ်ပါ။ မုချ ဆုတောင်းပြည့်မည်။
စနေ
ဤကာလအတွင်း သင်၏ ကံဇာတာမှာ အောင်မြင်ခြင်း ၃ မျိုး ၊ ကံကောင်းခြင်း ၂ မျိုး ၊ပြောင်းလဲမှု၂မျိုးမုချဖြစ်မည်။အရာရာစိတ်ထားမြင့်မြတ်ပြီးသူတစ်ပါးအပေါ်နစ်နာခံမှုမိသားစုအပေါ်နစ်နာခံ
တတ်ပြီးခွင့်လွှတ်တတ်သူဖြစ်ခြင်းကြောင့်နှင့်စိတ်မြန်ခြင်းဆန္ဒစောခြင်းတို့ကြောင့်ဆင်ခြင်သုံးသပ်သင့်သော
ကာလဖြစ်ပါသည်။
အောင်မြင်ခြင်း၃မျိုးမှာ(၁)စာမေးပွဲဖြေဆိုအောင်မြင်ခြင်း(သို့မဟုတ်)အင်တာဗျူးဖြေဆိုအောင်မြင်ခြင်း(၂)
သင်ဆောင်ရွက်ထားသောအရာများအောင်မြင်ခြင်း(၃)သင့်ဆန္ဒတွေအောင်မြင်ပြည့်စုံလာခြင်းတို့မုချဖြစ်လာ
မည်။ကံကောင်းခြင်း၂မျိုးမှာ(၁)လစာကောင်းရာထူးကြီးသောအလုပ်ရခြင်း(၂)အကြီးအကဲဆရာသမားတို့
၏စောင့်ရှောက်မှုဖြင့်သင်၏အလုပ်အကိုင်ကောင်းခြင်းတို့မုချဖြစ်လာမည်။ပြောင်းလဲမှု(၂)မျိုးမှာ(၁)နေရာဒေ
သပြောင်းလဲနေရခြင်းနှင့်(၂)အလုပ်မရှိသောသူတို့အလုပ်ရခြင်း၊လုပ်ငန်းရှိသောသူတို့ ရာထူးတက်လစာတိုးတက်ခြင်း ၊ လက်ထပ်မင်္ဂလာဖြစ်သောပြောင်းလဲမှုတို့ မုချဖြစ်လာပါမည်။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊၉။
အထူးဟော-တိုးတက်ပြောင်းလဲမှု့ပြောင်းရွှေ့မှု့တို့ဖြစ်မည်။
ယတြာ- စနေနေ့နံနက်တွင် စနေနံဘုရားကို ထီးနီ ၉ လက် နှင့် ရွက်လှ ၁၇ ညွန့် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ မုချပြည့်ပါမည်။
ဒေါက်တာထွန်းလင်း( ဘုတလင်)
မြစ်မခ
No comments:
Post a Comment