မှုမှာကလေးအသက်ရှင်သန်နှုန်းနှင့်တိုက်ရိုက်သက်ဆိုင်မှုရှိကြောင်းအမျိုးသားအဟာရဖွံ့ဖြိုးရေးနှင့်သုတေသ
နဌာနက သိရှိရသည်။
ကလေးငယ်များအား မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုနှုန်းအား (၁၃)ရာခိုင်နှုန်း အထိလျှော့ချပေးပြီး ဖြည့်စွက်အာဟာရ ပြည့်ဝစွာကျွေးခြင်းဖြင့် ကလေးသေဆုံးနှုန်း လေးပုံတစ်ပုံခန့် လျှော့ကျစေနိုင်ကြောင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနားက သိရှိရသည်။
“ ကလေးသေဆုံးတာကို ခြုံကြည့်ရင် အစားအစာ မဖူလုံလို့ရယ်၊ကလေးတွေကို အာဟာရ ပြည့်ပြည့်ဝဝ မစားတတ်တာရယ်၊ အာဟာရဆိုင်ရာ ဗဟုသုတနည်းပါးမှုတွေ ရှိနေလို့ပါ ’’ ဟုကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက
ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအား ၂ဝ၁၂ခုနှစ်၊သြဂုတ်လ(၁ဝ)ရက်၊နံနက်(၁ဝ)နာရီတွင် ရန်ကုန်ကုန်သည်ကြီးများဟိုတယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ကလေးများ အာဟာရချို့တဲ့ရခြင်းမှာ အာဟာရပြည့်ဝစွာ ကျွေးမွေးမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ထို့အပြင် မိခင်နို့ တိုက်ကျွေးမှု နည်းပါးခြင်းကြောင့် အာဟာရချို့တဲ့မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ အရေးကြီးဆုံးက ၆လအထိ မိခင်နို့ကိုတိုက်ဖို့လိုပါတယ်၊ ၆လပြည့်ပြီးရင် ဖြည့်စွက် အာဟာရထည့်ကျွေးပေးရမယ်၊ တတ်နိုင်ရင် မိခင်နို့ကို ၂နှစ်ကျော် အထိတိုက်ပေးဖို့ လိုပါတယ်၊ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းအထိ ကလေးသေဆုံးမှုဟာ အာဟာရ ချို့တဲ့မှုကြောင့်ပါပဲ” ဟု ကလေးသူငယ်ရှင်သန်ဖွံ့ဖြိုးမှုဌာန(ယူနီဆက်(မြန်မာ)မှ ဌာနမှူး ဒေါက်တာ မာရီနပ်ဂိုတင် က ပြောသည်။
မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုနှုန်းများအား (၁၃)ရာခိုင်နှုန်း အထိလျှော့ ချနိုင်ပြီး မိခင်နို့တိုက်ကျွေးခြင်းအပြင် အခြား ဖြည့်စွက်စာကျွေးခြင်းက အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုအား (၆)ရာခိုင်နှုန်းသာ လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စစ်တမ်းများအရ သိရှိ ရသည်။
လက်ရှိအချိန်တွင် ယူနီဆက်(မြန်မာ)အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များအား အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို (၅)နှစ်စီမံကိန်းဆွဲ၍ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကလေးသူငယ်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးမှုဌာန(ယူနီဆက်-မြန်မာ)မှ အာဟာရပညာရှင်ဒေါက်တာကျော်ဝင်းစိန်က ဆိုသည်။
ယမင်း(မြစ်မခ)
No comments:
Post a Comment