Samsung ကုမ္ပဏီသည် ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၅ရက် အထိ၊ ဂျာမနီနိုင်ငံဘာလင် မြို့တွင် ကျင်းပမည့် IFA 2012 consumer electronics ပြပွဲတွင် ပါဝင်ပြ သရန်စီစဉ်မှုများ ပြုလုပ်အပြီး၌ Pushing Boundaries ဟုအမည်ပေး ထားသော ၄င်းတို့၏ အဓိကသတင်း စာရှင်းလင်းပွဲနှင့်အတူ သီးခြားမိတ် ဆက်ပွဲတစ်ခုဖြစ်သည့်Samsung Mobile Unpacked ပြပွဲကိုလည်းကျင်း ပပြုလုပ်သွားရန်စီစဉ်ထားကြောင်းသိ ရသည်။
Samsung Mobile Unpacked ပြပွဲများသည် Samsung ထုတ်ကုန်
များကိုစိတ်ဝင်စားသော customer များအတွက်ပစ္စည်းသစ်များကိုမိတ်
ဆက်ပြသပေးသည့်ပြပွဲများပင်ဖြစ် ပြီးGalaxy S3 စမတ်ဖုန်းကိုလည်း ယခင်
ကျင်းပခဲ့သည့်Samsung Mobile Unpacked ပြပွဲမှာပင်ထုတ် ဖော်ပြသခဲ့ဖူးသည်။
ထို့ကြောင့် ယ ခုကျင်းပမညှ့် Samsung Mobile Unpacked ပြပွဲကိုIFA မိတ်ဆက်သ
တင်းစာရှင်းလင်းပွဲမကျင်းပမည် တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၂၉ရက်တွင်
ကျင်းပသွားရန်စီစဉ် ထားပြီး အဆိုပါပွဲ၌အများမျှော်လင့် နေကြသည့်Samsung
ထုတ်ကုန် သစ်ဖြစ်သည့်Galaxy Note 2 ကိုမြင် တွေ့ရဖွယ်ရှိနေသည်။
Samsung အနေဖြင့် Apple၏ iPhone 5 မတိုင် မီ၎င်းတို့၏ထုတ်ကုန်သစ်ကိုဈေး
ကွက်တင်ရန်စီစဉ်နေခြင်းဖြစ်သည် ဟု သတင်းဌာနများကသုံးသပ်မှု
များပြုလုပ်ထားကြသည်။ ယခင် Galaxy Note ၏Series ဖြစ်သောထုတ်ကုန်သစ်Galaxy
Note 2 မှာdisplay အားဖြင့်5.5inch ရှိမည်ဖြစ်ပြီး 1280x720 resolution
နှင့်1.6GHz quad-core processor ကို အသုံးပြုထားသည့်ဟု ရရှိထား
သောသတင်းအချက်အလက်များ ကိုအခြေခံကာ သတင်းဌာနများက ဆက်လက်ဖော်ပြသွားခဲ့သည်။
Samsung မှာဒုတိယနေ့ဖြစ် သည့် ဩဂုတ်လ၃၀ရက်နေ့တွင်မူ
အိမ်သုံးဖျော်ဖြေရေးပစ္စည်းများကို ပြသသွားမည်ဖြစ်သည်။
Net Guide Journal
No comments:
Post a Comment