သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက် The Mark ဟိုတယ်ကို ဒေါ်အောင်ဆန်းစုကြည် နယူးယောက်စံတော်ချိန် ည ၆ နာရီသာသာ (အမှန်တကယ်ချိန်းဆိုထားချိန
ခေါင်းဆောင်နှစ်ဦးကို စက်တင်ဘာ ၂၅၊ ညပိုင်းက နယူးယောက်မြို့မှာ မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့မြင်ရပုံ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က
ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊
အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့
အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို
``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို
ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့
မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
လာရောက် တွေ့ဆုံနှုတ်ဆက်တာကို ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့
ရင်းရင်းနီးနီး ကြိုဆိုဖို့ ပြင်နေတဲ့ သမ္မတ ဦးသိန်းစိန် (သမ္မတကြီးနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၁၅ မိနစ်ကြာ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံ
ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက
တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ``သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်``
လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က တိုတိုတုတ်တုတ် ဖြေကြားသွားပါတယ်)။
သမ္မတဦးသိန်းစိန်နဲ့
တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ Secret Service ဟာ
ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ဂရုစိုက်ပါတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း
တသွေမတိမ်း ဆောင်ရွက်ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းတွေ့၊ ကြိုဆိုဖို့ လုပ်တာကိုတောင်
ခွင့်မပြုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆ
ုံဖို့
နာရီဝက်စောပြီး ဟိုတယ်ကို ရောက်လာတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို
အခန်းတခုထဲမှာ အနားယူနေစေပြီး သတ်မှတ်အချိန်ရောက်မှ သမ္မတအခန်းရှေ့ကို
လုံခြုံရေး အထပ်ထပ် အသင့်ပြင်ပြီးမှ ခေါ်ယူလာပါတယ်၊ အပြန်မှာလည်း လုံခြုံရေး
အဆင့်ဆင့်နဲ့ ခေါ်ထုတ်သွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပါလာတဲ့
ဝန်ကြီးတွေ၊ အရာရှိကြီးတွေ၊ လုံခြုံရေးအရာရှိကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနဘက်က တာဝန်ယူထားသူတွေကမှ မြန်မာမီဒီယာတွေကို ပိုပြီး ဖော်ရွေ ခင်မင်နေတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်
moethihaaung blog
No comments:
Post a Comment