ဆန္ဒစောခြင်း၊စိတ်မြန်ခြင်း၊ရည်ရွယ်ချက်ကြီးခြင်း၊ရည်မှန်းချက်များနေခြင်းတို့ဖြစ်နေမည်။ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း၊ကိုယ်စိတ်ကိုယ်မပိုင်ဖြစ်နေမည်။ဆောင်ရွက်မှုများမပြီးပြတ်ဖြစ်နေမည်။အလုပ်
အကိုင်အဆင်ပြေမည်။ငွေဝင်၊ထွက်ကြမ်းမည်။ရည်ရွယ်သူနှင့်အဆင်မပြေပဲမရည်ရွယ်သောသူနှင့်လက်ထပ်
ရက်ရွေးဖြစ်မည်။ အတိုက်အခံအောင်မြင်မည်။ ခရီးယာယီတွေရောက်မည်။
အထူးဟော - မင်္ဂလာမြင်ပါသည်။
ယတြာ - တနင်္ဂနွေနံနက်တွင် ဘုရားကိုအအေးလှူပါ။
တနင်္လာ
“ကျော်တော့လှေသူကြီး၊ ညားတော့လှေထိုးသား“ ဆိုသလို ဖြစ်တာကတစ်ယောက် ရတော့တစ်ယောက်ဖြစ်တတ်သည်။ သူတပါးစကားအရမ်းမယုံပါနှင့်။သေချာစဉ်းစားပြီးမှဆုံးဖြတ်ပါ။လူလိမ်၊လူညာတွေ့မည်။ရစရာငွေတို့ပြန်မရ
တတ်ပါ။အခြားနေရာတစ်ခုမှငွေအစုလိုက်ဝင်မည်။ထီပေါက်ကိန်းရှိသည်။စက်၊ကားယာဉ်တစ်မျိုးမျိုးမုချဝင်
မည်။အဝင်ကောင်းပါသည် ။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ် မည်။ အလုပ်အကိုင်ကောင်းသည်။ စီးပွားရေးတိုးချဲ့ လုပ်ကိုင်ရလိမ့်မည်။ အောင်မြင် မည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇။
အထူးဟော - ထင်သလိုမဖြစ်တတ်ပါ။
ယတြာ - တနင်္လာနံနက်တွင် ဘုရားကိုကံ့ကော် ၁၅ ညွန့် လှူပါ။
အင်္ဂါ
လူလောကကြီးမှာသင့်လောက် စိတ်မအား၊ လူမအားလှုပ်ရှားသွားလာမှု ဖြစ်နေသူမရှိသလောက်ဖြစ်နေပါမည်။ ခရီးလည်းများမည်။ ချစ်သူလည်းများမည်။ အလုပ်လည်းများမည်။ စက်၊ ယာဉ်တို့ ပြောင်းလဲမှုဖြစ်မည်။ ခြေ၊ လက်တို့ ခိုက်မိမည်။ အလုပ်မှာအတိုက်အခံကြုံမည်။ ကျော်နိုင်ပါလိမ့်မည်။ နေရာ၊ အလုပ်ပြောင်းရွှေ့ ရမည်။ ၁ ယောက်သောသူနှင့် လက်ထပ်ဖြစ်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်သည်။
အကျိုးပေးဂဏန်း - ၅၊ ၁၊ ၂။
အထူးဟော - ဆန္ဒတွေပြည့်ဝလာမည်။
ယတြာ - အင်္ဂါနေ့တွင် ဘုရားကိုအုန်းဆွမ်းကပ်လှူပါ။
ဗုဒ္ဓဟူး
အချစ်ဟောင်းနှင့် အဆင်မပြေသလိုဖြစ်လာမည်။ ချစ်သူအသစ်တွေ့မည်။ ခရီးယာယီမြင်သည်။ အပေါင်းအသင်းသစ်တွေ့မည်။အင်တာဗျူး၊စာမေးပွဲအောင်မြင်မည်။လက်ဆောင်ရမည်။အချစ်ရေးဆိုခြင်းခံ
ရမည်။အကြီးအကဲအထင်လွဲခံရမည်။အဝေးမိတ်ဆွေကကူညီမည်။စက်ပစ္စည်းဝင်လာမည်။ဝမ်းဗိုက်ရောဂါ
ရတတ်၍ အစားဆင်ခြင်ပါ။ စေ့စပ်လက်ထပ်ပြုရန်ရှိမည်။
အကျိုးပေးဂဏန်း - ၄၊ ၉၊ ၀။
အထူးဟော - ရေလမ်းခရီးမသင့်ပါ။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် ဘုရားကိုရေတော်ကပ်လှူပါ။
ကြာသပတေး
စကားပြောမတတ်ခြင်းကြောင့် လူမုန်းခံရတတ်သည်။ မသွားမတော်တစ်လှမ်းနှင့် ခိုက်မိမည်။ အစားမတော် တစ်လုပ်နှင့် ကျန်းမာရေးထိခိုက်မိပါလိမ့်မည်။ သတိထားပါ။ လူယုံမထားရ။ လူလိမ်၊ လူညာတွေ့မည်။ သွားလိုရာခရီးကိုနောက်ဆံမတင်းပဲသွားပါ။ လုပ်လိုရာကိုမစဉ်းစားနှင့် လုပ်လိုက်ပါ။ ကိုယ်ချစ်တဲ့သူကိုမိဘတို့ကသဘောမတူဖြစ် ပါလိမ့်မည်။ မင်္ဂလာစေ့စပ်ပွဲဖြစ်မည်။ ခရီးဝေးတွေရောက်မည်။ အလုပ်ရမည်။ စာမေးပွဲအောင်မြင်မည်။
အကျိုးပေးဂဏန်း - ၅၊ ၀၊ ၁။
အထူးဟော - ပြတ်ပြတ်သားသားလုပ်မှကောင်းမည်။
ယတြာ - ကြာသပတေးနံဘုရားကိုသပြေ ၁၉ ညွန့်ကပ်လှူပါ။
သောကြာ
ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖြစ်မည်။ မိသားစုနှင့် ခွဲပြီးသွားရမည်။ အလုပ်ပြောင်းလဲလုပ်ရမည်။ ဆုံးဖြတ်ချက်မပြောင်းလဲဘဲအောင်မြင်မည်။အချစ်ရေးကောင်းသည်။အချစ်ရေးမှာအပြိုင်ပေါ်မည်။မည်သူ့
ကိုယူရမလဲဝေခွဲ မရ ဖြစ်မည်။ အိမ်ထောင်ရှိသူတို့ အငယ်ရမည်။ ခြေ ၁ ဖက်ခိုက်မိမည်။ စက်၊ မြေ၊ ကားဝင်ထွက် မည်။ ရှယ်ယာလုပ်ငန်းတို့ အချင်းချင်းစိတ်ဝမ်းကွဲမည်။ ငွေကြေးကိစ္စရှုပ်မည်။ မုန်းရတတ်သည်။ ရစရာငွေမရတတ်ပါ။ အပူလောင်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၃။
အထူးဟော - ဆန္ဒတွေအောင်မြင်မည်။
ယတြာ - သောကြာနေ့နံနက်တွင် သစ်သီး ၉မျိုး ဘုရားကိုကပ်လှူပါ။
စနေ
အောင်မြင်သောကာလပါ။ ဆန္ဒတွေပြည့်လာမည်။ ဘာပဲဖြေဖြေအောင်မြင်မည်။ ဘယ်ပဲသွားသွားအဆင်ပြေမည်။သို့သော်အချစ်ရေးမှာသင်ထင်သလိုမဖြစ်ပါ။သင့်ချစ်သူကိုမိဘတို့ကသ
ဘောမတူပါ။မိဘသဘောတူသောသူကိုကိုယ်ကမချစ်ဖြစ်မည်။ အလုပ်ရမည်။အလုပ်ပြောင်းလဲမည်။ခရီးဝေးယာယီရောက်မည်။အခင်ဆုံးသူငယ်ချင်းတို့နှင့်ခွဲပြီးနေရမည်။
အိမ်ပြောင်းရတတ်ပါသည်။ရုပ်တရက်ခိုက်မိတတ်သည်။စီးပွားရေးလုပ်လျှင်အောင်မြင်မည်။စေ့စပ်လက်ထပ်
ရက်ရွေးဖြစ်မည်။မိဘအကြိုက်လိုက်လုပ်ဖြစ်မည်။မိဘပေးစားတာယူဖြစ်မည်။ကျန်းမာရေးကောင်းမည်။လက်
ဆောင်ရမည်။မိသားစုနှင့် တကွဲစီနေရမည်။ ငွေဝင်မည်။
အကျိုးပေးဂဏန်း - ၇၊ ၉၊ ၀။
အထူးဟော - အားလုံးကောင်းပါသည်။
ယတြာ - စနေနေ့နံနက်တွင် ဘုရားကိုထန်းလျက်လှူပါ။
ဒေါက်တာထွန်းလင်း( ဘုတလင်)
No comments:
Post a Comment