"ကျွန်တော်တို့
ဘဏ်ကနေ နောက်နှစ်ဆို တွင်ကျယ်အောင် လုပ်ဆောင်သွားမှာပါ။
တခြားနိုင်ငံတွေမှာဆို သုံးနေကြပြီ။ အဲ့တာတော့ ကျွန်တော်တို့လည်း
လုပ်ချင်တဲ့ ဆန္ဒပေါ်လာရတာပါ။ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကိုတော့
အစည်းအဝေးထပ်လုပ်ပါအုံးမယ်။"ဟု သမဝါယမဘဏ်မှ MD ဦးဖေမြင့်က ပြောသည်။
မိုဘိုင်းလက်ကိုင်ဖုန်းများမှ တစ်ဆင့် ဘဏ်နှင့်သက်ဆိုင်သည့်
လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သမဝါယမဘဏ်အနေဖြင့် အမေရိကန်နိုင်ငံ၊
ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ Master နှင့် Visa အသုံးပြုနိုင်ရေး
လိုအပ်သည့် ဆော့ဖ်ဝဲလ်များနှင့် ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန်
ဆောင်ရွက်လျှက်ရှိနေပြီး လက်ရှိတွင် လေ့လာစမ်းသပ်မှုများ
ပြုလုပ်လျှက်ရှိနေကြောင်း ၎င်းဘဏ်မှ သိရှိရသည်။
“ဒီစနစ်ကြောင့် နိုင်ငံနဲ့အဝန်း ဆက်သွယ်မှုကွန်ရက်ရှိတဲ့ ဒေသမရွေးမှာ သုံးစွဲနိုင်ပါလိမ့်မယ်။ လက်ရှိမှာ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။” ဟု အဆိုပါ ဘဏ်ရုံးချုပ်က အိုင်တီဌာနမှ တစ်ဦးပြောသည်။
မိုဘိုင်းဖုန်းများမှတစ်ဆင့် အသုံးပြုသည့် ဘဏ်လုပ်ငန်းဆိုင်ရာ
စနစ်အတွက် သက်ဆိုင်ရာ ဘဏ်တစ်ခုတွင် အကောင့်ဖွင့်လှစ်ရန် လိုအပ် မည်ဖြစ်ပြီး
ငွေလွှဲခြင်း၊ ငွေပို့ခြင်းနှင့် ဈေးဝယ်ခြင်း စသည့် ကိစ္စရပ်များအား
မိမိတို့၏ ဖုန်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်မည်ဖြစ်ကာ
မိမိတို့ မိုဘိုင်းဖုန်းများထဲတွင် သက်ဆိုင်ရာဘဏ်နှင့်
ချိတ်ဆက်သုံးစွဲနိုင်ရန် ဆော့ဖ်ဝဲလ်စနစ်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း
သိရှိရသည်။
သမဝါယမဘဏ်နှင့် ချိတ်ဆက်မည့် ဂျီအက်စ်အမ်၊ စီဒီအမ်အေ
မိုဘိုင်းဖုန်းများအားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး သုံးစွဲသူများ
အနေဖြင့် နောက်ဆုံးထွက် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲလ်ဖြစ်သည့်
အန်းဒရွိုက်ဗားရှင်းများဖြင့် သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
No comments:
Post a Comment