တေးသံရှင်ဆိုတေး၏ မီးအိမ်ရှင်စီးရီးတွင်ပါဝင်သော ဖက်တီးမ သီချင်း MTV ရိုက်ကူးရာတွင် ဆိုတေးနှင့် Lazy Club တီးဝိုင်းအဖွဲ့သားများသည် ပုဂံဘုရားရင်ပြင်တော်ပေါ်တွင်
ဖိနပ်စီး၍ သီချင်းဆိုကာ ဗုဒ္ဓဘာသာအား မထီမဲ့မြင် စော်ကားမှုပြုသည်ဟူသော
ကိစ္စနှင့်ပတ်သက်၍ ထိုကိစ္စမှာ မလိုသူများ၏ ကောလဟာလ ဖြန့်မှုသက်သက်သာဖြစ်ပြီး
မိမိတို့ အားလုံးမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်ပြီး ထို MTV
ရိုက်ကူးသောနေရာမှာလည်း ပုဂံတွင်မဟုတ်ဘဲ မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ
တည်ဆောက်ဆဲ ဘုရားကျောင်းတစ်ခုအနီးတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး
ထိုနေရာမှာလည်း ဖိနပ်စီးခွင့် ပြုထားသောနေရာ ဖြစ်သည်ဟု အောက်တိုဘာ ၁၁
ရက်နေ့တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဆိုတေးနှင့် နိုင်ဇော်တို့မှပြောသည်။
Popular facebook
No comments:
Post a Comment