Friday, October 19, 2012
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား
Ever November | 10/19/2012 03:13:00 PM |
မြန်မာ့သတင်း
တရုတ်နိုင်ငံအစိုးရအနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်အားတရုတ်နိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။
“ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင်အဆင်ပြေတဲ့တစ်ချိန်မှာ တရုတ်ပြည်ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးကဆိုသည်။
မည်သည့်အချိန်တွင်ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင်အချိန်ဇယားမသေချာသေးသည့်အတွက် အဖြေပေး၍ မရသေးကြောင်း သံအမတ်ကြီးကဆက်လက်ပြောသည်။
အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “သွားချင်တဲ့စိတ်ရှိပါတယ်။ တရုတ်နိုင်ငံက အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံမှာဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း အရေးကြီးလို့ သွားချင်တာပါ”ဟု ပြောကြားခဲ့သည်။
7 Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment