ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ထပ်မံမခံ ရစေရေး အတွက် အစိုးရဝန်ကြီး ဌာနများအား အင်တာနက် ကွန်ရက် လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်
ကအစည်းအဝေး လုပ်ပြီး
ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေ ဒီလိုမျိုး ထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လို
ကာကွယ်ရမယ်ဆိုတာနဲ့ ပြည်ပကဘယ်အဖွဲ့အစည်းတွေကမြန်မာနိုင်ငံ
ရဲ့ အင်တာနက်ကွန်ရက်တွေကို ဝင် တိုက်နေတယ်ဆိုတာကို ပြောသွား တယ်။
အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက်ကွန်ရက် စနစ်တွေရဲ့ လုံခြုံရေးကို
စနစ်တကျ တိုးမြှင့် ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကိုစောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်''ဟု ၄င်းက ဆိုသည်။
ထို့အတူ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက အမျိုးသား ဆိုက်ဘာလုံခြုံရေးကော်မတီမှ ပေး ပို့သော
အကြောင်းကြားစာအရ ဝန် ကြီးဌာနတစ်ခုချင်းစီအလိုက် အရေး ကြီးသော Data များအား
ပြည်ပ ဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန် အတွက် Data
လုံခြုံရေးကိုတိကျစွာလိုက်နာဆော င်
ရွက်သွားရန်၊ISP များ အလိုက် တာဝန်ကျသူများက Data စီးဆင်း မှုအား ၂၄
နာရီစောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များဆုံး
ရှုံးမှုမရှိစေရန်ဌာနအလိုက်ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များအားအသိ ပေးအကြောင်းကြား၍အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမည်ဟုပါရှိကြောင်း
ပြောသည်။
ယခုကဲ့သို့ ပြည်ပဟက်ကာ
များ၏အလွယ်တကူဝင်ရောက်တိုက် ခိုက်မှုကို ခံခဲ့ရခြင်းမှာလုံခြုံရေး စနစ်
များချို့တဲ့မှုကြောင့်လည်း ပါဝင် ကြောင်း၊ ထိုလုံခြုံစနစ်များ ကောင်း
မွန်စေရန် ဆက်သွယ်ရေးဝန်ကြီး ဌာနအားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ
ဝန်ကြီးဌာနဝက်ဘ်ဆိုက်အား အချိန် ပြည့်စောင့်ကြည့်စေရန် အမျိုးသား
ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ထပ်မံ
သိရသည်။ကာကွယ်ရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက မြန်မာနိုင်ငံအမျိုးသားဆိုက်ဘာလုံခြုံရေးကော်မတီ
ကို
ယခင် အစိုးရလက်ထက် ၂ဝဝ၄ ခုနှစ်မှစတင်၍ ကွန်ပျူတာ ကျွမ်း
ကျင်တပ်မတော်အရာရှိများ၊ မြန်မာ့ ဆက်သွယ်ရေးနှင့် ပြည်ထဲရေး
ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြင်ပ မှ ကွန်ပျူတာကျွမ်းကျင် ပညာရှင်
များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ပြောသည်။
Popular Journal
No comments:
Post a Comment