ငယ်ဘဝတွင် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရောယှက်နေထိုင်ခွင့် ရခဲ့သူများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ဘဝကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းရတတ်ကြောင်း သိရသည်။ သုတေသီများက ကလေးဘဝတွင် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံမှု ပတ်ဝန်းကျင်တစ်ခု ပိုင်ဆိုင်ခဲ့ခြင်းက လူတစ်ဦး၏ နှောင်းပိုင်းဘဝတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ပိုင်ဆိုင်ရရန် အလားအလာ ပိုမိုများပြားစေကြောင်း ထောက်ခံခဲ့သည်။
သုတေသန ရလဒ်အသစ် တစ်ခုက အပေါင်းလက္ခဏာဆန်သည့် ဆက်ဆံရေးမျိုး ကလေးဘဝနှင့် မြီးကောင်ပေါက် အရွယ်တို့တွင် ထိတွေ့ခဲ့ရခြင်းက ရင့်ကျက်သော အရွယ်တွင် စိတ်ပျော်ရွှင်မှုကို ပိုမိုတည်ငြိမ်စေပြီး လူတစ်ဦး၏ သင်ယူမှု စွမ်းရည်အပေါ်တွင်လည်း အနည်းငယ် ကောင်းကျိုး သက်ရောက်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ နယူးဇီလန်နိုင်ငံမှ ဒူနီဒင် ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှု သုတေသန ဌာနသည် လူပေါင်း (၈၀၄)ဦး၏ (၃၂)နှစ်ကြာ နေထိုင်ဖြတ်သန်းမှု အလေ့အထများကို အာရုံစိုက် လေ့လာဆန်းစစ်ပြီး ယခုသုတေသန ရလဒ်ကို ကောက်ချက်ဆွဲ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment