“ အဲဒီ့လူတွေကတတ်ပြီဆိုရင် ဂျပန်ကားကုမ္ပဏီတွေက လာရွေးလို့ရှိရင်နိုင်ငံခြားထွက်တဲ့ အခါမှာ ဂျပန် work shopရှိတဲ့နေရာအားလုံးလုပ်လို့ရတယ်၊အဲဒီ့ဘွဲ့ကအစိုးရအသိအမှတ်ပြုတဲ့ဘွဲ့ပဲ၊ နေရာကတော့သိပံ္ပ္ပနဲ့နည်းပညာ ဝန်ကြီးဌာနရဲ့ အောက်မှာပဲ ဘယ်အပိုင်းက
ပါရမလဲဆိုတာမသိသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့သည် ကားအကြောင်း ကိုပဲလုံးဝသီးသန့်သင်မယ့် သင်တန်းပါ’’ ဟုဂျပန်ကားကုမ္ပဏီလီမိတက်မှဒါရိုက်တာဦးတင်အောင်မြင့်က
ပြောသည်။
အဆိုပါ တက္ကသိုလ်တက်ရောက်ချိန်သည် ၎
နှစ်ကြာမြှင့်မည်ဖြစ်ပြီးကားဒီဇိုင်းရေး ဆွဲနည်း၊ ကားတည်ဆောက်နည်းများအပြင်ကားနှင့်ပတ်သက်သည့်ဥပဒေများကိုပါသင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
အဆိုပါတက္ကသိုလ်မှ ဘွဲ့ရရှိပါက
နိုင်ငံတကာတွင်ရှိသော ဂျပန်ကား work shopရှိသည့်နေရာ မှန်သမျှတွင်
ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ေးကြောင်းသိရသည်။
‘’ လေးနှစ်သင်ပြီးမှ ဘွဲ့ရတာ၊ ဘွဲ့ရပြီးရင် မာစတာကို
ဂျပန်မှာတက်တယ်၊ဒေါက်တာအထိရှိတယ်၊ အဲဒီ့အထိသွားတာ’’ ဟု ဦးတင်အောင်မြင့်ကပြောသည်။
လက်ရှိအချိန်တွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ဖွင့်မည်ကိုသဘောတူပြီးသွားပြီဖြစ်ကြောင်း သိရှိရသည်။
အသေးစိတ်အချက်အလက်များဆွေးနွေးပြီးပါကစတင်အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း
ဂျပန်ကားကုမ္ပဏီလီမိတက်မှ ဥက္ကဌဖြစ်သူ မစ္စ္စတာကာဇူဟီဇာ
အီဝါမိုတို ကပြောသည်။
“ ဒီလိုတက္ကသိုလ်မျိုးတွေအစောကြီးကတည်းက ပေါ်လာခဲ့သင့်တာ၊ကျွန်တော်ကကားဒီဇိုင်းဆွဲရတာတွေနဲ့ ပတ်သတ်ပြီး အရမ်းစိတ်ဝင်စားတာ၊ ဒါပေမယ့်
နောက်လာမယ့်သူတွေအတွက်တော့ ကောင်းတာပေါ့၊ တစ်ခြားဒီလိုမျိုးကျောင်းတွေပိုပြီး ပေါ်လာရင်လူငယ်တွေလဲသူတို့ဝါသနာပါတဲ့ကျောင်းကိုတက်ခွင့်ရကြမှာပါ၊ အခုကဝါသနာကတစ်ခြားသင်နေရတာကတစ်ခြားတွေဖြစ်နေကြတယ်ဟုရေကြောင်းတက္ကသိုလ်တွင်ပညာ
သင်ကြားနေသော ကျောင်းသားတစ်ဦးကပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment