လွန်ခဲ့သော အပတ်များမှစ၍ ရန်ကုန်မြို့တော် CBD မြို့စီးပွားရေှးဇုန်ပြဿနာ၊ယဉ်ကြောပိတ်ဆို့မှုပြဿနာ၊ သမိုင်းအ မွေအနှစ်များထိန်းသိမ်းနိုင်ရေးပြဿနာစသည်များကိုတင်ပြခဲ့ရာယနေ့ရန်ကုန်မြို့အချို့နေရာများ
တွင် ရေတင်ခြင်း ရေကြီးခြင်းနှင့်ပတ်သက်၍
တင်ပြပါမည်။
ရန်ကုန်မြို့ကြီး သမိုင်းတလျှောက်ပြောင်းလဲ ကြီးထွားလာပုံကို
အကြမ်းအားဖြင့် စတင်၍ သုံးသပ်ရပေမည်။ ပထမဦးစွာ ၁၉ ရာစုအဆုံးပိုင်း၊ ဒုတိယ
အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ရန်ကုန်မြို့ကို စတင်ဆောက်လုပ်ခဲ့ကြရာ ထိုအချိန်က
ရန်ကုန်မြို့ ၏ ဧရိယာမှာ ယခုမြို့ထဲခေါ် ကမ်းနားလမ်းမှစ၍ မြောက်ဘက် Winsor
road ခေါ် ရှင်စောပုလမ်း၊ ဗဟန်းနှင့် ကန်တော် လေးတို့ အပါအ၀င် စုစုပေါင်း ၃၃
့၂ စတုန်းမိုင်ခန့် ရှိခဲ့ပါသည်။ ဒုတိယ တိုးချဲ့မှုအနေနှင့်
ရန်ကုန်တက္ကသိုလ် ပတ်ဝန် ကျင်နှင့်အတူ ရွှေတောင်ကြားရပ်ကွက၊် အင်းလျားလမ်း။
Windermere ခေါ် သံလွင်လမ်း စသောနေရာများကို ၁၉၂၀ ပတ်ဝန်းကျင်တွင်
ဖော်ထုတ်ခဲ့ပါသည်။ ကြည့်မြင်တိုင်၊ စမ်းချောင်းစသော မြို့နယ်များမှာ ၁၉
ရာစုအဆုံးပိုင်း မှစ၍ မြို့ ပြင်နေရာများ Suburbs အဖြစ် ပါဝင်ခဲ့ပါသည်။
အခြားသော မြောက်ပိုင်းမြို့နယ်များဖြစ်သော ရန်ကင်း၊တောင်ဥက္ကလာ၊
မြောက်ဥက္ကလာနှင့် အရှေ့ဘက်ခြမ်းရှိ သာကေ တမြို့တို့မှာ
လွတ်လပ်ရေးရရှိပြီးမှ တိုးချဲ့မြို့များအဖြစ် တည်ဆောက်ဖော်ထုတ်ခဲ့ကြသော
မြို့နယ်များ ဖြစ်ပေသည်။ ရန်ကုန်မြို့တွင် မည်သည်မြို့နယ်များတွင်
ရေကြီးရသည်၊ ရေကြီးရသည်မှာ မြို့နယ်အလိုက် ခြုံ၍ ဖော်ထုတ်သတ်မှတ်
နိုင်ခြင်းမရှိဘဲ နိမ့်သောနေရာများတွင် ရေတင်ရေကြီး၊ မြင့်သောနေရာများတွင်
လွတ်ဟုသာ သုံးသပ်နိုင်ပါသည်။ ခြုံ၍ တင်ပြရသော် တမြို့လုံးအတွက် Sewage and
Drainage Plan ရေမြာင်းနှင့် ရေဆိုးထုတ်စနစ် စီမံရေးဆွဲ အကောင်အ ထည်ဖော်ရန်
ဖြစ်ပေသည်။ သို့သော် ရေကြီးရေတက်ရသော အကြာင်းအရင်းများကို
အပိုင်းလိုက်လည်း ရှာဖွေတွေ့ရှိ နိုင်ပေသည်။
အထူးသဖြင့် စီးပွားရေးဇုန်ဟုခေါ်ကြသော ၇ မြို့နယ်တွင် ရေတင်ရေကြီးခြင်း၊
ယခုအခါများတွင် ပိုမိုကြန့်ကြာခြင်း အ ကြောင်းအရင်းများမှာ
သိသာရှင်းလင်းစွာ ဖော်ထုတ်နိုင်ပေသည်။ ရန်ကုန်မြို့ကို ၁၉
ရာစုနှစ်အဆုံးပိုင်တွင် ဗြတိသျှတို့စတင်အကောင်အထည်ဖော်စဉ်ကထိုမြို့ထဲပိုင်းနေရာများကို လေးထောင့်
ပုံစံဖြင့် ရေမြောင်းများ၊
မိလ္လာစနစ်များနှင့်အတူ စနစ်တကျ အကောင်အထည်ဖော်ခဲ့ပေသည်။ ထိုစဉ်က
ကမ်းနားလမ်းတလျှောက်တွင် sluice ခေါ်ရေတံကြီးများလည်း တပ်ဆင်ထားခဲ့ရာ
ဒုတိယကမ္ဘာစစ် မတိုင်မီက ရေကြီးရေတင်ခြင်းသည် ကြီးမားသော ပြဿနာတရပ်ဟု
မှတ်တမ်းများ တွင် မတွေ့ခဲ့ပါ။ ယခုအခါ ထိုယာဉ်သွားလာမှု အသိပ်သည်းဆုံး
လူဦးရေ အသိပ်သည်းဆုံးနေရာတွင် ရေကြီးရေတင်ခြင်း သည် ပြဿနာတရပ်ဟု
အများလက်ခံလာကြသော အကြောင်းအရင်းတို့ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
Green zone ခေါ် စိမ်းလန်းနယ်မြေများ လျော့နည်းလာခြင်း
စိမ်းလန်းစိုပြည်နယ်မြေများ၊ ပန်းခြံများသည်
လူများအနားယူရန်အတွက်လည်းကောင်း၊ ယင်းနေရာတို့သည် percolation ခေါ်
မြေကြီးထဲသို့ ရေစိမ့်ဝင်ခြင်းအတွက်သော်လည်းကောင်း လိုအပ်ပေသည်။
ဗြိတိသျှတို့ စီမံကိန်းရေးဆွဲ သွာ၍ ၎င်းတို့၏ မြို့ပြစီမံကိန်းမူဝါဒများ
(British town design principles) အရ လူဦးရေနှင့် ပန်းခြံတို့
အချိုးအတိုင်း အတာ ရှိခဲ့ကြသည်။ ထိုလေးထောင့်ကွက်ပုံ လမ်းများနှင့်
ရန်ကုန်မြို့၏ စီးပွားရေးဇုန်တွင် အလယ်တွင် Fytche Square ခေါ် ယခု
မဟာဗန္ဓုလပန်းခြံ၊ အနောက်ဘက်ခြမ်းတွင် western park ခေါ် သခင်မြပန်းခြံနှင့်
အရှေ့ဘက်ခြမ်းတွင် Dufferin Park ဟု ဖော်ထုတ်ခဲ့ကြသည်။ ယခုအခါ
ထိုအရှေ့ဘက်ပန်းခြံ၊ ကုန်သည်လမ်းနှင့် အနော်ရထားလမ်းကြား၊ Enden road
အီဒင်လမ်းခေါ် ဗိုလ်တထောင်ဘုရားဈေးလမ်း၏ အရှေ့ဘက် ပုဂ္ဂလိကကုမ္ပဏီကြီးများ၏
အဆောက်အဦများနှင့် ပြည့်နှက်လျက်ရှိပေပြီ။
Balancing drains ခေါ် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်း၊ ဖယ်ရှားခြင်း
၁၉ ရာစုအဆုံးပိုင်း ရန်ကုန်မြို့ကို ပြန်လည်တည်ဆောက်စဉ်ကထိုမြို့လယ်၏
ရေနုတ်မြောင်းစနစ်ကိုလည်း အရေးကြီး သော နှစ်နေရာ၊
အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် တည်ဆောက်ထားသည်။ စာရေးသူတွင်ရှိသော၁၉၂၄ခုနှစ် မြေပုံအရအနောက်ဘက်တွင်ရန်ကုန်ဆေးရုံကြီး၏ တောင်ဘက်
ရွှေတိ
ဘုရားလမ်းပင်စ၍ အနော်ရထားလမ်းအတိုင်း အနောက်ဘက်သို့ ဖောက်လုပ်ထားပြီး
ယခု အောင်ရတနာလမ်း၊ ရေပေါ်ဟိုတယ်အနီးတွင် တောင်ဘက်သို့ကွေ့၍
ရန်ကုန်မြစ်ထဲသို့ စီးဆင်းစေခဲ့သည်။ ထိုအကြောင်းကြောင့်ပင်
အနော်ရထာလမ်း၏အနောက်ဘက်ခြမ်းကို စာရေးသူတွင် ရှိသော ၁၉၂၄ မှ မြေပုံတွင်
canal street ဟု ရေးသားထားသည်။ ထိုနည်းတူစွာ အရှေ့ဘက်တွင် ယခင်ကcreekstreet ခေါ်ယခုဗိုလ်မြတ်ထွန်းလမ်းနှင့်ယဉ်ပြိုင်၍ တောင်ဘက်မြောက်တန်း၍
ဖောက်လုပ်ခဲ့ရာ ထိုရေနုတ်မြောင်းသည်ဗိုလ်ချုပ်လမ်းအထိပင် ဖောက်ခဲ့သည်။ယခုအခါထိုရေးကြီးမှု၊ ရေတင်မှုကိုထိန်းသော အဓိက ရေနုတ်မြောင်ကြီးများသည်အပိုင်းအစများသာ တွေ့ရှိနိုင်၍ယင်းတို့၏စီးဆင်းစုပ်ယူနိုင်မှုမှာလည်း
လျော့နည်းစေတော့မည်။အထူသဖြင့်အရှေ့ဘက်ခြမ်းရှိcreekstreet ခေါ်ဗိုလ်မြတ်ထွန်းလမ်းရှိ ရေဧရိယာကို ပိတ်၍ပင်အဆောက်အဦများ ဆောက်လုပ်
ထားသည်ကို တွေ့ရှိရသည်။
မြို့လယ် ရေနုတ်မြောင်းစနစ်ကို အရေးကြီးသော နှစ်နေရာ၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တည်ဆောက်ထားရှိခဲ့သည်
ရေနုတ်မြောင်းဟု မြန်မာအခေါ်အဝေါ်ကို အင်္ဂလိပ်စကားနှင့် Balancing
pound/canal/creek စသည်ဖြင့် ခေါ်ဝေါ်ကြ ရာ ဘာသာရပ် နှစ်မျိုးစလုံးတွင်
တိကျသော အဖြေပါဝင်လျက်ရှိသည်။ ထိုရေနုတ်မြောင်းကြီးများကို ပိတ်ခြင်း၊ အပေါ်
တွင်တက်၍ အိမ်ဆောက်ခြင်းစသည်တို့သည် ရန်ကုန်မြို့လယ်ရှိ၏ ရေတင်ခြင်း၊
ရေကြီးခြင်းတို့၏ အကြောင်းရင်များ ဖြစ်ပေသည်။ ထို့အပြင်
ကမ်းနားလမ်းတလျှောက်တွင် ယခင်က Sluice ခေါ်ရေတံကြီးများရှိခဲ့သည်။ ယင်းတို့
ယခုအခါ အလုပ်လုပ်နေသေးရန် ပုံမှန်စစ်ဆေးရန် လိုအပ်လျက် ရှိပေသည်။
ရန်ကုန်မြို့ ရေတင်ခြင်း၊ ရေကြီးခြင်းပြဿနာများကို ခြုံ၍သုံးသပ်သော်…
- ရန်ကုန်မြို့၏ တို့ချဲ့မြို့များဖြစ်သော ဥက္ကလာပ၊ သာကေတ၊
ဒဂုံမြို့သစ်များ စသည်တို့တွင် ရေကြီးရေတင်ခြင်းသည် စတင် ဆောင်လုပ်စဉ်ကပင်
ရေစီးဆင်းပုံတို့ကို လေ့လာ၍ စနစ်တကျ ရေမြောင်းမျာနှင့် ဆောက်လုပ်ရန်
အချိန်မရှိခဲ့ ခြင်း။
- ရန်ကုန်မြို့ထဲခေါ် စီးပွားရေးဇုန် ၇ နှစ် မြို့နယ်တွင်
(၁) ပန်းခြံများ၊ စိမ်းလန်းဧရိယာများပေါ် အိမ်များဆောက်လုပ်ကြခြင်း၊
ထို့ကြောင့် percolation area ခေါ် မြေကြီးထဲသို့ ရေစိမ့်ဝင်ခြင်း
နည်းပါးလာခြင်း။
(၂) ရေနုတ်မြောင်းများ ပိတ်ဆို့ပျောက်ကွယ်သွားခြင်း၊ ရေ ဧရိယာများပေါ်တက်၍ အိမ်ဆောက်ကြခြင်း။
(၃) ရေတံခေါ် Sluice များကို ပုံမှန်ထိန်းသိမ်းရန် လိုအပ်ခြင်းတို့ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ပြည်သူ့ခေတ် ၁၅ စက်တင်ဘာ ၂၀၁၁ ၊ အတွဲ ၂၊ အမှတ် ၆၀
ဓါတ်ပုံ …Eleven Media Group naytthit.net
No comments:
Post a Comment