၂၀၀၂ ခုနှစ်ကတည်းက မြန်မာအစိုးရရဲ့ နံမည်ပျက် စာရင်း( Blacklist) သတ်မှတ်ခံထားရတဲ့ ထိုင်းသတင်း သမား ၁၅ ဦး ကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပေးလိုက်တယ်လို့ ထိုင်းကာကွယ်ရေး ၀န်ကြီး Sukumpol Suwanatat က မနေ့က အတည်ပြုပြော လိုက်ပါ တယ်တဲ့။မြန်မာနိုင်ငံကို ၂ ရက်တာ အလည်အပတ်ေ ရာက်ေ နတဲ့ ထိုင်း ကာကွ ယ်ရေး ၀န်ကြီးက သမ္မတ ဦးသိန်းစိန်ဟာ နံမည်ပျက် ရင်းသွင်း ခံထား ရတဲ့ ထိုင်း သတင်းသမား ၁၅ ဦးရဲ့ ဓာတ်ပုံနဲ့ စာရင်းကို သူလက်ခံရပြီးတာနဲ့ စာရင်းကနေ ပယ်ဖျက်ပေး လိုက်တာလို့ ပြောပါတယ်။
ဒီအပြင် ၂၀၀၂ ခုနှစ်ထဲမှာပဲ ဒီ ထိုင်းသတင်းသမား ၁၅ ဦးဟာ မြန်မာအစိုးရကို ပုပ်ခတ်ရေးမှု၊ မြန်မာ ဆန့်ကျင်ရေးနဲ့ သတင်း ဆောင်းပါးတွေ ရေးခဲ့တာကြောင့် သူတို့ကို မြန်မာအစိုးရက လူဆိုး သတင်းသမားတွေ အဖြစ် သတ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ၀ ဒေသမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေရဲ့နောက် ကွယ်မှာ ထိုင်းစစ်တပ် ရှိတယ် လို့ ၂၀၀၂ ခုနှစ်တုန်းက မြန်မာအစိုးရက စွပ်စွဲခဲ့ဖူးပါတယ်။
အဲဒီအချိန်ကတည်းက ထိုင်းသတင်းသမား ၁၅ ဦးဟာ မြန်မာနိုင်ငံက ဗီဇာ လုံးဝ မပေးခဲ့တာ အခုထိပါဘဲတဲ့။ အခု လူဆိုး သတင်းသမား ၁၅ ဦးရဲ့ အမည်တွေကို သတင်းမှာ ဖော်ပြမထားပေမယ့် တော်တော် များများ ကတော့ ဘန်ကောက်ပို့စ်နဲ့ The Nation သတင်းစာတွေမှာ လုပ်ကိုင်နေကြသူတွေလို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
ထိုင်းကာကွယ်ရေး ၀န်ကြီးက သူ့နိုင်ငံသား သတင်းသမားတွေအတွက် အကာအကွယ်ပေးပြီး မြန်မာ သမ္မတနဲ့ညှိနှိုင်းပြီးလုပ်ဆောင်တာက လေးစားစရာပါ။ မြန်မာကာကွယ်ရေးဝန်ကြီးက မြန်မာသတင်းသ
မားတွေ အတွက် အခုလိုမျိုး ကာကွယ်၊ တောင်းဆိုတာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးခဲ့ပါဘူး။
Irrawaddy
No comments:
Post a Comment