ဥရောပမှ သန်းပေါင်း များစွာသော ကွန်ပျူတာ အသုံးပြုသူ များအတွက် အင်တာနက်
ရှာဖွေရေး ဘရောက်ဇာများ ရွေးချယ်ခွင့်ကို ၄င်းတို့၏ ကွန်ပျူတာစနစ်တွင်
ထည့်သွင်း မပေးခဲ့ခြင်း အတွက် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသည် ဒဏ်ငွေ ကန်ဒေါ်လာ ၇
ဘီလီယံအထိ ပေးဆောင်ရဖွယ် ရှိကြောင်း သိရ သည်။
၂၀ဝ၉ ခုနှစ်တွင် ဥရောပ သမဂ္ဂက ချမှတ်ခဲ့သော မူပိုင်တစ်
ဦးတည်းချုပ်ကိုင်မှု ဆန့်ကျင်ရေး စည်းမျဉ်းစည်းကမ်းများအရ တစ် ကိုယ်ရေသုံး
ကွန်ပျူတာများတွင် ဘရောက်ဇာများရွေးချယ်ခွင့် ထည့်သွင်းပေးမည်ဟု မိုက်ကရို
ဆော့ဖ်ကုမ္ပဏီက သဘောတူညီ ခဲ့သည်။
သို့သော်၂၀၁၀ပြည့်နှစ်ဇူလိုင် လမှစ၍ဖြန့်ချိခဲ့သည့် Windows 7 စနစ်သုံး
ကွန်ပျူတာပေါင်း ၂၈ သန်းတွင်ဘရောက်ဇာ(Browser) ရွေးချယ်စရာ ထည့်သွင်းမထား
ကြောင်း မိုက်ကရိုဆော့ဖ်က ဝန် ခံထားသည်။ ၂၀ဝ၉ ခုနှစ်က ဥရောပ၏
ဆုံးဖြတ်ချက်အရ ゞင်းချိုးဖောက် မှုအတွက်မိုက်ကရိုဆော့ဖ်ကုမ္ပဏီ
သည်ဝင်ငွေစုစုပေါင်း၏၁၀ရာခိုင် နှုန်းအထိ ဒဏ်ငွေပေးဆောင်ရ မည် ဖြစ်သည်။
ယမန်နှစ်အတွင်း မိုက်ကရိုဆော့ဖ်ကုမ္ပဏီ၏ စုစု ပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ ၆၉
ဘီလီယံရရှိခဲ့ရာ ဒဏ်ငွေအဖြစ် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါးပေး
ဆောင်ရမည့်အခြေအနေဖြစ်သည်။ ဘရောက်ဇာရွေးချယ်စရာ ပေးရန် မိုက်ကရိုဆော့ဖ်၏
ချိုး ဖောက်မှုမှာ အထင်ကရဖြစ်သည် ဟု ဥပဒေအကျိုးဆောင်ကုမ္ပဏီ Pincent Masons
မှ မစ္စတာအ လန်ဒေးဗစ်က ပြောကြားသည်။
— Zdnet.com7 Day News Journal
No comments:
Post a Comment