တစ်ကယ်တမ်း ကျတော့ မြန်မာနိုင်ငံရဲ့ အထက်တန်း ပညာရေး (Higher Education) နဲ့ ပတ်သက်ပြီး Ministry of Education ရဲ့Website မှာElectronic Education and Education Development Plan လို့ ခေါင်းစဉ်တပ်ပြီး စီမံကိန်းတွေရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီမှာ ရည်မှန်းချက်ကတော့ နိုင်ငံတကာအဆင့်မီရေးပါပဲ။
အဓိကကတော့ICT (Information and Communications Technology)
နည်းပညာအခြေခံတဲ့ သင်ကြားရေးမျိုးကို ဘွဲ့ကြိုတန်းတွေမှာကတည်းကသုံးဖို့နဲ့
တက္ကသိုလ်ပညာရေးမှာ ကွန်ပျူတာနဲ့အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးနိုင်အောင်
အားပေးရမယ်လို့လည်း ဖော်ပြထားတာတွေ့ရပါ တယ်။
တကယ်တမ်းမှာကတော့ ကျောင်း ပညာရေးထဲမှာ ကွန်ပျူတာ သေသေချာ ချာ
မသုံးကြရလို့ဘဲ၊ မြန်မာနိုင်ငံက လူငယ် တွေဟာ ပြင်ပကွန်ပျူတာ သင်တန်း တွေကို
အားကိုးနေကြရတာ ဖြစ်ပါတယ်။ ကျောင်း သားဦးရေ စုစုပေါင်းနဲ့ ကွန်ပျူတာအရေ
အတွက်အချိုးဟာ ကျောင်းသားအယောက် ၅၀ဝကို ကွန်ပျူတာတစ်လုံးနှုန်းလောက်
ဖြစ်နေတာပါ။ ကျောင်းသား ၁၀ ယောက် လောက်ကို ကွန်ပျူတာတစ်လုံးနှုန်း ကိုင်
ခဲ့ကြရတာပါ။ ဒါ့အပြင်အိမ်မှာ ဆက်ပြီး လေ့ကျင့်နိုင်ဖို့အတွက်
ကွန်ပျူတာမဝယ်နိုင် ကြတာကြောင့် သင်ပြီးပေမယ့်လည်း မကျွမ်းကျင်ကြပါဘူး။
တကယ်တမ်းက ကွန်ပျူတာသုံးဖို့ ဆိုတာက လက်တွေ့ လေ့လာလေ့ကျင့်ခွင့် ရရင်
တကူးတက သင်ယူနေစရာတောင် မလိုတဲ့ ပညာရပ်ပါ။ နိုင်ငံတကာမှာက ကွန်ပျူတာဆိုတာ
ကလေးတွေလူငယ်တွေ အဖို့ အိမ်မှာမိဘက ဝယ်ထားပေးနိုင်တာ ကြောင့် အချိန်ရတိုင်း
လေ့ကျင့်ရင်းသင်ယူ နိုင်တာပါ။ ဒီလိုနဲ့ ကွန်ပျူတာနဲ့ရင်းနှီးသွားပြီး
တစ်ဆက်တည်း အင်တာနက် ကိုပါ ရင်းနှီးကျွမ်းဝင်သွားတာပါပဲ။
ဒါ ကြောင့် နိုင်ငံတကာပညာရေးမှာတော့ ကွန် ပျူတာ အသုံးချရေးဟာ
ထည့်ပြောရတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်း
ထိုင်းနိုင်ငံ မှာတော့ သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ လစာက အနည်းဆုံး ဘတ် ၁၀ဝ၀ဝ
အထက် ရတဲ့အချိန်မှာ ကွန်ပျူတာအသစ် တစ်လုံးက အများဆုံးမှ တစ်သောင်းခွဲ
နှစ်သောင်းပဲ ရှိပါတယ်။
အဲဒီအပြင် နိုင်ငံ သားဆိုရင်၊ အထူးသဖြင့် ဝန်ထမ်းလည်း ဖြစ်တယ်ဆိုရင်
အကြွေးစနစ်၊ လပေးစနစ် နဲ့ အလွယ်တကူ ဝယ်နိုင်ပါတယ်။ ဒါကြောင့်
မိသားစုတိုင်းလိုလို ကွန် ပျူတာ သုံးမယ်ဆိုရင် အခက်အခဲမရှိသုံး နိုင်ပါတယ်။
ကိုယ်ပိုင်မဝယ်နိုင်လို့ အင်တာ နက် ကဖေးတွေမှာ သုံးမယ်ဆိုရင်လည်း
ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ အခြေခံအလုပ် သမားတစ်ယောက်ရဲ့တစ်နေ့ ဝင်ငွေက
အနည်းဆုံး ဘတ် ၁၅၀-၂၀ဝ ရှိပြီး ကဖေး တွေမှာ အင်တာနက်သုံးစွဲခက
တစ်နာရီကိုဘတ် ၂၀ ကနေ ၃၀ ထိပဲ ပေးရပါတယ်။
ဒါကြောင့် အင်တာနက်သုံးဖို့အတွက် တစ်နေ့ဝင်ငွေရဲ့
ဆယ်ပုံတစ်ပုံလောက်ပဲသုံး ရပါတယ်။ မြန်မာနိုင်ငံမှာကတော့ သာမန်ဝန် ထမ်းလစာ
အနည်းဆုံး သုံးသောင်းခွဲရတဲ့ အခုအချိန်မှာတောင် ကွန်ပျူတာအသစ် တစ်လုံးက
အနည်းဆုံး ငါးသိန်းလောက် ပေးနေရတာမို့ ပြည်သူလူထုအနေနဲ့ဆိုရင် သိပ်ကို
အလှမ်းကွာနေပါတယ်။
ပြီးတော့ အင်တာနက်ကဖေးမှာသုံးမယ်ဆိုရင်လည်း အခြေခံဝန်ထမ်းလစာ
အနည်းဆုံးတစ်နေ့ ၅၀ဝ နဲ့ ၁၀ဝ၀ ကျပ် ဝန်းကျင်ရှိတာမှာ အင်တာနက်
သုံးစွဲခကလည်း တစ်နာရီကို အနည်းဆုံးကျပ် ၅၀ဝ ဖြစ်နေတာမို့ဝန် ထမ်းရဲ့
တစ်နေ့ဝင်ငွေနဲ့ အင်တာနက် တစ် နာရီသုံးခ မကွာလှပါဘူး။ ဒါကြောင့်ICT
နည်းပညာနဲ့ ပတ်သက်ပြီး တကယ်လိုအပ် နေတဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ တောင်မှ
ကွန်ပျူတာအင်တာနက်ကိုဘယ် လိုမှ ပုံမှန်မသုံးနိုင်ကြပါဘူး။
ဒါဟာ ပညာ ရေးအတွက်တင်မကဘဲတစ်နိုင်ငံလုံးအမြင်ကျယ် တိုးတက်ရေးအတွက်ကိုပါ
အဟန့် အတား ဖြစ်နေစေတယ်လို့ ဆိုရမှာပါ။ သက်ဆိုင်ရာ အထူးပြုဘာသာရပ် အလိုက်
ကျောင်းသားတွေကို ကွန်ပျူတာ သင်ပေးဖို့အတွက် ဆရာဆရာမထဲမှာ ကွန်
ပျူတာကိုင်တတ်တဲ့သူ လုံလုံလောက် လောက်မရှိပါဘူး။ဌာနတစ်ခုမှာကွန်ပျူတာ
ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမ အများဆုံး ဆယ်ယောက်ထက် ပိုမရှိပါဘူး။
ဒါကြောင့်မို့ တက္ကသိုလ်ပညာရေးထဲ ကနေ ကွန်ပျူတာတတ်သွားတဲ့ ကျောင်း သား
ကျောင်းသူ မရှိပါဘူး။ ကွန်ပျူတာ တတ်တဲ့သူတွေဆိုတာကလည်း ပြင်ပ
ကွန်ပျူတာသင်တန်းတက်ထားသူတွေသာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ကျောင်းသား အများဆုံးဖြစ်တဲ့ ဒဂုံတက္ကသိုလ်မှာတောင် မှပဲ
စာသင်နှစ်တစ်နှစ်ကို ကွန်ပျူတာချိန် တစ်ပတ်တစ်ချိန်ပဲ ကြုံကြရတာပါ။
တကယ်တော့ မြန်မာနိုင်ငံအဆင့်မြင့် ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာ
ရေးကိုနိုင်ငံတကာအဆင့်မီ တစ်သက်တာ ပညာရေး Life Long Learning ဖြစ်လာ
ရမယ်လို့ အတိအလင်းကြေညာထားတာ ပါ။
နိုင်ငံတကာ အနေအထားအတိုင်းဆို ရင်တော့ တစ်သက်တာပညာရေးကို
တကယ်ပေးနိုင်ဖို့ဆိုရင် ကွန်ပျူတာ အင် တာနက်များများသုံးနိုင်ဖို့က
အရေးပါဆုံး လိုအပ်ချက်တစ်ချက်ပါပဲ။ အခုချိန်ထိက တော့ အင်တာနက်တွေက
အလွန်နှေးပြီး ဟိုပိတ်ဒီဆို့တွေလုပ်ထားတာကြောင့်အလုပ် မဖြစ်ပါဘူး၊ ပြီးတော့
ကွန်ပျူတာအရေ အတွက် နည်းပါးတဲ့ အနေအထား၊ မီး
မလာတဲ့ပြဿနာနဲ့ကျောင်းသားတွေအကုန် ကွန်ပျူတာ သုံးခွင့်မရနိုင်တဲ့ အခြေအနေ
တွေကြောင့်လည်း ပညာရေးကအကောင် အထည်မပေါ်နိုင်သေးပါဘူး။
ပညာရေးမှာ နိုင်ငံတကာစံချိန်မီ ခေတ်မီတိုးတက်ဖို့ဆိုရင်
ကွန်ပျူတာသုံးစွဲရေးက မရှိမဖြစ်လိုအပ် ချက်ပဲ ဖြစ်ပါတယ်။ တကယ်တော့
၂၀ဝ၀-၂၀ဝ၁ ခုနှစ်က စပြီး ခြေလှမ်းနေပြီဖြစ်တဲ့ အနာဂတ်ပညာရေးမှာ ICT
နည်းပညာနဲ့ သင်ကြားဖို့အထိ မျှော်မှန်းထားတယ်ဆိုတဲ့အကြောင်းကို Our Vision
လို့ တက္ကသိုလ်တိုင်းမှာ မော် ကွန်းတိုင်တွေစိုက်ထူပြီး အတိအလင်း
ကြွေးကြော်ကြေညာ ထားခဲ့ပါတယ်။
အဲဒီလိုပဲ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေထဲက ပညာရေးကဏ္ဍမှာလည်း
“ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန် ၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်
တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်”
လို့ဖော်ပြပါရှိပါတယ်။ ဒါ့အပြင် ၁၉၉၉-၂၀ဝ၀ ပညာသင် နှစ်ကနေစပြီး
အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ “အမျိုးသား ပညာရည်မြင့်မားမှု အထူး
လေးနှစ်စီမံကိန်း” မှာဆိုရင် ပညာ ရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့်လုပ်
ငန်းစဉ် (၂၁)ခုဆိုပြီး တရားဝင်ကြေညာ ထားခဲ့တဲ့အထဲမှာ “သင်ရိုးညွှန်းတမ်း၊
သင် နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအ သီးသီးသည် လေ့လာသင်ယူသူ၏ပင်ကို
အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲ ခြမ်းစိတ်ဖြာ သုံးသပ်တတ်မှုနှင့် ခေတ်မီ
နည်းပညာများကို ခြုံငုံအသုံးပြုတတ်မှုစ သည်တို့ကိုအလေးပေးနိုင်ရန် နည်းလမ်း
ရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု (Maturity) ကိုတည်ဆောက်ပေးမည့် စနစ်
ဖြစ်လာစေရန် ဆောင်ရွက်ခြင်း” ဆိုတာ ပါပါတယ်။
ပြောရရင် အဲဒီအချက်တွေရဲ့ အခြေခံကတော့ ကွန်ပျူတာကတစ်ဆင့် ICT
နည်းပညာတွေဆီက တစ်ဆင့်ပွား လာမယ့် အသိပညာဗဟုသုတတွေ ဖြစ်နေ တယ် ဆိုတာပါပဲ။
ဒါကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးကို
နိုင်ငံတကာစံချိန်မီ ပြုပြင်တည်ဆောက်တော့မယ် ဆိုရင်တော့
ထွန်းကားပြန့်ပွားရေး၊ICT နည်းပညာ ကို ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ရေးက အခြေခံ လိုအပ်ချက်ဖြစ်တဲ့အပြင် အဓိက လုပ်ရမယ့်
စီမံကိန်းတစ်ရပ်ပဲဖြစ်ပါတယ်။
မေငြိမ်း
Venus News
No comments:
Post a Comment