“ ကျွန်တော်တို့က မြန်သမျှမြန်အောင် စီစဉ်နေပါတယ်။ ‘ဒီနှစ်မကုန်ခင်ပြသနိုင်အောင်
ကြိုးစားနေ ပါတယ်။ ဖရီးတူအဲဆိုတာ ဒီအတိုင်းလွှင့်လို့မရဘူးနည်းပညာတွေ
ထပ်ဆင့်လွင့်စက်တွေလိုတယ် အခြေခံ အဆောက်အအုံတွေ လိုတယ်”ဟုမြန်မာနေရှင်နယ်တီဗွီ သတင်းဌာနမှ အကြီးကဲဖြစ်သူ ဦးရဲမင်းအောင်က ပြောသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ
တောတောင်ထူထပ်သောနေရာများပါအဆိုပါရုပ်သံလိုင်းအား
ထုတ်လွှင့်ပြသနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည်။
'မြန်မာနေရှင်နယ်ချယ်နယ်က
ပြည်တွင်းပြည်ပ သတင်းစုံကဏ္ဍာတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်သွားနိုင်အောင်
ကြိုးစားသွားပါမယ်၊ တစ်ဖက်မှာလည်းဖျော်ဖြေရေးကဏ္ဍတွေပါမယ်၊ အဲလိုမျိုးတွေ
တင်ဆက်သွားမှာပါ။'ဟု ၄င်းက ဆိုသည်။
ပြည်တွင်း၊
ပြည်ပနယ်ပယ် ကဏ္ဍာစုံသတင်းများ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊
သိပ္ပံနှင့်နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သဘာဝဘေးအန္တရာယ်ကျရောက်မှု၊
ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး ရေး၊မွေးမြူရေး၊ ရာဇဝတ်မှုသတင်းများ၊
ကူးသန်းရောင်းဝယ်ရေး၊ တည်ဆောက်ရေး၊အထွေထွေ ဈေးကွက်သတင်းများအား
တင်ဆက်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က
ကိုယ့်နိုင်ငံမှာ ဖြစ်နေတာတစ်ခုထဲသိလို့မဖြစ်ဘူးအနည်းဆုံးတော့
အိမ်နီးချင်း နိုင်ငံတွေမှာ ဖြစ်နေတာတွေကိုတော့ သိရမယ်။”ဟု၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သတင်းအစီစဉ်များစွာ ရှိသင့်ကြောင်းသတင်းနှင့်ဖျော်ဖြေမှုရုပ်သံလိုင်း Free to air အား ကြည့်ရှု့ခွင့်ရသည့်အတွက် ပြည်သူလူထုအတွက် ပိုကောင်းမွန်ကြောင်းတာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ဆီမှာ
ပိုက်ဆံမပေးရတဲ့ တီဗွီလိုင်းတွေ
များများရှိသင့်တယ်။ပိုက်ဆံမကုန်ဘူးဆိုတော့
ပိုကောင်းပါတယ်။တစ်ချို့စားဖို့တောင်အနိုင်နိုင်ဆိုတော့
ပိုက်ဆံပေးရတဲ့လိုင်းတွေမကြည့်နိုင်ဘူး။ ဒီလို အိမ်နီးချင်းနိုင်ငံမှာ
ဖြစ်နေတာတွေပါကြည့်ခွင့်ရမယ်ဆိုတော့ တကယ်သာကြည့်လို့ရရင်
ကောင်းတာပေါ့ဗျာ။”ဟုတာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုထွန်းဦးက ပြောသည်။
ရှုမဝအောင်(မြစ်မခ)
No comments:
Post a Comment