ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သြဂုတ် ၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများပေါ်လာခြင်းကြောင့် လူနေအိမ်များနစ်မြုပ်ခဲ့ရာ၎င်းဒေသရှိ ပြည်သူ၈၀၀၀၀ခန့်အား ဘေးကင်းရာအရပ်သို့ ပြောင်းရွှေ့ပေးခဲ့
ကြကြောင်း
သိရသည်။ အဆိုပါ ရေကြီးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ဒေသတွင်းရှိ
ကျောင်းများနှင့် ရုံးများအား ပိတ်ပစ်ခဲ့ရသည့်အပြင်
အိမ်ခြေထောင်ပေါင်းများစွာ နစ်မြုပ်ခဲ့ရသောကြောင့် ကယ်ဆယ်ရေးသမားများအား
၎င်းဒေသသို့ စေလွှတ်ခဲ့ရကြောင်း၊ သို့ရာတွင်
ရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ သြဂုတ် ၈ ရက်အထိ ၁၆ ဦးအထိ
မြင့်တက်လာခဲ့ကြောင်း၊ ပျောက်ဆုံးနေသော လူဦးရေစာရင်းအား ယခုတိုင် အတိအကျ
မသိရသေးကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ပြောကြားခဲ့သည်။
khitlunge
No comments:
Post a Comment