အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီးဦးအောင်မင်းနဲ့အတူ ပြည်နယ် အစိုးရအနေဖြင့် PNLO အဖွဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းခေါင်းဆောင်၍ အဖွဲ့ဝင် (၁၀)ဦးပါဝင်သော အဖွဲ့သည် တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
“လေ့လာရေးခရီးစဉ်ဇူလိုင်၂၈ရက်နေ့ကဦးအောင်မင်းနဲ့ကျွန်တော်တို့တွေ့တယ် ဆွေးနွေးတယ်၊ ဆွေးနွေး
ပြီးတော့ အခု
နောက်တကျော့ အခုလို ထပ်တွေ့ဖို့ ချိန်းခဲ့တာ၊ အခုဟာ ကျွန်တော်တို့
လမ်းကြောင်းပေါ်မှာပဲ ရှိနေတယ်၊ အခုဟာ ပြည်နယ်အဆင့်ကနေ စရမှာပေါ့၊ အဓိကတော့ အခုဒီ အပြစ်အခတ်ရပ်စဲရေးရဲ့ အခြေခံ အဆင့်တွေပေါ့ဗျာ” PNLO အဖွဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းကပြောသည်။
ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ကိုယ်စားလှယ် အဖွဲ့နှင့် ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့်
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တစ်ကြိမ်၊ ဘန်ကောက်မြို့တွင် တစ်ကြိမ်
အလွတ်သဘောတွေ့ဆုံခဲ့ပြီး သဘောတူညီချက်အချို့ ရရှိထားသော်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက
နှစ်ဖက် သဘောတူ စာချူပ်ချူပ်ဆိုရန် ပြည်တွင်း၌ ညှိနှိုင်းခဲ့သော်လည်း
အဆင်ပြေမှုမရရှိခဲ့သဖြင့် နောက်တစ်ကြိမ်တွေ့ဆုံရန် ဆွေးနွေးခြင်းဖြစ်သည်။
ပြန်လည်အခြေချနေထိုင်ရေးကိစ္စများအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုအား
ဇူလိုင်လ (၂၈)ရက်နေ့က ၀န်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်တွင်
တွေ့ဆုံခဲ့ချိန်က တောင်ကြီးမြို့မှာ ယခုကဲ့သို့
ထပ်မံတွေ့ဆုံရန်ချိန်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုလည်း ဦးခွန်မြင့်ထွန်း က
ဆိုသည်။
“အခုတစ်ခေါက်မှာ နှစ်ဖက်အပြစ်အခတ်ရပ်စဲရေးအပါအ၀င်ငြိမ်းချမ်းရေးသဘောတူစာချူပ်ချူပ်ဆိုပြီးရင်တော့
ပအို့ လူမျိုးတွေရှိတဲ့ မွန်ပြည်နယ် သထုံမြို့နဲ့
ရှမ်းပြည်နယ်တောင်ကြီးမြို့တွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်သွားမှာ
ဖြစ်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLOအဖွဲ့သည်၂၀၀၉ခုနှစ်ဒီဇင်ဘာလကပအို့ပြည်သူ့
လွတ်မြောက် ရေးအဖွဲ့ (PPLO)၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊
တို့ အပါအ၀င် ပအို့လူငယ်အဖွဲ့၊ ပအို့အမျိုးသမီး အဖွဲ့နှင့် အလုပ်သမား
ရဟန်းသံဃာတော်များဖြင့် ထိုင်းမြန်မာနယ်စပ်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး
အစိုးရအား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
အောင်အောင်(မြစ်မခ)
No comments:
Post a Comment