Root လုပ်ရန် ခဲယဉ်းသည့် ဖုန်းများ၊ Root မလုပ်ချင် သူများ အတွက် Root လုပ်ရန်မလိုဘဲ မြန်မာစာ SMS ကို ထည့်သွင်း၍ အပြန်အလှန် ပေးပို့နိုင်ပြီဖြစ်ကြောင်းအဆိုပါဝန်ဆောင်မှုကို ပြုလုပ်ပေးလျက်ရှိသော ဖုန်းဆိုင်မှ သိရသည်။
အဆိုပါ SMS Software ကို Version 2.1 နှင့်အထက် ဖုန်းများတွင်
ထည့်သွင်းအသုံးပြုနိုင်ပြီး SMS Software ထည့်သွင်းထား သူချင်းသော်
လည်းကောင်း၊ မြန်မာစာ Font ထည့်သွင်းထားသူသို့လည်းကောင်း အပြန်အလှန်
မြန်မာစာဖြင့် Error ကင်းကင်း ပေးပို့နိုင်မည်ဖြစ်သည်။ Root
လုပ်ရန်မလိုသည့် SMS Software ကိုမူလ SMS ထက် အသွင်အပြင် ပိုမိုလှပစွာ
Function စုံလင်စွာ အသုံးပြုနိုင်ပြီး မိမိ message ကို password, pattern
lock များသုံး၍ ပိတ်ထားနိုင်မည်ဟု သိရသည်။
ထို့အပြင် မြန်မာစာ SMS Software တွင် SMILE Key Function များ
အသုံးပြုနိုင်ရန်ပါ လုပ်ဆောင်ပေးထားသောကြောင့် ဈေးနှုန်းချိုသာစွာဖြင့်
root လုပ်ရန် မလိုဘဲမြန်မာစာ SMS ပို့ချင်သူများ အနေဖြင့် MOBIMAY
ဖုန်းဆိုင် 09-731 60136 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
မေမြသူ
Net Guide Journal
No comments:
Post a Comment