ထိပ်တန်း search engine တစ်ခုဖြစ်သည့် Google သည် Android အခြေခံသော devices များအတွက် update version ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ update မှာ handset များမှနေ၍ Hangouts on Air ကို ဝင်ရောက် အသုံးပြုနိုင်ရန် ထောက်ပံ့မှု ပေးနိုင်မည်ဟုလည်း ဖြည့်စွက် ကြေညာသွားသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ထုတ်ဖော်ပြသခဲ့သော Handouts on Air စနစ်မှာ users များကို ကမ္ဘာတစ်ဝန်းလုံးမှ တခြားသော users များနှင့် video chats ကြည့်ရှု လုပ်ဆောင်နိုင်စေရန် အသုံးပြုခွင့် ပေးထားသည့် စနစ်တစ်ခုပင် ဖြစ်သည်။
သို့ရာတွင် အဆိုပါ Hangouts on Air စနစ်မှာ Google+ ၏ standard Hangouts
feature နှင့် မတူညီဘဲ မိမိစိတ်ကြိုက် မိတ်ဆွေအုပ်စုဖွဲ့ပြီး users
များကို video chats လုပ်ဆောင်နိုင်စေရန် အသုံးပြုခွင့် ပေးထားသည့်
စနစ်ဖြစ်သည်။ ယခု ထုတ်ပြန်လိုက်သော Hangouts feature အသစ်အပြင်
မိုဘိုင်းများအတွက် အသုံးပြုနိုင်သည့် Google+ မှာ iOS နှင့် Android
အသုံးပြုနေကြသော ဆယ်ကျော်သက်ရွယ် users များကိုလည်း ၎င်းတို့၏
ဖုန်းများမှတစ်ဆင့် ကိုယ်ပိုင် Hangouts ကို ဖန်တီးသုံးစွဲနိုင်စေရန်
ခွင့်ပြုလိုက်ပြီလည်း ဖြစ်သည်။ အစပိုင်းတွင် Hangouts ကို အသက် ၁၈ နှစ်
ပြည့်ပြီးသည့် adults များကိုသာ သုံးစွဲရန် ခွင့်ပြုထားသော်လည်း Google က
၎င်းတို့မူကို အနည်းငယ်လျှော့ချကာ အသက် ၁၃ နှစ်မှ အထက်ရှိသူတိုင်းကို video
chats သုံးစွဲနိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ Google+ ၏ အသေးစား
updates လုပ်မှုများတွင် Android ရှိ ဓာတ်ပုံများအတွက် floating tiemstamp
စနစ်အပါအဝင် mobile Chrome app မှတစ်ဆင့် Web links share လုပ်ခြင်းကို iOS
တွင်ပါ လုပ်ဆောင်နိုင်ပြီဖြစ်သည်။
Net Guide Journal
No comments:
Post a Comment