Tuesday, January 31, 2012

မြန်မာ့​စီး​ပွား​ရေး​ ​ခေတ်မီရန် စင်ကာပူက ကူညီမည်

November | 1/31/2012 10:54:00 AM | Best Blogger Tips
မန်မာ့​စီး​ ပွား​ရေး​ကို ​ခေတ်မီ​အောင်လုပ်​ရေး​ စင်ကာပူက အကူအညီ​ပေး​ဖို့​ စင်ကာပူကို ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ စင်ကာပူဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ သ​ဘောတူခဲ့​ကြပါတယ်။
                ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)
စင်ကာပူနိုင်ငံကို မ​နေ့​က ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​နဲ့​ စင်ကာပူ ဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ ဒီက​နေ့​ သ​ဘောတူတဲ့​အထဲမှာ စင်ကာပူက မြန်မာပြည်ကို တရား​ရေး​စနစ်၊​ ဘဏ်စနစ်နှင့်​၊​ ဘဏ္ဍာ​ရေး​ကဏ္ဍမှာ သင်တန်း​တွေ ​ပေး​ဖို့​၊​ စင်ကာပူရဲ့​ အ​ကောင်း​ဆုံး​ ကုန်သွယ်​ရေး​စနစ်၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ မြို့​ပြစီမံကိန်း​ကို မျှ​ဝေ​ပေး​ဖို့​ အစီအစဉ်​တွေ ပါဝင်ပါတယ်။
စင်ကာပူဟာ ​ဒေသတွင်း​မှာ ဘဏ္ဍာ​ရေး​လုပ်ငန်း​တွေရဲ့​ ဗဟိုချက်နဲ့​ နိုင်ငံတကာစီး​ပွား​ရေး​ ကုမ္ပဏီ​တွေ အကြိုက်​တွေ့​နိုင်တဲ့​ စီး​ပွား​ရေး​ ​ရေခံ​မြေခံ​တွေရှိပြီး​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တဲ့​အတွက် အိမ်နီး​ချင်း​နိုင်ငံ​တွေအတွက် နမူနာ ယူစရာ ဖြစ်​နေပါတယ်။
မကြာ​သေး​ ခင်ကပဲ မြန်မာသမ္မတ ဦး​သိန်း​စိန်ကလည်း​ ရန်ကုန်မြို့​ကို စင်ကာပူ ပုံစံမျိုး​ဖြစ်​အောင် လုပ်ဖို့​ ညွှန်ကြား​ခဲ့​တဲ့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပါတယ်။
စင်ကာပူမှာ အ​ခြေစိုက် အ​ရှေ့​တောင်အာရှ ​လေ့​လာ​ရေး​ဌာနက ​ဒေါက်တာ အက်ကာပွန် Aekapol Chongvilaivan က မြန်မာပြည်က စင်ကာပူ စီး​ပွား​ရေး​ပုံစံကို ပုံတူကူး​ချဖို့​ မဖြစ်နိုင်ဘူး​လို့​ အခုလို ​ပြောပါတယ်။
“စင်ကာပူရဲ့​ စီး​ပွား​ရေး​အောင်မြင်မှုကို အ​ရှေ့​တောင်အာရှ နိုင်ငံ​တွေအတွက် စံနမူနာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မြန်မာနဲ့​ စင်ကာပူက အ​ခြေအ​နေချင်း​က မတူပါဘူး​။ မြန်မာပြည်မှာ ကျယ်ပြန့်​တဲ့​ ပြည်တွင်း​ဈေး​ကွက်ရှိတယ်။ စင်ကာပူမှာ ပြည်တွင်း​ဈေး​ကွက်က ​သေး​ငယ်ပါတယ်။ ဒါ​ပေမယ့်​ စင်ကာပူမှာ အလွန်ပွင့်​လင်း​တဲ့​ ​ဈေး​ကွက် စီး​ပွား​ရေး​စနစ် ရှိပါတယ်။ ကုန်သွယ်​ရေး​နဲ့​ ရင်း​နှီး​မြှုပ်နှံမှုမှာ ဖွင့်​ထား​တဲ့​ ပုံစံရှိပါတယ်။ ဒါ​ကြောင့်​ မြန်မာပြည်မှာ အရင်ဆုံး​ လုပ်ရမှာက​တော့​ ဒါ​တွေကို ဖွင့်​ပေး​ဖို့​ လိုပါတယ်။”
ပြီး​ခဲ့​တဲ့​ အပတ်က နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ရဲ့​ အစီရင်ခံစာမှာ မြန်မာပြည်ဟာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ဖို့​ အလား​အလာ​တွေ ရှိ​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။ အခုနှစ် ဘဏ္ဍာ​ရေး​နှစ်မှာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု ၅ ဒဿမ ၅ တိုး​တက်ခဲ့​ပြီး​ လာမယ့်​နှစ်မှာလည်း​ ၆ ရာခိုင်နှုန်း​အထိ တိုး​တက်နိုင်တယ်လို့​ အိုင်အမ်အက်ဖ်က ခန့်​မှန်း​ထား​ပါတယ်။
ဒေါက်တာ အက်ကာပွန် Aekapol Chongvilaivan က​တော့​ မြန်မာပြည်မှာ သယံဇာတ​တွေ ကြွယ်ဝ​ပေမယ့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ဖို့​ လိုအပ်ချက်​တွေ ရှိ​နေတယ်လို့​ ​ထောက်ပြပါတယ်။
“စင်ကာပူမှာက သဘာဝသယံဇာတ​တွေမရှိဘူး​။ ဒါ​ပေမယ့်​ ကျွမ်း​ကျင် လုပ်သား​တွေ​ကြောင့်​ စီး​ပွား​ရေး​မှာ အကျိုး​ကျေး​ဇူး​တွေ ခံစား​နေရတယ်။ မြန်မာပြည်ကျ​တော့​ သဘာဝသယံဇာတ​တွေ ကြွယ်ဝတယ်။ ဒါ​ပေမယ့်​ ကျွမ်း​ကျင်တဲ့​ လုပ်သား​တွေ မရှိဘူး​။ တချိန်တည်း​မှာ ​ငွေ​ကြေး​ဈေး​ကွက်လည်း​ မရှိဘူး​။ ဒါ​ကြောင့်​ စင်ကာပူက ကျွမ်း​ကျင်မှု​တွေကို မြန်မာပြည်က ဖွင့်​ပေး​ဖို့​ လိုတယ်။ ဒီလို စီး​ပွား​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်မယ်ဆိုရင် စင်ကာပူ​ရော၊​ မြန်မာပြည်​ရော အပြန်အလှန် လိုအပ်ချက်​တွေကို ဖြည့်​ဆည်း​ပေး​ရာ ​ရောက်ပြီး​ နှစ်နိုင်ငံလုံး​အတွက် အကျိုး​ရှိပါတယ်။”
စင်ကာပူနိုင်ငံဟာ စီး​ပွား​ရေး​အရ တိုး​တက်​ပေမယ့်​ နိုင်ငံသား​တွေရဲ့​ နိုင်ငံ​ရေး​ လွတ်လပ်မှု​တွေကို အကန့်​အသတ်​တွေ ရှိ​နေတယ်လို့​ သတ်မှတ်ကြပါတယ်။
မြန်မာပြည်က​ တော့​ ​ရေရှည်မှာ စင်ကာပူလမ်း​ကြောင်း​လိုက်လို့​ မဖြစ်ဘူး​လို့​ ​ဒေါက်တာ အက်ကာပွန်က ​ပြောပါတယ်။ နိုင်ငံ​ရေး​အရ အ​ပြောင်း​အလဲ​တွေကို အ​နှေး​နဲ့​ အမြန်လုပ်မှ ဖြစ်မယ်လို့​ သူက ယူဆပါတယ်။
“မြန်မာပြည်မှာ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရကို တဖြည်း​ဖြည်း​ချင်း​ ဖယ်ရှား​ဖို့​ လိုပါတယ်၊​ နိုင်ငံတကာ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​အခင်း​အကျင်း​မှာ မြန်မာပြည်မှာ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရတရပ်က ဆက်အုပ်ချုပ်​နေမယ်ဆိုရင် စီး​ပွား​ရေး​တခါး​ ဖွင့်​နေတယ်ဆိုတဲ့​ ကိစ္စမှာ ရိုး​သား​တယ်၊​ ​လေး​နက်တယ် ဆိုတာကို ပြသဖို့​ ခက်ခဲပါတယ်။ တကမ္ဘာလုံး​ကလည်း​ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရက စီး​ပွား​ရေး​ ​ပေါ်လစီ​တွေမှာ အံဝင်ခွင်ကျ ဖြစ်ပါ့​မလား​လို့​ ​စောင့်​ကြည့်​နေကြတယ်။ ဒါ​ပေမယ့်​ မြန်မာပြည်မှာ အ​ပြောင်း​အလဲ​တွေ တဖြည်း​ဖြည်း​ချင်း​ ဖြစ်မလား​၊​ တဆင့်​ပြီး​ တဆင့်​ဖြစ်မလား​၊​ ဘယ်လိုဖြစ်မလဲ မ​သေချာပါဘူး​၊​ ဘယ်လိုပဲဖြစ်ဖြစ် ​နောက်ဆုံး​မှာ​တော့​ အ​ပြောင်း​အလဲက​တော့​ လုပ်ကို လုပ်ဖို့​ လိုပါတယ်။”
ဦး​သိန်း​ စိန်ဟာ အရင် စစ်အစိုး​ရ ဝန်ကြီး​ချုပ်အဖြစ် တာဝန်ယူတဲ့​ ၂၀၀၉ ခုနှစ်ကလည်း​ စင်ကာပူကို သွား​ရောက်ခဲ့​ပြီး​၊​ တနင်္ဂ​နွေ​နေ့​က စတင်ခဲ့​တဲ့​ ၄ ရက် ကြာ အခုခရီး​စဉ်မှာ​တော့​ သူနဲ့​အတူ ဇနီး​ ​ဒေါ်ခင်ခင်ဝင်း​၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဍ​မောင်လွင်တို့​ လိုက်ပါသွား​ကြပါတယ်။ 
ဒီဗွီဘီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1