မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေကို လက်မခံတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ကို တုံ့ပြန်တဲ့ ကြေညာချက် တစ်ရပ်ကို အမေရိကန်ကွန်ဂရက်အောက် လွှတ်တော်က မြန်မာ့အရေး ဆောင်ရွက်တာမှာ ထင်ရှားသူ တစ်ဦးဖြစ်တဲ့ နယူးယောက် ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) က ဇွန်လ (၁၅) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။