Thursday, February 2, 2012

ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား

November | 2/02/2012 03:45:00 PM | Best Blogger Tips


ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်စုမှာ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက ညွှန်ကြား​လိုက်ပါတယ်။

ဦးခင် ရွှေ
ဦး​ခင်​ ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ လွန်ခဲ့​တဲ့​ ၂၀၁၀ ဧပြီလက လယ်သမား​တွေလုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။
ဒီစက်မှုဇုန် စီမံကိန်း​နဲ့​ ပတ်သက်လို့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက တိုင်ကြား​ခဲ့​ပြီး​တဲ့​နောက် အဲဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ရဲ့​ ညွှန်ကြား​ချက်ကို ​ဇေကမ္ဘာကုမ္ပဏီမန်​နေဂျာ ဦး​မြင့်​ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်​နေ့​မှာ ဖတ်ပြပါတယ်။
ရန်ကုန်တိုင်း ​ ​ဒေသကြီး​အစိုး​ရရဲ့​ ညွှန်ကြား​ချက်မှာ စက်မှုဇုန်​ဖော်​ဆောင်ခွင့်​ ပြသဖို့​ လယ်​မြေ​ပေါ်မှာ စက်မှုဇုန် လုပ်ခွင့်​ မရှိတာ​ကြောင့်​ သီး​စား​ချထား​ပေး​တာကို ပြန်လည်ရုပ်သိမ်း​မှာ ဖြစ်တဲ့​အ​ကြောင်း​ ပါရှိပါတယ်။
တကယ်လို့​ မလိုက်နာရင် အ​ရေး​ယူခံရမယ် ဆိုတဲ့​စာသား​ကို စာလက်ဝယ်ရထား​သူ လယ်သိမ်း​ခံရတဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ခုလို ဖတ်ပြပါတယ်။
“ခွင့်​ ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေပါက လယ်​မြေကို ဖျက်ဆီး​ခြင်း​ဟု သတ်မှတ်၍ အ​ရေး​ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်တဲ့​။”
ရန်ကုန်တိုင်း ​ဒေသကြီး​အစိုး​ရက ​ဇေကမ္ဘာကုမ္ပဏီ မန်​နေဂျာကို မ​ခေါ်ခင်မှာ ​ဇေကမ္ဘာဥက္ကဋ္ဌ ဦး​ခင်​ရွှေနဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​ရွှေသီဟတို့​ကို ဆင့်​ခေါ်​ပေမယ့်​ မွန်ပြည်နယ် ဘီး​လင်း​မြို့​ ကျိုက်ထီး​ဆောင်း​စေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်က​နေ ၂၇ အထိ ပဉ္စင်း​ဝတ်​နေတာ​ကြောင့်​ မလာ​ရောက်နိုင်ခဲ့​တာလို့​ ဆိုပါတယ်။
ဒီသတင်း​နဲ့​ ပတ်သက်လို့​ ​ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ​တွေကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​ရက်ပိုင်း​အထိ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဘူဒိုဇာနဲ့​ ထိုး​ဖျက်​နေရာက​နေ အခုရက်ပိုင်း​မှာ​တော့​ ရပ်နား​ထား​တယ်လို့​ လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်က ​ပြောပါတယ်၊​။
“သူတို့​ နှစ်တိုင်း​ တာဝန်​ကျေစပါး​တွေ၊​ ကျ​နော်တို့​ သီး​ထပ်တင်တဲ့​အချိန် သီး​ထပ်တင်တယ်။ စိုက်ဘဏ်တို့​ ရိတ်ဘဏ်တို့​ အကုန်လုံး​ထုတ်​နေကြ။ နှစ်တိုင်း​ထုတ်​နေကြ။ အခု သူဝင်လာ​နှောင့်​ယှက်မှ ဦး​တို့​ လယ်သမား​တွေ ဘာမှ မဖြစ်​တော့​ဘူး​။ တကယ့်​လယ်သမား​အစစ်ဆိုတာ ဦး​တို့​ လယ်သမား​ပါ။”
အဲဒီအချိန်က စစ်​ကောင်စီ​ခေတ်ဖြစ်ပြီး​ လယ်​မြေ​တွေကို နိုင်ငံ​တော်ပိုင်​မြေအဖြစ် သိမ်း​မယ်လို့​ သတင်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်တာ​ကြောင့်​ လယ်သမား​တွေက ဆုံး​မယ့်​အတူတူ ကျပ် ​ငွေ ၃ သိန်း​ ရတာကိုပဲ ​ကျေး​ဇူး​တင်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဒါ့​အပြင် ဦး​ခင်​ရွှေကိုယ်တိုင် စင်​ပေါ်တက်ပြီး​ ဒီ​မြေ​တွေမှာ ဆက်လက်လုပ်ကိုင်ခွင့်​ ရှိတယ်လို့​ လယ်သမား​တွေကို ကတိပြုပြီး​ မကြာခင်မှာ လုပ်ခွင့်​မ​ပေး​တော့​ဘူး​လို့​ ၁၄ ဧက ဆုံး​ရှုံး​ခဲ့​တဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ​ပြောပါတယ်။
“ပိုက်ဆံ​ပေး​ တာက ကရုဏာ​ကြေး​ပေး​တာတဲ့​၊​ လယ်ဝယ်တာမဟုတ်ဘူး​တဲ့​။ ဦး​ခင်​ရွှေကိုယ်တိုင် ​ပြောသွား​တာပဲ။ လယ်သမား​တွေ ဘာမှ စိတ်မပျက်နဲ့​ ဒီတိုင်း​ပဲလုပ်စား​တဲ့​။ ကျမတို့​လည်း​ ဝမ်း​သာအား​ရ​ပေါ့​။ ယူပြီး​ တနှစ်​တောင် မရှိ​သေး​ခင် တခါတည်း​ တံစဉ်း​တွေ အကုန်ဖျက်ပြီး​ လယ်မလုပ်ခိုင်း​ဘူး​လေ။”
သူတို့​လယ်​ မြေ​တွေဟာ တဧကကို ကျပ်​ငွေ သိန်း​ ၃၀ က​နေ သိန်း​ ၅၀ အထိ ​ပေါက်​နေတာ​ကြောင့်​ အစိုး​ရသစ်လက်ထက်မှာ သူတို့​လယ်​တွေမှာ ပြန်လုပ်ခွင့်​ပေး​ဖို့​ အကြိမ်ကြိမ်တိုင်တန်း​ခဲ့​တယ်လို့​ ဦး​ကျော်စိန်က ​ပြောပါတယ်။
တား​ မြစ်ခံရတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ စက်မှုဇုန်ဟာ ​ဒေသခံလယ်သမား​တွေ နှစ် ၂၀ ခန့်​ လုပ်ကိုင်စား​သောက်တဲ့​ ​မြေဖြစ်တယ်လို့​ လယ်ဆုံး​ရှုံး​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။ 
DVB

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် လာရောက်

November | 2/02/2012 11:17:00 AM | Best Blogger Tips


Photo
7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ - ၃၀
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးစောင့်ကြည့်ရေးအထူးစောင့်ကြည့်ရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ဇန်န၀ါရီ ၃၁ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိ မည်ဖြစ်ပြီး သူ၏ခရီးစဉ်မှာ
Print Friendly and PDF

"NLD ချမ်းသာခြင်း ဒဏ်ခံနိုင်ရည်ရှိ မရှိ စမ်းပေးကြပါဟု ထားဝယ်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား"

November | 2/02/2012 10:56:00 AM | Best Blogger Tips
နှစ် ၂ဝ ကျော်ကြာဆင်း ရဲဒဏ် ခံခဲ့ရသော NLD ကို ချမ်းသာခြင်း၏ ဒဏ်ခံနိုင်ရည် ရှိ မရှိ စမ်းကြည့်ပေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်ပြည်သူများအား ပြော ကြားခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၌ ပြည်သူများနှင့် တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
Print Friendly and PDF

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နှစ်ထပ်တိုက် ပြိုကျ၊ ထိခိုက် သေဆုံးမှု မရှိ

November | 2/02/2012 10:50:00 AM | Best Blogger Tips

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် နှစ်ထပ်အိမ် တစ်လုံး ပြိုကျခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
မင်္ဂလာတောင်ညွန့်၊ သပြေ ကုန်းရပ်ကွက် ၁၁၉ လမ်း၊ အိမ် အမှတ်(၁၃)၊ ဦးကာစင်ဘိုင်(ခ) ဦးသန်းဝင်း၏ နေအိမ်ဖြစ်ပြီး မိသားစု ငါးဦးနေထိုင်ကြောင်း၊ အဆိုပါ အိမ် သည် ရှေးဟောင်း အိမ်တစ်လုံးဖြစ် သော်လည်း အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်ထားခြင်း မရှိသေး ဟု ၁၁၉ လမ်းရှိ မျက်မြင် သက်သေတို့က ပြောသည်။
Print Friendly and PDF

မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ

November | 2/02/2012 10:42:00 AM | Best Blogger Tips

              အနံ့ထွက်နေသည့် နေရာအား ရေဖြန်းပြီး သတိပေးစာ ကပ်ထားသည်ကို တွေ့ရစဉ်                                             မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။
Print Friendly and PDF

ရေဒီိယိုနှင့် ရုပ်သံလိုင်း ပြည်တွင်း၌ အခြေစိုက် ထုတ်လွှင့်ရန် VOA, BBC ကြိုးပမ်းနေ

November | 2/02/2012 10:18:00 AM | Best Blogger Tips
VOA မြန်မာဌာနမှူးဦးသန်းလွင်ထွန်း
မြန်မာပြည်တွင်း အခြေစိုက်ရုံးဖွင့်လှစ်၍ တိုက်ရိုက်သတင်းရယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း ပြည်ပအခြေစိုက် သတင်းမီဒီယာများက ပြောကြားသည်။ ထိုသို့ ညှိနှိုင်းဆွေးနွေးမှုများကို
Print Friendly and PDF

သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရ

November | 2/02/2012 12:04:00 AM | Best Blogger Tips
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။


Credit: AFP Photo/Roslan Rahman
သမ္မတ ဦးသိန်းစိန် (၀ဲ) နှင့် စင်္ကာပူ သမ္မတ တိုနီတန် (ယာ) တို့ကို စင်္ကာပူ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။
Print Friendly and PDF

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1