Saturday, February 18, 2012

မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်

November | 2/18/2012 02:35:00 PM | Best Blogger Tips
မီးလောင်ပြင်သို့သွားသော မီးသတ်ယာဉ်များအား လမ်း ဖယ်မပေးဘဲ ပိတ်ဆို့ပြိုင်ဆိုင်မောင်းနှင်သော ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အရေးယူဖမ်းဆီးသွားတော့ မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
Print Friendly and PDF

ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ

November | 2/18/2012 02:29:00 PM | Best Blogger Tips
ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။
Print Friendly and PDF

ပါကစ္စတန်ဝန်ကြီးချုပ် ရုံးတော်မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲခံရ

November | 2/18/2012 09:58:00 AM | Best Blogger Tips

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစ္စလမ္မာဘတ်မြို့ တရားရုံးချုပ်သို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
Print Friendly and PDF

လှိုင်သာယာ အလုပ်သမား​သပိတ် တရား​ရုံး​ ​ရောက်မည်

November | 2/18/2012 09:45:00 AM | Best Blogger Tips
တပတ်​ကျော် ​ပြေလည်မှု မရ​သေး​တဲ့​ ရန်ကုန်လှိုင်သာယာ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ ဥပ​ဒေ​ကြောင်း​အရ ကြိုး​စား​မယ့်​ ပုံစံ​ပြောင်း​လဲသွား​ပြီး​ ​နောက်ထပ် မ​ရေမရာ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။
လုပ်အား ​ခ တိုး​မြှင့်​ပေး​ရေး​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ ​ဆွေး​နွေး​ညှိနှိုင်း​လို့​ မရ​တော့​တာ​ကြောင့်​ ဥပ​ဒေ​ကြောင်း​အရ ​ဖြေရှင်း​ဖို့​ ကြိုး​စား​တာလို့​ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့​တဲ့​ ဆန္ဒပြအလုပ်သမား​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။
Print Friendly and PDF

အီရန်ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ကြို

November | 2/18/2012 09:44:00 AM | Best Blogger Tips
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့ အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine Ashton) တို့က ပြောပါတယ်။
Print Friendly and PDF

ရွေးကောက်ပွဲအောင်နိုင်ရေး မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် လားရှိုးသွားမည်

November | 2/18/2012 09:41:00 AM | Best Blogger Tips
မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်နောက်ပိုင်းမှသာ တခြားမြို့နယ်သို့ စည်းရုံးရေးခရီးဆင်းမည် ဖြစ်ကြောင်း လားရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင် မည့် စိုင်းမြင့်မောင် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း

“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။  ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။
Print Friendly and PDF

အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ

November | 2/18/2012 09:37:00 AM | Best Blogger Tips
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ် မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။
Print Friendly and PDF

ရွှေညဝါဆရာ​တော်နှင့်​ သံဃာများ​ ဆွမ်း​ခံအလှူပစ္စည်း​ မီး​ဘေး​ဒုက္ခသည်များ​ကို စွန့်​ကြဲ

November | 2/18/2012 09:34:00 AM | Best Blogger Tips
                                      “၇၀၀ ဝန်း​ကျင်​လောက် ရှိမယ်လို့​ သီလရှင်​တွေ​ရော၊​ သံဃာ​တော်​တွေ​ရော။ သီလရှင်​တွေက ၁၉၀ ​ကျော်​လောက်ရှိတယ်။ သံဃာက ၅၀၀ ​လောက် ရှိတယ်။ ကြည့်​မြင်တိုင်၊​ ကမာရွတ် အကုန်လုံး​ကို အလှည့်​ကျနဲ့​ ပုံမှန်အတိုင်း​ကြွတာ​လေ။ ဒီ​နေ့​ ၇ ရက် ရှိသွား​ပြီ​လေ။ မီး​ဘေး​ဒုက္ခသည်​တွေကိုလည်း​ သွား​လှူတာ၊​ ပြည် သွား​လှူဦး​မယ် ၇ ရက်​မြောက်​ပေါ့​။”
Print Friendly and PDF

ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း

November | 2/18/2012 09:28:00 AM | Best Blogger Tips
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောလိုက်ပါတယ်။
Print Friendly and PDF

NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း

November | 2/18/2012 09:24:00 AM | Best Blogger Tips
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် 
နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)


မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ အတွက် ပညာရေးကဏ္ဍ တိုးတက်ဖို့ဟာ အန်မတန် အရေးတကြီး လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ပါတီစည်းရုံးရေးအဖြစ် ဖျာပုံမြို့ကို သွားစဉ်အတွင်း လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်သလို လုံခြုံလွတ်လပ်တဲ့ ဘ၀တွေကို ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ လူထုအားလုံး ပါဝင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။
Print Friendly and PDF

အဲကမ္ဘောဇလေယာဉ် ရှေ့ဘီးချွတ်ယွင်း၊ ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ

November | 2/18/2012 09:21:00 AM | Best Blogger Tips
ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးကနေ ရခိုင်ပြည်နယ် သံတွဲကို ထွက်ခွာလာတဲ့ အဲကမ္ဘောဇ လေယာဉ်ဟာ ဒီနေ့ နံနက်ပိုင်းက သံတွဲမြို့က လေယာဉ်ကွင်းမှာ ရှေ့ဘီးကျိုးသွားခဲ့ပြီးတော့ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရပါတယ်။
စီးနင်းသူ ၅၇ ဦး လိုက်ပါလာတဲ့ အဲကမ္ဘောဇ ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲ ကျော်လောက်မှာ ဘီးချွှတ်ယွင်းသွားပြီးတော့​ ​လေယာဉ်ပြေးလမ်းကြောင်းပေါ်ကနေ​ချော်ထွက်ကာ ကိုက် ၁၀၀ အကွာမှာ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတယ်လို့  သံတွဲမြို့နယ် မီးသတ်ဌာနက အရာရှိတဦးက ပြောပါတယ်။
Print Friendly and PDF

တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှု

November | 2/18/2012 09:09:00 AM | Best Blogger Tips
တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)   ယနေ့ နေ့လယ် ၃ နာရီ ၁၅မိနစ်တွင် တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် စိန်ရတနာ(၃)လမ်း အိမ်အမှတ် ၁၉၃ (က) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ စတင်လောင်ကျွှမ်းခဲ့ပြီး ၃နာရီ မီနစ်၄၀တွင်မီးငြိမ်းသွားခဲ့သည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။
From MNN

ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံအား​ကစား​ကွင်း​တွင် ​ဟော​ပြောခွင့်​ မရ

November | 2/18/2012 09:05:00 AM | Best Blogger Tips
ဧရာဝတီတိုင်း​ ဖျာပုံမြို့​ ​ဘောလုံး​ကွင်း​မှာ ဒီက​နေ့​ ကျင်း​ပဖို့​ ပြင်ထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်​ဟော​ပြောပွဲကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​က ခွင့်​မပြုတဲ့​အတွက် မြို့​က​နေ နှစ်မိုင်အကွာက သဲကွင်း​မှာ ​ပြောင်း​ရွှေ့​ခဲ့​ရပါတယ်။
ဖျာပုံမြို့ ​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ကိုသိန်း​ဆွေက “ဖျာပုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​ဟောတယ်။ တရား​ဟောတဲ့​အခါကျ​တော့​ ဒီက အဲဒီရုံး​ရှေ့​မှာ လာပြီး​ နား​ထောင်တဲ့​ လူ​တွေ ရှိတယ်​လေ။
Print Friendly and PDF

မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း

November | 2/18/2012 08:41:00 AM | Best Blogger Tips
အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
Print Friendly and PDF

ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ

November | 2/18/2012 08:40:00 AM | Best Blogger Tips
                          


ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။
Print Friendly and PDF

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1