Monday, February 27, 2012

ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင် ပါတီမှတ်ပုံပြန်တင်

November | 2/27/2012 08:10:00 PM | Best Blogger Tips
စစ်အစိုး​ ရလက်ထက်က တရား​ဝင်ပါတီအဖြစ်က​နေ ဖျက်သိမ်း​ခြင်း​ခံခဲ့​ရတဲ့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် (​အေအယ်လ်ဒီ) ဟာ ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။

ဦး ​သိန်း​စိန် အစိုး​ရလက်ထက်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်တဲ့​အတွက် ခုလို နိုင်ငံ​ရေး​ပါတီ မှတ်ပုံပြန်တင်တာလို့​ ​အေအယ်လ်ဒီ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ယာယီဥက္ကဋ္ဌ ဦး​သာဗန်း​က ​ပြောပါတယ်။
“မ​နေ့​က ကျ​နော်တို့​အဖွဲ့​က ဦး​ကျော်မြင့်​နဲ့​ ဦး​မျိုး​ကျော်တို့​ ​နေပြည်​တော်ကို သွား​ပြီး​တော့​ ဒီ​နေ့​ ၁၁ နာရီမှာ ​ရွေး​ကောက်ပွဲ​ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့​ဆိုတာ တလနည်း​ပါး​လောက်ကြာမယ်။ ပါတီနဲ့​ပတ်သက်တဲ့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​တို့​၊​ ဘဏ္ဍာ​ရေး​မှူး​တို့​၊​ ​ရွေး​ပြီး​တော့​ အလံ၊​ တံဆိပ်​တွေ ဘာ​တွေ မှတ်ပုံတင်ကျတာနဲ့​ တပါတည်း​တင်ရမယ်။ ”
ပါတီမှတ်ပုံတင်ဖို့ ​အတွက် အနည်း​ဆုံး​ ပါတီဝင် ၂၃ ဦး​ရဲ့​ ​ထောက်ခံချက် လက်မှတ်ထိုး​မှုနဲ့​ တင်ခဲ့​တာ ဖြစ်တယ်။ ပါတီတံဆိပ်နဲ့​ အလံကို မ​ပြောင်း​လဲဘဲ အရင်အတိုင်း​ ပြန်သုံး​မှဖြစ်ပြီး​ မှတ်ပုံတင်ကျလာပါက ရခိုင်ပြည်နယ်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ ဘာသာ​ရေး​ အခွင့်​အ​ရေး​တွေအတွက် ​ဆောင်ရွက်သွား​မယ်လို့​ ဆိုပါတယ်။
၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေအား​လုံး​ မှတ်ပုံပြန်တင်ပြီး​တဲ့​အခါ အရင်က ဖွဲ့​စည်း​ခဲ့​ဖူး​တဲ့​ ပြည်​ထောင်စု တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် (ယူအန်အယ်လ်ဒီ)လို တိုင်း​ရင်း​သား​ပါတီအဖွဲ့​တခု ဖွဲ့​စည်း​ပြီး​ တိုင်း​ရင်း​သား​အ​ရေး​တွေ ​ဆောင်ရွက်သွား​မယ်လို့​ ဦး​သာဗန်း​က ဆက်​ပြောပါတယ်။
ရခိုင်ဒီမိုက​ ရေစီအဖွဲ့​ချုပ်(​အေအယ်လ်ဒီ)ကို ၁၉၈၈ ခုနှစ် ​အောက်တိုဘာလ ၁၂ ရက်​နေ့​က စတင်တည်​ထောင်ခဲ့​ပြီး​၊​ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​က ရခိုင်ပြည်နယ်မှာ လွှတ်​တော်အမတ် ၁၁ ​နေရာနဲ့​ အနိုင်ရခဲ့​တာပါ။ 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1