
ဦးအေးချမ်းနိုင်
ဒီမိုကရက်တစ်
မြန်မာ့အသံ ညွှန်ကြားရေးမှူးနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့
ဦးအေးချမ်းနိုင်ဟာ ဒီနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို တရားဝင်
သွားရောက်ပါတယ်။
ဦးအေးချမ်းနိုင်ရဲ့၅ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရတာဝန်ရှိသူတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိပြီး
မြန်မာပြည်တွင်းသတင်းမီဒီယာဖွံ့ဖြိုးမှုအခြေအနေကို လေ့လာစုံစမ်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင်
မြန်မာပြည်တွင်းက သတင်းမီဒီယာမျိုးစုံ၊ အဖွဲ့အစည်းအစုအဖွဲ့
အလွှာအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေသူတွေနဲ့လည်း
တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ဒီခရီးစဉ်ဟာ
အနှစ် ၂၀ ကျော်ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံနဲ့
ဦးအေးချမ်းနိုင်ရပထမဆုံး မြန်မာပြည် တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။


Ref; DVB
No comments:
Post a Comment