ရန်ကုန်လေဆိပ် |
ယခင်က ပြည်ပထွက်ခွာမည့်သူများအား လိုက်ပါပို့ဆောင်ပေးမည့်သူများနှင့် ပြည်ပမှပြန်လည် ရောက်ရှိလာသူများကို ကြိုဆိုမည့်သူမားသည် လေဆိပ်အတွင်းသို့ ၀င်ရောက်ရန်လျှောက်လွှာဖြည့်သွင်း၍ ၀င် ကြေးပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိခဲ့သည်။ ထို့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သို့ ၀င်ရောက်မည့်ယာဉ်များသည်လည်း သတ်မှတ်ယာဉ်ဝင်ကြေးကိုပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိ ခဲ့သည်။
ယခုတွင်မူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်များနှင့် ယာဉ် များအတွက် မည်သည့်ဝင်ကြေးမှ ပေးရန်မလိုတော့ကြောင်း လေဆိပ်ဝင်ပေါက်များတွင် ကြေညာထားပါသည်။
" ခရီးသည်တွေ လေဆိပ်ထဲကို အလွယ်တကူဝင်ထွက်သွားလာနိုင်ဖို့အတွက် အခုလိုဖြေ လျော့မှုတွေကို ပြုလုပ်ရတာပါ။ ဒါ့အပြင် လေဆိပ်ထဲမှာ ခရီးသည်တွေစောင့်ဆိုင်းဖို့ နေရာထိုင်ခင်းအဆင်ပြေဖို့ အတွက်လည်း စီစဉ်ထားပါတယ်။ ခရီးသည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေအားလုံးကို စိစစ် ပြုပြင်သွားမှာပါ" ဟု ရန်ကုန်လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်လာမည့် နိုင်ငံခြားသားခရီးသည်များ အားကူညီရန် ကောင်တာများကိုလည်း ၂၀၁၁ ခုနှစ်ကတည်းက ထားရှိပေးထားကြောင်း ၊ ၂၀၁၁ ခုနှစ်၌ ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ၌ ခရီးသည် ၂၄ သိန်းကျော်သွားလာမှုရှိခဲ့ ကြောင်း သိရှိရပါသည်။
်From EMG
No comments:
Post a Comment