Saturday, February 18, 2012

ပါကစ္စတန်ဝန်ကြီးချုပ် ရုံးတော်မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲခံရ

November | 2/18/2012 09:58:00 AM | Best Blogger Tips

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစ္စလမ္မာဘတ်မြို့ တရားရုံးချုပ်သို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ


(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
အစ္စလမ္မာဘတ်- ပါကစ္စတန်ဝန်ကြီးချုပ်အား ပါကစ္စတန်နိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်က ရုံးတော်အား မထီမဲ့မြင် ပြုမှုဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။
ဝန်ကြီးချုပ်က သူ့တွင် အပြစ်မရှိကြောင်း လျှောက်လဲမည်ဟုဆိုသည်။
ရုံးတော်က အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ၀န်ကြီးချုပ်သည် ထောင်ဒဏ် ခြောက်လ ကျခံရဖွယ်ရှိပြီး လက်ရှိ ၀န်ကြီးချုပ်ရာထူးမှလည်း နုတ်ထွက်ပေးရမည်ဖြစ်သည်။
ပါကစ္စတန်သမ္မတအား အဂတိ လိုက်စားမှုဖြင့် အမှုပြန်ဖွင့်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံ အာဏာပိုင်တို့ထံ စာရေးအကြောင်းကြားရန် ၀န်ကြီးချုပ် ဂီလာနီ အစိုးရက နှစ်နှစ်တိုင်တိုင် ငြင်းဆန်နေခဲ့သဖြင့် ရုံးတော်က ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ရုံးတော်အား မထီမဲ့မြင်ပြုမှုကို ကြာရှည်အောင် အချိန်ဆွဲထားနိုင်သော်လည်း လှိုင်းတံပိုးထန်လှသော ပါကစ္စတန် နိုင်ငံရေးကို ပို၍ မတည်မငြိမ် ဖြစ်သွားစေမည်ဖြစ်သည်။
အယ်လ်ကေဒါနှင့် တာလီဘန် အကြမ်းဖက်မှုတို့ကို ရှေ့တန်းမှ ရင်ဆိုင်နေရသော ပါကစ္စတန်နိုင်ငံတွင် ရွေးကောက် ပွဲကို လ အနည်းငယ်အတွင်း ထပ်မံကျင်းပ ပေးရဖွယ်ရှိသွားနိုင်သည်။
သမ္မတ အဆစ် အလီဇာဒါရီနှင့် ကွယ်လွန်သွားပြီဖြစ်သော သူ့ဇနီး ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုတို့သည် ၁၉၉၀ ပြည့်လွန်နှစ် များဆီက ဆွစ်ဇာလန်ဘဏ်စာရင်းကို အသုံးချ၍ ကုမ္ပဏီများက ကန်ထရိုက် ရရန်ပေးသော လာဘ်ငွေ ဒေါ်လာ ၁၂ သန်းကို ခ၀ါချခဲ့သည်ဟု အတိုက်အခံတို့က သံသယရှိနေခဲ့သည်။
ဝန်ကြီးချုပ် ဂီလာနီ ရုံးတော်သို့ ရောက်လျှင်ရောက်ချင်း ရုံးတော်က သူ့အား ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုလိုက်ရာ ၀န်ကြီးချုပ်က သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။
ပါကစ္စတန်သမိုင်းတွင် ၀န်ကြီးချုပ် တစ်ဦးကို ရုံးတော်က ပထမဆုံးအကြိမ် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
"Mr. 10 Percent" ဟု အမည်ပြောင် ပေးခံရသော သမ္မတ ဇာဒါရီသည် အဂတိလိုက်စားမှု၊ လူသတ်မှုများဖြင့် ထောင်ထဲတွင် ၁၁ နှစ်ကြာ နေခဲ့ရသူ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ဇာဒါရီ သမ္မတဖြစ်လာသောအခါ နိုင်ငံ့အကြီး အကဲတစ်ဦးအဖြစ် ရှိနေသရွေ့ ဇာဒါရီ ကို အမှုမဖွင့်နိုင်ဟုဆိုကာ ဆွစ်ဇာလန် နိုင်ငံက အမှုကိုပိတ်ထားခဲ့သည်။
From Myanmar Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1