Monday, February 27, 2012

 တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ

November | 2/27/2012 09:26:00 AM | Best Blogger Tips
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖေဖော်ဝါရီလ၂၂ရက်နေ့ကချစ်ကြည်ရေးခရီးစတင်သွားရောက်ခဲ့သော
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ရောက်ရှိ လာခဲ့သည်။

ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် ပေကျင်းမြို့ရှိ Temple of Heaven Park ကို သွားရောက်လေ့လာကြည့်ရှုခြင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်းဒီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးကော်မတီဝင်၊ တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ တရုတ် ကွန် မြူနစ်ပါတီ ဗဟိုကော်မတီဖွဲ့စည်းရေးဝန်ကြီးဌာန ၀န်ကြီး Li Yuan Chao ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo၊ ဒုတိယဥက္ကဋ္ဌ Lu Yong Xiang တို့နှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဘာသာရေးနယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင်ပါ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။        
ထို့ပြင် တီရန်ကျင်းမြို့သို့ အထူးအမြန်ရထားဖြင့်သွားရောက်၍ တီရန်ကျင်းမြို့စီမံကိန်းပြတိုက်ကို လေ့လာကြည့်ရှုခြင်း၊ အီတလီပုံစံ ရပ်ကွက်ကို လမ်းလျှောက်လေ့လာခြင်း၊ ၀န်ကြီးချုပ် ချူအင်လိုင်းနှင့်ဇနီး အ ထိမ်းအမှတ်ပြတိုက်ကို လေ့လာကြည့်ရှုခြင်း၊ Da Bei Chan Yuan ဘုရားကျောင်းအား လေ့လာဖူးမြော်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွား ရောက်ခဲ့ခြင်းဖြစ်သည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1