Monday, February 27, 2012

 လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မဲခေါင်ဒေသရှိ အစိုးရခြောက်ခုမှ လက်မှတ်ရေးထိုးမှုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်ကျင်းပခဲ့

November | 2/27/2012 09:41:00 AM | Best Blogger Tips
အဆိုပါမဲခေါင်ဒေသရှိ အစိုးရခြောက်ခုမှ လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်(၈)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် ၀န်ကြီးအဆင့်အစည်းအဝေး (Coordinated Mekong Ministerial Initiative Against Trafficking-COMMIT) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယင်းလက်မှတ်ရေးထိုးမှုကို ၀န်ကြီးအဆင့်အစည်း၌ မဲခေါင်ဒေသခြောက်နိုင်ငံမှဝန်ကြီးများက ဒုတိယအကြိမ်မြောက် ပူးတွဲကြေငြာချက်အဖြစ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်း COMMIT သည်မဲခေါင်ဒေသ ခြောက်နိုင်ငံမှ အစိုးရများကလူ ကုန်ကူးမှုတိုက်ဖျက်ရာတွင် နိုင်ငံ အဆင့်အစီအစဉ်များကို ဒေသအဆင့်နှင့်ချိတ်ဆက်ကာ စတင်ဆောင်ရွက်သည့် ထူးခြားသောလုပ်ငန်းစဉ် ဖြစ်ကြောင်းဗီယက်နမ်နိုင်ငံမှ Public Security ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး Police  Lieutenant General Pham Quy Ngo က ၎င်းအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။
အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာမှ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ကုလသမဂ္ဂနှင့် သံရုံးမှကိုယ်စားလှယ်များ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဥပဒေစိုးမိုးရေးသင်တန်းများ ပို့ချခြင်း၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူကူန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ချုပ်ဆိုခြင်းအပါအ၀င် လုပ်ငန်းပေါင်း ၃၅၀ ကျော်ပါဝင်သည့် ဒုတိယအကြိမ်ဒေသခွဲဆိုင်ရာ လုပ်ငန်းစီမံချက်(၂၀၀၈-၂၀၁၀) တို့ကို ပြန်လည်သုံးသပ်ခဲ့ပါသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1