Monday, February 27, 2012

အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား

November | 2/27/2012 08:05:00 PM | Best Blogger Tips
အသက် ၁၇ နှစ် အရွယ်အမျိုး​သမီး​ငယ်ကို ညှဉ်း​ပန်း​နှိပ်စက်ပြီး​ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​သူကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​မှာ ကာယကံရှင်ကိုယ်တိုင် သွား​ရောက် တိုင်တန်း​ပါတယ်။

အခင်း ​ဖြစ်ပွား​ပုံက​တော့​ ဧရာဝတီတိုင်း​ ​ကျောင်း​ကုန်း​မြို့​မှာ​နေတဲ့​ အသက် ၁၇ နှစ်အရွယ် ၁၀ တန်း​ကျောင်း​သူကို အ​ဒေါ်​တော်စပ်သူက ​ကျောင်း​ထား​ပြီး​ ​ကျွေး​မွေး​ပြုစုမယ်ဆိုပြီး​ ​ခေါ်​ဆောင်သွား​တာပါ။
မနှစ်ဇွန်လမှာ လိုက်ပါသွား​ခဲ့​ပြီး​နောက် အ​ဒေါ်ကိုယ်တိုင်က ​ကျောင်း​ထား​မ​ပေး​ဘဲ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​တာလို့​ ကာယကံရှင်ကိုယ်တိုင်က ​ပြောပါတယ်။
“​ရောင်း​စား​ တယ်ဆိုတဲ့​သ​ဘော​ပေါ့​။ ပြည့်​တန်ဆာလုပ်ခိုင်း​တယ်။ ​ယောကျာ်း​တွေနဲ့​ ထည့်​ပေး​လိုက်တယ်။ လူတ​ယောက်က ​ခေါ်မယ်ဆိုရင် အဲဒီလူဆီက ပိုက်ဆံကိုယူပြီး​ သမီး​ကိုအတင်း​ ထိုး​ထည့်​ပေး​လိုက်တာ။ လုပ်ခလည်း​ တပြား​မှမရဘူး​။ အကုန်လုံး​ သူတို့​ ယူတာချည်း​ပဲ။ မနား​ရဘူး​။ ညတိုင်း​ဆက်တိုက် ​ခေါ်ထုတ်သွား​တယ်။ ၂ ကြိမ်တိတိ ထွက်​ပြေး​ဖူး​တယ်။ ​နောက်က​နေ လိုက်ဖမ်း​သလို ရိုက်လည်း​ ရိုက်တယ်။ အိမ်က​နေ ထွက်​ပြေး​လို့​ရှိရင် ဓား​နဲ့​ ထိုး​သတ်မယ်လို့​ ​ပြောတယ်။ လည်ပင်း​ညှစ်တယ်။ ကန်တယ်။ ​နောက်ဆုံး​ထွက်​ပြေး​တော့​ သမီး​ကိုသူတို့​ အ​နှောင့်​အယှက်လုပ်တယ်၊​ အဲဒီ​တော့​ သူတို့​ကို အ​ရေး​ယူ ​ဆောင်ရွက်​စေချင်တယ်။”
ဒီလို နှိပ်စက်ပြီး​ အတင်း​အဓမ္မ ခိုင်း​စေ​နေရာက လွတ်​အောင် ထွက်​ပြေး​ခဲ့​ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထံကို အကူအညီ ​တောင်း​ခံခဲ့​ပါတယ်။ ဒီ​နေ့​ပဲ အိုင်အယ်လ်အိုရုံး​ကို တိုင်ကြား​ပေး​တာလို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ကွန်ရက်ရဲ့​ ဦး​သက်​ဝေက ​ပြောပါတယ်။
“၅ လ​လောက်ကြာ​အောင် ​နေခဲ့​ရတယ်။ ဒီလို အလုပ်လုပ်​ပေး​ခဲ့​ရတယ်။ ပိုက်ဆံလည်း​ တပြား​မှမ​ပေး​ဘူး​။ ရတဲ့​ ပိုက်ဆံကို သူတို့​ပဲ အကုန်လုံး​ ​ခေါင်း​ပုံဖြတ်တာ။ အမှန်က​တော့​ ​ခေါင်း​လုပ်တာ​ပေါ့​။ ၅ လ​လောက်ကြာပြီး​တော့​ ၂ လပိုင်း​ ၂၄ရက်​နေ့​မှာ ထွက်​ပြေး​လာတာ။ ထွက်​ပြေး​ လွတ်​မြောက်လာပြီး​တော့​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်ရုံး​ကို တိုင်တန်း​ဖို့​အတွက်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို အကူအညီ​တောင်း​တယ်၊​ ဒီ​နေ့​ပဲ တိုင်လိုက်ပြီ။ အိုင်အယ်လ်အိုရုံး​ကလည်း​ လက်ခံထား​လိုက်တယ်။ အဲဒီမှာ ပြည့်​တန်ဆာအဖြစ်နဲ့​ လုပ်ကိုင်ခိုင်း​နေတဲ့​ အချိန်မှာပဲ ​ကောင်မ​လေး​က ၂ ကြိမ်​လောက် ထွက်​ပြေး​ဖူး​တယ်။ ပြန်ဖမ်း​တယ်၊​ ပြန်ဖမ်း​ပြီး​တော့​ ရိုက်တယ်၊​ ညှဉ်း​ပန်း​နှိပ်စက်တယ်၊​ ​နောက်ပြီး​တော့​ ပြည့်​တန်ဆာလုပ်ငန်း​ ခွင့်​ပြုရန်အတွက် ​ကျောင်း​ကုန်း​မြို့​နယ် ရဲတပ်ဖွဲ့​က​နေ သူတို့​မှာ လိုင်း​ကြေး​လာ​ကောက်တဲ့​အခါတိုင်း​မှာ ပိုက်ဆံမ​ပေး​ပဲနဲ့​ ​ကောင်မ​လေး​ကို ရဲတပ်ဖွဲ့​ဝင်​တွေနဲ့​ ​ပျော်ပါး​ဖို့​အတွက် ထည့်​ပေး​လိုက်တယ်။ ​ပြောင်း​သွား​ပြီဖြစ်တဲ့​ စခန်း​မှူး​အစ ​အောက်​ခြေရဲဝန်ထမ်း​တွေ အား​လုံး​ ​ကောင်မ​လေး​ကို အတင်း​အဓမ္မ ​ပျော်ပါး​မှု​တွေ လုပ်ကြတယ်။ က​လေး​က အဖြစ်အပျက်​တွေကို အစက​နေအဆုံး​ထိ အကုန်လုံး​သိထား​တယ်။ ခိုင်လုံတဲ့​ အ​ထောက်အထား​တွေလည်း​ရှိတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​က အိုင်အယ်လ်အိုရုံး​ကို တိုင်တန်း​ပေး​ခဲ့​တယ်။”
အိုင်အယ်လ်အိုကို မတိုင်ကြား​ခင် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ဆီ တိုင်ကြား​ပေမယ့်​ ကူညီ​ဆောင်ရွက်တာမရှိတဲ့​အပြင် ကာယကံရှင် အမျိုး​သမီး​ငယ်နဲ့​ သူ့​အ​ဖေကိုပါ ခြိမ်း​ခြောက်တာ​ကြောင့်​ လုံခြုံ​ရေး​ စိုး​ရိမ်ရတယ်လို့​ ဦး​သက်​ဝေက ​ပြောပါတယ်။
ဒီကိစ္စကို မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကော်မရှင်ထံ ဘာ​ကြောင့်​ မတိုင်ကြား​ပါသလဲလို့​ ဦး​သက်​ဝေကို ​မေး​မြန်း​ရာမှာ ခုလို ဆိုပါတယ်။
“အား​ကိုး​ လို့​ မရဘူး​။ ဘာဖြစ်လို့​ အား​ကိုး​လို့​ မရသလဲဆိုရင် ကျ​နော်တို့​က ခံခဲ့​ရပြီး​ပြီ။ ကျ​နော်တို့​ ကိုယ်တိုင် သွား​တိုင်တာကို ​ရောက်ကတည်း​က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတာပဲ။ ဝင်ခွင့်​တောင် မ​ပေး​ဘူး​။ ဘယ်လိုလုပ် တိုင်မလဲ။ နိုင်ငံ​ရေး​အရ အမြတ်ထုတ်ချင်လို့​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဆိုပြီး​ ဖွင့်​ထား​တာ။ အား​ကိုး​လို့​လည်း​ မရသလို့​၊​ ယုံကြည်စရာလည်း​ အ​ကြောင်း​ မရှိဘူး​။ တင်ထား​တဲ့​ တချို့​ကိစ္စ​တွေ၊​ လယ်သမား​ ကိစ္စ​တွေ၊​ သူတို့​က ပြန်ပြီး​တော့​ ဒါ​တွေက အမှု မ​မြောက်ပါဘူး​။ ဒါ​တွေက ဘယ်လို တရား​စွဲလိုက်ပါ။ ဒါ​လောက်ပဲ အကြံပြုတာ။ သူတို့​ ဘာမှ လုပ်လို့​ရတာ မဟုတ်ဘူး​။ ဘာမှလည်း​ လုပ်ပိုင်ခွင့်​လည်း​ မရှိဘူး​။ လုပ်​ပေး​ချင်တဲ့​ စိတ်ဆန္ဒလည်း​ မရှိဘူး​လေ။” 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1