Tuesday, February 14, 2012

ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြုခန့်​အပ်

November | 2/14/2012 09:43:00 AM | Best Blogger Tips
ကာကွယ်​ရေး​ဦး ​စီး​ချုပ်အဖြစ် တာဝန်ယူ​နေတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ အတည်ပြု ခန့်​အပ်လိုက်ပါတယ်။

                  ဗိုလ်​ချုပ်​ကြီး​​ ​မင်း​​အောင်​လှိုင်
ကာကွယ်​ရေး​ဦး ​စီး​ချုပ်အဖြစ် တာဝန် ထမ်း​ဆောင်​နေပြီး​ တနှစ်ပြည့်​သွား​ချိန်မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ် အဖြစ် ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ သမ္မတက ပြည်လည် အတည်ပြု ခန့်​အပ်လိုက်တာပါ။

ဗိုလ်ချုပ်ကြီး ​ မင်း​အောင်လှိုင်ကို ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၃၄၂ အရ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ကို အမျိုး​သား​လုံခြုံ​ရေး​နဲ့​ ကာကွယ်​ရေး​ကောင်စီရဲ့​ ​ထောက်ခံချက် ရယူပြီး​တော့​ သမ္မတ ဦး​သိန်း​စိန် က​နေ ခန့်​အပ်ခဲ့​တာလည်း​ ဖြစ်ပါတယ်။
တပ်မ​ တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ သူတာဝန်ယူခဲ့​တဲ့​ တနှစ်တာ ကာလအတွင်း​မှာ တပ်တွင်း​ ရာထူး​ အ​ပြောင်း​အလဲ​တွေ အများ​အပြား​ လုပ်ခဲ့​တယ်လို့​ ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အင်အား​စုက ဦး​ဌေး​အောင်က သုံး​သပ်ပါတယ်။
“တပ်တွင်း​ မှာလည်း​ တချို့​တိုင်း​မှူး​တွေကို သူကာကွယ်​ရေး​ဦး​စီး​ချုပ် တာဝန်ကို စယူစဉ်ကာလက စပြီး​ ဖြုတ်ပြီး​တော့​ လုပ်တာမျိုး​၊​ တချို့​နေရာ​တွေမှာ အစား​ထိုး​ ခန့်​အပ်တာမျိုး​တွေ လုပ်ခဲ့​တာလည်း​ ရှိတယ်။ ဒါ​ပေမယ့်​ တပိုင်း​က ကြည့်​မယ် ဆိုရင်​တော့​ ဒါက သူ့​ရဲ့​ အာဏာ တည်မြဲဖို့​အတွက် သူနဲ့​ သ​ဘောထား​ မတိုက်ဆိုင်တဲ့​ သူ​တွေကို သူ့​ရဲ့​ အမိန့်​ကို သိပ်မနာခံတဲ့​ သူ​တွေကို ဖယ်ရှား​ပစ်တာမျိုး​၊​ ဒါမျိုး​လုပ်ခဲ့​တဲ့​ အ​နေအထား​လေး​တွေ ရှိတယ်။”
ပြည်ပမှာ ​နေထိုင်တဲ့​ တပ်မ​တော်က အရာရှိ​ဟောင်း​ ဗိုလ်ရဲထက်က​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ လက်​အောက်ငယ်သား​ကို ခွဲခြား​ ဆက်ဆံတာ မရှိဘဲ စစ်စည်း​ကမ်း​ကို တိတိကျကျ လိုက်နာသူ ဖြစ်တယ်လို့​ပြောပါတယ်။
“ကျ​နော်တို့​ အမြင်က​တော့​ အ​တွေ့​အကြုံနဲ့​ သူတာဝန်ယူထား​တဲ့​ အ​ခြေအ​နေ အ​နေအထား​က​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် စိတ်ထား​က တပ်နဲ့​ ပတ်သက်ရင် အင်မတန် ​ကောင်း​ပါတယ်။ သူက လက်​အောက်ငယ်သား​ကိုလည်း​ ခွဲခြား​ဆက်ဆံမှု သိပ်မရှိဘူး​။ ဥပမာ ဗိုလ်​လောင်း​ဘဝက ဆိုရင် သူက စ​နောက်ပြီး​ ရင်း​နှီး​ ​ဖော်​ဖော်​ရွေ​ရွေ ​နေတတ်တယ်။ ဒါ​ပေမယ့်​ စည်း​ကမ်း​ပိုင်း​နဲ့​ ပတ်သက်ရင်လည်း​ သူက အပြစ်​ပေး​တာ ကြမ်း​တယ်။ စစ်တပ်နဲ့​ ပတ်သက်ရင် သူအ​နေအထား​နဲ့​ အရမ်း​ကို ​ကောင်း​တယ်လို့​ ကျ​နော်က​တော့​ မြင်တာပဲ​လေ။”
ဒါ့​အပြင် သူလက်ထက်မှာ​တော့​ မြန်မာတပ်မ​တော်ဟာ အတိုင်း​အတာ တခုထိ တိုး​တက်​ပြောင်း​လဲလာနိုင်မယ်လို့​ သုံး​သပ်ပါတယ်။
“သူ့​ လက်ထက်မှာ မြန်မာ့​တပ်မ​တော်အ​နေနဲ့​ ဘာ​တွေ ဖြစ်လာနိုင်တယ် ဆိုတာကို သူ​ရှေ့​ပိုင်း​မှာ ​ဆောင်ရွက်ခဲ့​တဲ့​ အ​နေအထား​ကိုကြည့်​ရင်၊​ ဥပမာ လာဘ်စား​မှု အရမ်း​ကြီး​မား​တယ်ဆိုတဲ့​ အရာရှိ​တွေကို တိုင်း​မှူး​တွေအဆင့်​၊​ ဗိုလ်ချုပ်​တွေအဆင့်​ကို ချက်ချင်း​ဖြုတ်ပစ်တာတို့​၊​ အလွန်ဆုံး​ သတိ​ပေး​ခဲ့​တဲ့​ အ​နေအထား​တွေရှိတယ်။ သာမန် လာဘ်စား​မှု​လေး​တွေက အစ ရှင်း​ရှင်း​ပြောရရင် မြန်မာနိုင်ငံက အစိုး​ရ အသိုင်း​အဝန်း​ကြား​မှာ အကုန်လုံး​ကို ထုတ်ပစ်မှပဲ ကင်း​မှာကို၊​ လက်ရှိအစိုး​ရသစ် လက်ထက်မှာ အရမ်း​ကို နာမည်ဆိုး​ပြီး​ ဆက်လုပ်​နေတဲ့​ သူ​တွေ​လောက်ကိုပဲ သူကလုပ်ပြပြီး​ ​နောက်ပိုင်း​ကို ဆက်မလုပ်ဖို့​ သတိ​ပေး​တဲ့​ပုံစံ လုပ်တာဆို​တော့​ သူ့​ရဲ့​လက်ထက်မှာ တပ်မ​တော်က​တော့​ အတိုင်း​အတာတခုထိ တိုး​တက်​ပြောင်း​လဲလာမယ်လို့​တော့​ မြင်ရတယ်။”
ဗိုလ်ချုပ်ကြီး ​မင်း​အောင်လှိုင်ဟာ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​၊​ တိုင်း​မှူး​၊​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​ (ကစထ)မှူး​နဲ့​ တပ်မ​တော် ကြည်း​၊​ ​ရေ၊​ ​လေ ညှိနှိုင်း​ကွပ်ကဲ​ရေး​မှူး​ တာဝန်ယူခဲ့​ပြီး​တော့​ ၂၀၁၁ မတ်လ ၃ဝရက် ​နေ့​မှာ တပ်မ​တော် ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် တာဝန် စယူခဲ့​တာပါ။
လက်ရှိ ဖွဲ့​စည်း​ပုံအရ တပ်မ​တော်ကာကွယ်​ရေး​ ဦး​စီး​ချုပ်ဟာ ဒု-သမ္မတ အဆင့်​အတန်း​ ရှိပြီး​ လွှတ်​တော်နှစ်ရပ်က ကိုယ်စား​လှယ် ၂၅ ရာခိုင်နှုန်း​ကို ချုပ်ကိုင်ထား​သူ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1