“၇၀၀
ဝန်းကျင်လောက် ရှိမယ်လို့ သီလရှင်တွေရော၊ သံဃာတော်တွေရော။
သီလရှင်တွေက ၁၉၀ ကျော်လောက်ရှိတယ်။ သံဃာက ၅၀၀ လောက် ရှိတယ်။
ကြည့်မြင်တိုင်၊ ကမာရွတ် အကုန်လုံးကို အလှည့်ကျနဲ့
ပုံမှန်အတိုင်းကြွတာလေ။ ဒီနေ့ ၇ ရက် ရှိသွားပြီလေ။
မီးဘေးဒုက္ခသည်တွေကိုလည်း သွားလှူတာ၊ ပြည် သွားလှူဦးမယ် ၇
ရက်မြောက်ပေါ့။”
ရန်ကုန်တိုင်း
ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်က ရွှေညဝါဆရာတော် ဘဒ္ဒန္တ
ဦးပညာသီဟနဲ့ သံဃာ၊ သီလရှင် အပါး ၇၀၀ ခန့်ဟာ ဒီနေ့မနက်
ဆွမ်းခံထွက်ပြီး ဘုန်းပေးလို့ ပိုလျှံတဲ့ အလှူခံပစ္စည်းတွေကို
လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်တွေကို သွားရောက် စွန့်ကြဲပါတယ်။
ဒီလို
ဆွမ်းခံကြွချီတာဟာ သီတင်းတပတ်ရှိပြီလို့ ဆရာတော်က မိန့်ပါတယ်။
ဒီလဆန်းပိုင်းက လှိုင်သာယာမီးဘေးကြောင့် အိမ်ခြေ ၃၅၀ နီးပါး
မီးထဲပါခဲ့တာကို ဆရာတော်က လှူဒါန်းနေတာပါ။
တမြန်နေ့က
တိုင်းသာသာနာရေး ဦးစီးဌာနတာဝန်ရှိသူတွေနဲ့
ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆရာတော်နဲ့ တွေ့ဆုံပြီး
နိုင်ငံရေးအသုံးချခံမဖြစ်ဖို့ လျှောက်ထားကြတယ်လို့ ဆရာတော်က
မိန့်ပါတယ်။
“ဆွေးနွေး
တာကတော့ ၈၈ မျိုးဆက်တွေ၊ အန်အယ်လ်ဒီပါတီက ဒကာတွေ၊ ဒကာမတွေ
ပါဝင်လာတဲ့အပေါ်မှာ နိုင်ငံရေး အသုံးချမှုတွေ
ပါသွားမှာစိုးလို့ဆိုပြီး ပြောတော့ ရှင်းပြလိုက်ပါတယ်။ သူတို့က
ဗုဒ္ဓဘာသာဝင်တွေပါလို့။ ဆွမ်းခံကြွတယ် ကျုပ် ဝေယျာဝစ္စ တောင်းနိုင်
ပို့နိုင်အောင် လာတာပါလို့။ သူတို့ကုသိုလ်ယူခွင့် မရှိဘူးလား။
ဗုဒ္ဓဘာသာတွေပဲ။ ဘာအပြစ်နဲ့ ဘာပုံချမှာလဲ။ အဲဒါကို ဆီလို
အပေါက်မရှာနဲ့လေ။”
ဆရာတော်ဟာ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ လာမယ့် ၁၉
ရက်နေ့ကျရင် သာဓုကျောင်းတိုက်ကနေထွက်မှာဖြစ်ပြီး ရန်ကုန်မြို့ပြင်
မှော်ဘီဘက်က ခြံတခြံမှာ စာသင်သား ၁၀၀ ကျော်ကို ခေါ်ဆောင်ပြီး
သီတင်းသုံးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့က ရွှေညဝါဆရာတော်ကို တရားဟောခွင့် တနှစ်ပိတ်ထားတာ ဒီလ
၁၀ ရက်နေ့မှာ ပြည့်ပါတယ်။ ဒါပေမယ့် နောက်ထပ်တနှစ် ထပ်ပိတ်ခဲ့ပါတယ်။
From DVB
No comments:
Post a Comment