Saturday, February 18, 2012

ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ

November | 2/18/2012 02:29:00 PM | Best Blogger Tips
ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။
ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။
By: Shwe Thanzin
From MNN

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1