ရန်ကုန်မြို့တဘက်ကမ်းဒလမြို့က ရေကန်တွေမှာ ရေခမ်းလာတဲ့အတွက် ပြည်သူတွေဟာ သောက်သုံးရေ
ပြဿနာနဲ့ ရင်ဆိုင် နေကြ ရပါတယ်။
ဒလမြို့ရာဇသင်္ကြန်ရပ်ကွက်ကသင်္ကြန်ကန်ကြီးဟာမြို့ထဲမှာရှိတဲ့တခုတည်းသော
သောက်ရေကန်
ဖြစ်ပြီး နွေရာသီရောက်လာလို့ ကန်ထဲမှာ ရေက ၃ပေလောက်ပဲ ရှိတော့
တာပါ။
ရပ်ကွက်တိုင်းက
ကန်တွေမှာ ရေခမ်းလာပြီ ဖြစ်တဲ့အတွက် ဒလမြို့နေ ပြည်သူတွေ ဟာ သောက်သုံးရေ
အတွက် အလှည့်ကျ စနစ်နဲ့ တန်းစီ ခပ်နေ ကြရ ပါတယ် လို့ ဒလမြို့ခံ တဦးက
ပြောပါတယ်။
“သစ်စက်လေးလို
ရပ်ကွက်မျိုးဆိုရင် တုံကင်နဲ့ ပေးနေရတယ်။ တယောက်ကို ၂ ထမ်း၊ တအိမ်ကို ၂
ထမ်းပေါ့။ တချို့ ရပ်ကွက်မျိုးမှာကျတော့ ၁ နာရီ အချိန် ပေးတယ်။ ၁ နာရီ
အချိန် ဆိုတာ ပုံးတွေက အများကြီး တန်းစီနေတဲ့ အခါကျတော့ လူတယောက်ကို ၁
ထမ်း၊ အများဆုံး ၂ ထမ်းလောက်ပဲ ရတယ်။ ရေက အဲဒီမှာ ၁ ပေကျော်၊ ၂ ပေလောက်ပဲ
ကျန်တော့တယ်။ ဒီလ မကုန်ခင် ရေက လုံးဝ ခန်းခြောက် သွားမယ်။ ဧပြီနဲ့ မေ
ဆိုရင် ရေ အတွက် တော်တော် ဒုက္ခရောက်မယ်။”
ရေကန်မှာသွားပြီးရေခပ်သုံးရသူတွေသာမက
မြို့တော်စည်ပင်က ပေးဝေတဲ့ ရေကို ရယူသုံးစွဲ နေတဲ့ ဒလမြို့ ခံ တွေဟာလည်း
ရေပြဿနာနဲ့ ရင်ဆိုင်နေကြ ရပါတယ်။
“မနေ့ကဆို
၁သိန်း ၈ သောင်းပေါ့။ ဒီနေ့ဆို ရေသွယ်တာ ၂သိန်း ပေးရတယ်။ တူးခက သပ်သပ် ၂
သောင်း ထပ်ပေးရတယ်။ တချို့က ရှိလို့ ရေယူထားတာ မဟုတ်ဘူး။ မရှိမဲ့ ရှိမဲ့နဲ့
ရေ ယူထားတာ။ တချို့ နေရာတွေမှာ ရေမလာတာ ၁၀ ရက် ကျော်ပြီ။ သူတို့ကို
သွားပြောရင်လည်း ဆင်ခြေတွေ အမျိုးမျိုး ပေးကြတယ်။ လမ်းထဲဝင်တဲ့ ပိုက်
ပေါက်နေတာ တွေကိုလည်း လာ မဖာပေးဘူး။ မချေမငံလည်း ပြောဆို ဆက်ဆံသေးတယ်။”
သန့်ရှင်းတဲ့ရေ
ရှားပါးနေတာကြောင့် မြို့ ခံတွေဟာ ကလေးသူငယ်တွေ အတွက် နွေရာသီမှာ
ဖြစ်တတ်တဲ့ ၀မ်းပျက်ဝမ်းလျော ရောဂါတွေ ဖြစ်မှာကို စိုးရိမ်နေကြ ရပါတယ်။
ဒလမြို့ဟာ ရန်ကုန်မြို့နဲ့ အနီးဆုံး နေရာမှာ ရှိပေမယ့် နွေရာသီ အချိန်ကာလ
ရောက်လာရင် ရေ ပြဿနာနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင် နေရတာပါ။
သောက်သုံးရေ ရှားပါးလာမှု ပြဿနာကို အစိုးရသစ် အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ ဒလမြို့နေ ပြည်သူတွေက လိုလားနေကြပါတယ်။
Ref; DVB
No comments:
Post a Comment